ကဏန်း နက်ဗျူလာ
ဆူပါနိုပါ လက်ကျန် From Wikipedia, the free encyclopedia
Remove ads
ကဏန်း နက်ဗျူလာ (အင်္ဂလိပ်: Crab Nebula) သည် တောရပ် ကြယ်စုတန်းထဲမှ ဆူပါနိုဗာ လက်ကျန်နှင့် ပါလ်ဆာလေ နက်ဗျူလာဖြစ်သည်။ ယခုလက်ရှိ အမည်နာမသည် ၁၈၄ဝ ခုနှစ်တွင် ၃၆ လက်မအရှည် တယ်လီစကုပ်ဖြင့် ဝီလီယံ ပါဆင်ဆိုသည့်ပုဂ္ဂိုလ်၏ ကဏန်းပုံစံ တွေ့ရှိချက်အတိုင်း မှည့်ခေါ်ထားခြင်းဖြစ်သည်။ ၁ဝ၅၄ ခုနှစ်တွင် တရုတ်နက္ခတ္တပညာရှင်များ၏ တောက်ပသော ဆူပါနိုဗာနှင့်ဆက်နွယ်ကာ နောက်ပိုင်းတွင် အင်္ဂလိပ်လူမျိုး နက္ခတ္တပညာရှင် ဂျွန် ဘီဘစ်က ၁၇၃၁ ခုနှစ်တွင် လေ့လာခဲ့သည်။ နက်ဗျူလာသည် သမိုင်းဝင် ဆူပါနိုဗာပေါက်ကွဲမှုဖြင့် နက္ခတ္တဆိုင်ရာ အရာဝတ္ထုတစ်ခု ဖြစ်လာခဲ့သည်။ နက်ဗျူလာသည် စေတန်ဂြိုဟ်၏ ဂြိုဟ်ရံလ တိုက်တန်နှင့်နှိုင်းယှဉ်ကာ ပကတိ တောက်ပမှု ၈.၄ ရှိသောကြောင့် သာမန်မျက်စိဖြင့် မမြင်နိုင်ပေ။ နက်ဗျူလာသည် ကမ္ဘာမှဆိုသော် နဂါးငွေ့တန်း ဂယ်လက်ဆီ၏ ပါဆီးယပ် လက်မောင်းအနား ၂.ဝ Kiloparsecs (အလင်းနှစ် ၆၅ဝဝ) အကွာတွင် တည်ရှိသည်။ ယင်းသည် အချင်းအားဖြင့် ၃.၄ parsecs (အလင်းနှစ် ၁၁) ရှိကာ တစ်စက္ကန့်လျင် ၁၅ဝဝ ကီလိုမီတာနှုန်းဖြင့် ပြန့်ကားနေသည်။ နက်ဗျူလာ၏အလယ်ဗဟိုတွင်ကား ဂဏန်း ပါလ်ဆာ (Crab Pulsar) တည်ရှိသည်။ ယင်းသည် နယူထရွန်ကြယ်တစ်စင်းဖြစ်ပြီး ၂ဝ-၃ဝ ကီလိုမီတာ (၁၇-၁၉ မိုင်) ရှိကာ တစ်စက္ကန့်လျင် ၃ဝ.၂ ကြိမ်နှုန်း လည်ပတ်လျက်ရှိသည်။ ဓာတ်ရောင်ခြည် ဖြာထွက်မှုမှာ ဂါမာရောင်ခြည်မှသည် ရေဒီယိုလှိုင်းများအဖြစ် ထုတ်လွှင့်ပေးလျက်ရှိသည်။ ကဏန်း နက်ဗျူလာသည် ကောင်းကင်ယံတွင် အတောက်ပဆုံး ဂါမာရောင်ခြည်ပင်ရင်းတစ်ခုအဖြစ် တည်ရှိလျက်ရှိသည်။
Remove ads
လေ့လာမှုသမိုင်း

ကဏန်း နက်ဗျူလာအား ၁၇၃၁ ခုနှစ်တွင် ဂျွန် ဘီဗစ်ဆိုသူက ပထမဆုံး အသိမှတ်ပြုခဲ့သည်။ ယင်းအချိန်တွင် ချားလ် မီဆီယားဆိုသူက တောက်ပသော ကြယ်တံခွန်များအား လေ့လာနေခဲ့သည်။ သူသည် အရင်ဆုံး ကဏန်း နက်ဗျူလာအား ဟေလီကြယ်တံခွန်ဟု ထင်ခဲ့မိလေသည်။[၃] လေ့လာမှုအချို့ပြုလုပ်ခဲ့ပြီးနောက် ယင်းသည် ညဘက်ကောင်းကင်တွင် မရွေ့လျားသည်ကို သတိပြုမိခဲ့သည်။ ထို့ကြောင့် မီဆီယားသည် ကြယ်တံခွန်မဟုတ်ဟု ကောက်ချက်ချခဲ့သည်။ ဝီလီယံ ဟာရှယ်သည် ကဏန်း နက်ဗျူလာအား ၁၇၈၃ ခုနှစ်မှ ၁၈ဝ၉ ခုနှစ်အတွင်း အကြိမ်ပေါင်းများစွာ လေ့လာမှုများ ပြုလုပ်ခဲ့သည်။ သို့သော် ယင်းတည်ရှိမှုအား သတိမပြုမိချေ။ လေ့လာမှုများစွာပြုလုပ်ခဲ့ပြီးနောက် သူသည် ကြယ်စုတစ်ခုဖြစ်ရမည်ဟု ကောက်ချက်ချခဲ့သည်။ ဝီလီယံ ဟာရှယ်သည် ၃၆ လက်မအရှည် တယ်လီစကုပ်ဖြင့် နက်ဗျူလာအား လေ့လာခဲ့ပြီးနောက် "ကဏန်း နက်ဗျူလာ"ဟု ခေါ်ဆိုခဲ့သည်။ အဘယ်ကြောင့်ဆိုသော် သူဆွဲလိုက်သော ပုံမှာ ကဏန်းနှင့် တူသောကြောင့်ဖြစ်သည်။ သူသည် ၁၈၄၈ ခုနှစ်တွင် ၇၂-လက်မ (၁.၈-မီတာ) ရှိသော တယ်လီစကုပ်ဖြင့် ထပ်မံလေ့လာခဲ့သေးသည်။ သို့သော် အတိအကျမသိရဘဲ အမည်မှာ ယင်းအတိုင်း တည်ရှိနေခဲ့သည်။[၄][၅][၆]
Remove ads
ရုပ်ပိုင်းဆိုင်ရာ အခြေနေ

ကဏန်း နက်ဗျူလာတွင် အိုင်ယွန်းနစ် ဟီလီယမ်၊ ဟိုက်ဒရိုဂျင်၊ ကာဗွန်၊ အောက်ဆီဂျင်၊ နိုက်ထရိုဂျင်၊ အိုင်းယွန်း၊ နီယွန်းနှင့် ဆာလဖာတို့ ပါဝင်သည်။ အပူချိန်သည် ၁၁ဝဝဝ နှင့် ၁၈ဝဝဝ ကေလ်ဗင်ကြား တည်ရှိသည်။ နက္ခတ္တပညာရှင်တို့သည် ကဏန်း နက်ဗျူလာအား အာရုံစိုက်ကြသော်လည်း ယင်း၏ အကွာအဝေးသည် မသေချာမရေရာပေ။ ၂ဝဝ၈ ခုနှစ်တွင် ယင်း၏အကွာအဝေးသည် အလင်းနှစ် ၆၅ဝဝ-၁၆ဝဝဝ ကြားရှိရမည်ဟု ခန့်မှန်းခဲ့သည်။ နက်ဗျူလာသည် လက်ရှိတွင် အပြင်ဘက်သို့ တစ်စက္ကန့်လျင် ကီလိုမီတာ ၁၅ဝဝ (၉၃ဝ မိုင်) နှုန်း[၇] သို့မဟုတ် အလင်းအလျင်၏ ၀.၅ ရာခိုင်နှုန်းဖြင့် ပြန့်ကားလျက်ရှိသည်။ လွန်ခဲ့သော နှစ်အတော်အကြာမှ မှတ်တမ်းတင်ထားသော ဓာတ်ပုံများနှင့် နှိုင်းယှဉ်ကာ စစ်ဆေးရာတွင် ကဏန်း နက်ဗျူလာ၏ အပြင်ဘက်ပြန့်ကားနှုန်းသည် နှေးကွေးလာသည်ဟုဆိုသည်။[၈]
ဒြပ်ထု
နက်ဗျူလာ၏ ဒြပ်ထုကို ခန့်မှန်းရာတွင် ဆူပါနိုဗာ မွေးကင်စကြယ်၏ ဒြပ်ထုကို ခန့်မှန်းခြင်းသည် အရေးကြီးသည်။ ကဏန်း နက်ဗျူလာတွင် ဟီလီယမ် အများဆုံးပါဝင်သည့် အိုင်ယွန်းပြုဓာတ်ငွေ့၊ သဘာဝ ဓာတ်ငွေ့များပါဝင်ပြီး[၉] နေဒြပ်ထု ±1.8 M☉ ရှိမည်ဟု ခန့်မှန်းထားသည်။ 4.6[၁၀]
Remove ads
ပြခန်း
Wikiwand - on
Seamless Wikipedia browsing. On steroids.
Remove ads