From Wikipedia, the free encyclopedia
ပအိုဝ်းအမျိုးသားတပ်မတော် (အင်္ဂလိပ်: Pa-O National Army; ပအိုဝ်း: ပအိုဝ်ႏစွိုးခွိုꩻတပ်မတောႏ; အတိုကောက် PNA ) သည် မြန်မာနိုင်ငံရှိ ပအိုဝ်း လက်နက်ကိုင်အဖွဲ့ တစ်ခုဖြစ်သည်။ ၁၉၄၉ ခုနှစ်တွင် စတင်ဖွဲ့စည်းခဲ့ပြီး ပအိုဝ်းအမျိုးသားအဖွဲ့ချုပ်၏ လက်နက်ကိုင်အဖွဲ့အစည်းဖြစ်သည်။[2][3]
ပအိုဝ်းအမျိုးသားတပ်မတော် | |
---|---|
ပအိုဝ်ႏစွိုးခွိုꩻတပ်မတောႏ မြန်မာ့ပြည်တွင်းပဋိပက္ခများတွင် ပါဝင် | |
PNA မှ အသုံးပြုသော ပအိုဝ်းလူမျိုးအလံ | |
လှုပ်ရှား | ၁၉၄၉ | – ၉ ဒီဇင်ဘာ ၂၀၀၉၊ ၂၀၂၁–လက်ရှိ
ခံယူချက် | ပအိုဝ်းအမျိုးသားရေး |
ဦးဆောင်သူများ | ဦးအောင်ခမ်းထီ[1] |
ဌာနချုပ် | တောင်ကြီးမြို့၊ ရှမ်းပြည်နယ်၊ မြန်မာနိုင်ငံ |
လှုပ်ရှားသည့် ဧရိယာ | ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ (ထိန်းချုပ်နယ်မြေ) |
ယခင် | ပအိုဝ်းအမျိုးသားလွတ်မြောက်ရေးတပ်မတော် |
မဟာမိတ် | မြန်မာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားများ ဒီမိုကရက်တစ်တပ်ဦး ကရင်နီ တပ်မတော် |
ပြိုင်ဘက် | မြန်မာ
ပြည်ထောင်စု မြန်မာနိုင်ငံ |
တိုက်ပွဲနှင့် စစ်ပွဲများ | မြန်မာ့ပြည်တွင်းပဋိပက္ခများ |
PNA သည် ရှမ်းပြည်တောင်ပိုင်း ရှိ မြို့နယ်သုံးမြို့နယ်ဖြစ်သည့် ဟိုပုံး ၊ ဆီဆိုင် နှင့် ပင်လောင်းမြို့နယ်များ ပါဝင်သော PNO အုပ်ချုပ်သော ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသကို အကာအကွယ်ပေးသည်။[1] PNA သည် ၎င်းတို့နယ်မြေအတွင်း မူးယစ်ဆေးဝါး သုံးစွဲမှုနှင့် မှောင်ခိုကူးခြင်းကို တားဆီးရန် ကြိုးပမ်းသည့် အနေဖြင့် မြန်မာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားများ ဒီမိုကရက်တစ်တပ်ဦး (ABSDF) နှင့် ကရင်နီတပ်မတော် တို့ နှင့် အလွတ်သဘော မဟာမိတ်ဖွဲ့ထားသည်။
၁၉၉၁ ခုနှစ် ဧပြီလ ၁၁ ရက်နေ့တွင် PNA သည် နိုင်ငံတော် အေးချမ်းသာယာရေးနှင့် ဖွံ့ဖြိုးရေးကောင်စီနှင့် အပစ်အခတ်ရပ်စဲရေး သဘောတူစာချုပ်ကို လက်မှတ်ရေးထိုးခဲ့သည်။ ၂၀၀၉ ခုနှစ် ဒီဇင်ဘာလ ၉ ရက်နေ့တွင် အခြားသော ပအိုဝ်းလက်နက်ကိုင်အဖွဲ့များနှင့် ပေါင်းစည်းခဲ့သည်။[3][4] ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလ ၁ ရက်နေ့တွင် စစ်တပ်က အာဏာသိမ်းပြီးနောက် PNA မှ အစိုးရအပေါ် လက်နက်ကိုင် တိုက်ခိုက်မှုများ ပြန်လည်စတင်ကြောင်း ကြေညာခဲ့သည်။
Seamless Wikipedia browsing. On steroids.
Every time you click a link to Wikipedia, Wiktionary or Wikiquote in your browser's search results, it will show the modern Wikiwand interface.
Wikiwand extension is a five stars, simple, with minimum permission required to keep your browsing private, safe and transparent.