From Wikipedia, the free encyclopedia
အင်္ဂလိပ် အခေါ်အားဖြင့် တစ်(ဝါ) တစ်မောက်(ဝါ) တွမ်တစ်ဟုခေါ်သောငှက်သည် ‘ပယ်ရိဒီ’မျိုးရင်းတွင်ပါဝင်သည်။ အလွန်သေးငယ်သော ငှက်ဖြစ်သည်။ ကမ္ဘာအရပ်ရပ်တွင် တွေ့နိုင်သည်။ ပိုးလောင်းကောင်တို့ကို ဖမ်းဆီးစားသောက်တတ်သဖြင့် လယ်သမားတို့ကို အကျိုးကျေးဇူးပြုသော ငှက်ဖြစ်သည်။ တစ်ငှက်မျိုးကို အထူးသဖြင့် မြောက်ကမ္ဘာလုံးခြမ်းတွင် ပေါများသည်။ ဗြိတိန်နိုင်ငံ၌ အတွေ့ရများသော တစ်ငှက်မျိုးသည် အရှည် ၄ လက်မခွဲခန့်ရှိသည်။ ထိုငှက်မျိုးသည် ခေါင်းပြာ၏။ ပါးဖြူ၏။ ကျော၌ စိမ်းဝါရောင်ရှိ၏။ လည်ပင်းမည်းသည်။ အတောင်နှင့် အမြီးပြာ၏။ အောက်ပိုင်းဝါ၏။ ထိုငှက်၏ သတ္တဗေဒအမည်မှာ ‘ပေးရပ် စီရူးလီယပ် အော့ဗစကျူးရပ်’ ဖြစ်သည်။
Tit | |
---|---|
European crested tit in Scotland | |
မျိုးရိုးခွဲခြားခြင်း | |
လောက: | Animalia |
မျိုးပေါင်းစု: | Chordata |
မျိုးပေါင်း: | Aves |
မျိုးစဉ်: | Passeriformes |
Infraorder: | Passerida |
မျိုးရင်း: | Paridae Vigors, 1825 |
Genera | |
5–10, see text. | |
Global range (In green) | |
Synonyms | |
See text |
ဗြိတိန်နိုင်ငံ၌ အတွေ့ရများသည့် အခြားတစ်ငှက်တစ်မျိုးမှာ တစ်ငှက်ကြီးဖြစ်သည်။ ထိုငှက်သည် ၆ လက်မမျှရှည်သဖြင့် တစ်ငှက်မျိုးတွင် အကြီးဆုံးဖြစ်သည်။ ထိုငှက်၏ ဦးခေါင်းနှင့် လည်ပင်းတို့တွင် တောက်ပသည့် အမည်းရောင်ရှိသည်။ မျက်စိအောက်ဘက်တွင် အဖြူကွက်တစ်ခုစီရှိသည်။ အောက်ပိုင်း စိမ်းဝါသည်။ ထိုငှက်၏ သတ္တဗေဒအမည်မှာ ‘မေဂျာနျူတိုနီ’ ဖြစ်သည်။ အခြားတစ်ငှက်တစ်မျိုးသည် ခေါင်းမည်း၏။ လည်ကုပ်တွင် အဖြူကွက်ရှိ၏။ ကျန်ကိုယ်ပိုင်းတွင် မွဲပြာရောင်ရှိသည်။ ထိုငှက်၏ သတ္တဗေဒအမည်မှာ ‘အေတာဗြိတန္နိကပ်’ ဖြစ်သည်။ အခြားတစ်ငှက်တစ်မျိုးမှာ ခေါင်းမည်း၏။
အတောင်နှင့် ကျော၌ မွဲပြာရောင်ရှိ၏။ ပါး၊ လည်ချောင်းနှင့် ရင်ပတ်တို့ဖြူ၏။ ထိုတစ်ငှက်မျိုး၏ သတ္တဗေဒအမည်မှာ ပယ်လပ်စတြစ် ဒြက် ဆာရီဖြစ်သည်။ တစ်ငှက်များတွင် အတွေ့ရနည်းသည့်အမျိုးမှာ အမောက်ရှိသည့် တစ်ငှက်မျိုးဖြစ်သည်။ ထိုငှက်မျိုး၏ အမောက်တွင် အဖြူနှင့်အမည်းရောင်အမွေးများရှိ၍ အခြားအပိုင်းများတွင် နီညိုရောင်ရှိသည်။ ထိုတစ်ငှက်မျိုး၏ သတ္တဗေဒအမည်မှာ ‘ကရစ်တေးတပ် စကိုတီ ကပ်’ဖြစ်သည်။
နှုတ်သီးအောက်တွင် နီညို ရောင်အမွေးများရှိသည့် တစ်ငှက်တစ်မျိုးလည်း ရှိသေးသည်။ ထိုတစ်ငှက်မျိုး၏ သတ္တဗေဒအမည်မှာ ‘ပန်နူရပ် ဗိုင်အာမိကပ်’ဖြစ်သည်။ အခြား တွေ့နိုင်သေးသော တစ်ငှက်တစ်မျိုးမှာ အမြီးရှည်တစ်ငှက်တစ်မျိုးဖြစ်သည်။ ထိုတစ်ငှက်မျိုး၏ ကျောဘက်တွင် အမည်းနှင့်နှင်းဆီရောင် ရောလျက်ရှိသည်။ အတောင်နှင့် အမြီးများသည် အမည်းရောင်ဖြစ်သော်လည်း၊ အဖျားတွင် အဖြူရောင်ရှိသည်။ အမြီးလည်း အလွန်ရှည်သည်။ အသိုက်ကို အံ့ဩစဖွယ် လိုဏ်ပုံလုပ်လေ့ရှိသည်။ အသိုက်၏ ထိပ်ဘက်နားတွင် အပေါက်ရှိသည်။
ထိုတစ်ငှက်မျိုး၏ သတ္တဗေဒအမည်မှာ ‘အီဂီသေးလော့ ကောဒေးတပ် ရိုဆီယပ်’ဖြစ်သည်။ အခြားတစ်ငှက် မျိုးစိတ်များသည် သစ်ပင်အခေါင်းများတွင်ဖြစ်စေ၊ တိုင်အိုကြီးများနှင့် အခြားအလားတူနေရာ မျိုးတွင်ဖြစ်စေ အသိုက်လုပ်တတ်ကြသည်။ ဥများမှာငယ်၏။ သို့သော်လည်း အလွန်များစွာ ဥတတ်သည်။ အမြီးရှည်တစ်ငှက်သည် တခါတရံ ၁၅ ဥ အထိ အုတတ်သည်။[1]
Seamless Wikipedia browsing. On steroids.
Every time you click a link to Wikipedia, Wiktionary or Wikiquote in your browser's search results, it will show the modern Wikiwand interface.
Wikiwand extension is a five stars, simple, with minimum permission required to keep your browsing private, safe and transparent.