ကန်ပက်လက်မြို့နယ်
မြန်မာနိုင်ငံ၊ ချင်းပြည်နယ်ရှိ မြို့နယ် From Wikipedia, the free encyclopedia
Remove ads
ကန်ပက်လက်မြို့နယ် သည် မြန်မာနိုင်ငံ၊ ချင်းပြည်နယ်၊ မင်းတပ်ခရိုင်ရှိ မြို့နယ်တစ်ခု ဖြစ်သည်။ မြို့နယ်ရုံးစိုက်ရာမြို့မှာ ကန်ပက်လက်မြို့ ဖြစ်သည်။
Remove ads
သမိုင်းကြောင်း
ကန်ပက်လက်မြို့ကို ၁၈၉၉ခုနှစ်၊ဖေဖော်ဝါရီလ၁၉ရက်နေ့တွင် တည်ထောင်ခဲ့သည်။ မြို့တည်ရှိရာနေရာတွင် ကန်ကြီးတစ်ကန်ရှိရာမှ ထိုရေကန်ကြီးတွင် ပုလဲကဲ့သို့ ဖြူဖွေးသန့်စင်သည့် အရာမြင်ရသည်ကို အကြောင်းပြု၍ ကန်ပုလဲဟုခေါ်ဆိုရာမှ နောင်တွင် ကန်ပက်လက်ဖြစ်လာခဲ့သည်။ ထိုစဉ်က ကန်ပက်လက်မြို့ကို မကွေးတိုင်းမင်းကြီးက တိုက်ရိုက်အုပ်ချုပ်ခဲ့ပြီး တောင်တန်းဝန်ရုံးကို ပခုက္ကူမြို့တွင် ဖွင့်လှစ်ခဲ့သည်။၁၉၀၂တွင် ပခုက္ကူမှ ချင်းတောင်တန်းဝန်ရုံးကို ကန်ပက်လက်သို့ ပြောင်း၍ဖွင့်လှစ်ခဲ့ပြီး ၁၉၃၀တွင် တောင်တန်းနယ်အဆင့်မှ မြို့နယ်သို့ ပြောင်း၍ ဖွဲ့စည်းခဲ့သည်။၁၉၅၈ခုနှစ်အထိ ကန်ပက်လက်မြို့တွင် ခရိုင်ရုံးဖြင့် အုပ်ချုပ်ရာမှ မင်းတပ်မြို့သို့ပြောင်းသွားသဖြင့် မြို့နယ်အဆင့်သာ ကျန်ရှိသည်။[၂]
Remove ads
ပထဝီဝင်အနေအထား
မြောက်လတ္တီတွဒ် ၂၁ ဒီဂရီ ၂၅ မိနစ်နှင့် ၂၂ ဒီဂရီ ၀၅ မိနစ် အကြား၊ အရှေ့လောင်ဂျီတွဒ် ၉၃ ဒီဂရီ ၃၀ မိနစ်နှင့် ၉၃ ဒီဂရီ ၂၀ မိနစ်အကြားတွင် တည်ရှိသည်။ ဧရိယာစတုရန်းမိုင် ၉၆၃.၈၂ စတုရန်းမိုင် ကျယ်ဝန်းသည်။[၂]
နယ်နိမိတ်
ကန်ပက်လက်မြို့နယ်၏ အရှေ့ဘက်တွင် မကွေးတိုင်းရှိ [ဆောမြို့နယ်၊ တောင်ဘက်တွင် မကွေးတိုင်းရှိ စေတုတ္တရာမြို့နယ်၊ အနောက်ဘက်တွင် ပလက်ဝမြို့နယ်နှင့် မြောက်ဘက်တွင် မင်းတပ်မြို့နယ်များ တည်ရှိသည်။
မြေမျက်နှာသွင်ပြင်
ပင်လယ်ရေမျက်နှာပြင်အထက် ၄၅၆၀ ပေအထက်တွင် တည်ရှိသည်။တောင်ကုန်းတောင်တန်းများ ပေါများ၍ တောများထူထပ်နေသည်။ခေါနူးစုမ်(သို့) ဝိတိုရိယတောင်သည် ၁၀၂၀၀ပေမြင့်၍ အမြင့်ဆုံးဖြစ်ကာ နတ်မတောင်အမျိုးသားဥယျာဉ်တည်ရှိသည်။ မြို့နယ်အတွင်း မြစ်ချောင်းပေါများပြီး ကျောက်စစ်ချောင်း၊ကတင်းချောင်း၊ဆောချောင်း၊ဖျံချောင်း၊စလင်းချောင်း၊မုန်းချောင်းတို့ဖြစ်ကာ အရှေ့မှမအနောက်သို့ စီးဆင်းနေသည်။ ထိုချောင်းများသည် ရေစီးသန်၍ စက်လှေများ မသွားလာနိုင်ပေ။
Remove ads
လူဦးရေ
ဖလမ်းမြို့နယ်တွင်နေထိုင်ကြသော တိုင်းရင်းသားလူမျိုးစုများတွင် ချင်းလူမျိုးများ အများဆုံးနေထိုင်ကြသည်။ ထို့နောက် ဗမာ၊ရှမ်းနှင့် ရခိုင်လူမျိုးများ အစဉ်လိုက်များပြားစွာနေကြသည်။ ကိုးကွယ်မှုအနေဖြင့် ခရစ်ယာန်ဘာသာကို အများဆုံး ကိုးကွယ်ကာ ဗုဒ္ဓဘာသာနှင့် အခြားကိုးကွယ်သူဦးရေမှာ အစဉ်လိုက်များပြားသည်။[၂]
စီးပွားရေး
ကန်ပက်လက်မြို့နယ်သည် ချင်းပြည်နယ်အတွင်းရှိ စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုမရှိသော မြို့နယ်ဖြစ်သည်။ မြို့နယ်နေလူထုသည် စိုက်ပျိုးရေးကို အဓိကထား လုပ်ကိုင်ကြသည်။ မြို့နယ်၏အဓိကထွက်ကုန်မှာ ဝဥဖြစ်ကာ ရန်ကုန်နှင့် မန္တလေးမြို့များသို့ အဓိကတင်ပို့သည်။ မြို့နယ်အတွင်း အိမ်တွင်းစက်မှုလက်မှုလုပ်ငန်း ၄ခုရှိသည်။
ဈေးများ
- ကန်ပက်လက်ဈေး
လမ်းပန်းဆက်သွယ်ရေး
ကန်ပက်လက်မြို့နယ်သည် ကုန်းလမ်းဖြင့်သာသွားလာနိုင်ပြီး လမ်းပန်းဆက်သွယ်ရေး အသင့်အတင့်ကောင်းမွန်သည်။
ပညာရေး
အခြေခံပညာ
အထက
အထက်တန်းကျောင်း ၃ကျောင်းရှိသည်။
- အထက ကန်ပက်လက်
- အထက ကျိန်ဒွေး
- အထက မှူးချိန်းဒိန်း
အထက(ခွဲ)/အလက
- အလက (ထ(ခွဲ)) ခါရိုင်း
- အလက (ထ(ခွဲ)) မဆာတွီ
- အလက (ထ(ခွဲ)) မှန်တောင်
- အလက မှော်လောင်းလုံ
- အလက စံအိမ်နူး
- အလက မကြာအိမ်နူး
*အလက ပျော့
- အလက ဘောင်ဘင်
- အလက အောက်ကန့်
- အလက စမ္မသား
- အလက ဆိုင်နန်
အမက
မူလတန်း၊မူလွန်၊အလယ်တန်း(ခွဲ) ၉၈ကျောင်းရှိသည်။
ကျန်းမာရေး
ဆေးရုံများ
- မြို့နယ်ပြည်သူ့ဆေးရုံ
- ကျင်ဒွေး တိုက်နယ်ဆေးရုံ
ကိုးကား
Wikiwand - on
Seamless Wikipedia browsing. On steroids.
Remove ads