အမေရိကရှိ အင်္ဂလိပ်ကို အဓိက ဘာသာစကားအဖြစ် အသုံးပြုသော ဒေသ From Wikipedia, the free encyclopedia
အင်ဂလိုအမေရိက (Anglo-America) သည် အမေရိကရှိ အင်္ဂလိပ်ဘာသာစကားကို အဓိကပြောဆိုသည့် ဒေသများကို ခေါ်ဆိုခြင်းဖြစ်သည်။ တစ်ချိန်က ဗြိတိသျှအင်ပါယာ၏ လွှမ်းမိုးမှုခံခဲ့ရသော ဒေသများလည်းဖြစ်သည်။ အင်ဂလိုအမေရိကသည် ရိုမန်ဘာသာစကား (စပိန်ဘာသာ၊ ပေါ်တူဂီဘာသာနှင့် ပြင်သစ်ဘာသာ) ကို ပြောဆိုသည့် လက်တင်အမေရိကနှင့် ကွဲပြားခြားနားသည်။[1]
အင်ဂလိုအမေရိကဟူသည့် အသုံးအနှုန်းကို မြောက်အမေရိကရှိ အင်္ဂလိပ်ဘာသာစကားပြောဆိုသည့် လူဦးရေအထူထပ်ဆုံးနိုင်ငံနှစ်ခုဖြစ်သည့် အမေရိကန်ပြည်ထောင်စုနှင့် ကနေဒါနိုင်ငံတို့ကို ညွှန်းဆိုသည့် အခါတွင်လည်း အသုံးပြုသည်။[2]
နိုင်ငံ | လူဦးရေ | ကုန်းမြေဧရိယာ (စတုရန်းကီလိုမီတာ) |
လူဦးရေသိပ်သည်းဆ (/km2) |
---|---|---|---|
အန်ဂီလာ | ၁၄,၇၆၄ | ၉၁ | ၁၆၂.၂ |
အင်တီဂွါနှင့် ဘာဘူဒါ | ၈၆,၇၅၄ | ၄၄၂.၆ | ၁၉၆.၀ |
ဘဟားမား | ၃၁၀,၄၂၆ | ၁၀,၀၁၀ | ၃၁.၀ |
ဘာဘေးဒိုးစ် | ၂၈၅,၆၅၃ | ၄၃၀ | ၆၆၄.၃ |
ဘလိဇ် | ၃၁၄,၅၂၂ | ၂၂,၈၀၆ | ၁၃.၉ |
ဘာမြူဒါ | ၆၈,၂၆၈ | ၅၄ | ၁၂၆၄.၂ |
ဗြိတိသျှ ဗာဂျင်အိုင်းလန်း | ၂၄,၉၃၉ | ၁၅၁ | ၁၆၅.၂ |
ကနေဒါ | ၃၄,၂၅၅,၀၀၀ | ၉,၉၈၄,၆၇၀ | ၃.၇ |
ကေမန်ကျွန်းစု | ၅၀,၂၀၉ | ၂၆၄ | ၁၉၈.၂ |
ဒိုမီနီကာ | ၇၂,၈၁၆ | ၇၅၁ | ၉၇.၀ |
ဖော့ကလန်ကျွန်းစု | ၃,၁၄၀ | ၁၂,၁၇၃ | ၀.၃ |
ဂရီနေဒါ | ၁၀၇,၈၁၈ | ၃၄၄ | ၃၁၃.၄ |
ဂိုင်ယာနာ | ၇၄၈,၄၈၆ | ၁၉၆,၈၄၉ | ၃.၈ |
ဂျမေကာ | ၂,၈၄၇,၂၃၂ | ၁၀,၈၃၁ | ၂၆၂.၉ |
မွန်ဆာရတ် | ၅,၁၁၈ | ၁၀၂ | ၅၀.၂ |
ပေါ်တိုရီကို | ၃,၇၂၅,၇၈၉ | ၉,၁၀၄ | ၄၀၉.၂ |
စိန့်ကစ်နှင့် နီးဗစ် | ၄၉,၈၉၈ | ၂၆၁ | ၁၉၁.၂ |
စိန့်လူစီယာ | ၁၆၀,၉၂၂ | ၆၀၆ | ၂၆၅.၅ |
စိန့်ဗင်းဆင့်နှင့် ဂရိနေဒိုင် | ၁၀၄,၂၁၇ | ၃၈၉ | ၂၆၇.၉ |
ထရီနီဒတ်နှင့် တိုဘက်ဂို | ၁,၂၂၈,၆၁ | ၅,၁၂၈ | ၂၃၉.၆ |
တာ့ခ်နှင့် ကေးကို့စ်ကျွန်းများ | ၂၃,၅၂၈ | ၄၃၀ | ၁၀၄ |
အမေရိကန် | ၃၁၀,၂၃၂,၈၆၃ | ၉,၁၆၁,၉၆၆ | ၃၃.၉ |
အမေရိကန် ဗာဂျင်အိုင်းလန်း | ၁၀၉,၇၇၅ | ၃၄၆ | ၃၁၇.၇ |
စုစုပေါင်း | ၃၅၄,၈၃၀,၈၂၅ | ၁၉,၄၁၈,၁၉၈.၆ | ၁၈.၃ |
Seamless Wikipedia browsing. On steroids.
Every time you click a link to Wikipedia, Wiktionary or Wikiquote in your browser's search results, it will show the modern Wikiwand interface.
Wikiwand extension is a five stars, simple, with minimum permission required to keep your browsing private, safe and transparent.