မင်းတပ်ခရိုင်
From Wikipedia, the free encyclopedia
Remove ads
မင်းတပ်ခရိုင် (အင်္ဂလိပ်: Mindat District) သည် ချင်းပြည်နယ်တွင် ပါဝင်သောခရိုင်ဖြစ်သည်။ ခရိုင်ရုံးစိုက်ရာမြို့မှာ မင်းတပ်မြို့ဖြစ်သည်။
Remove ads
ပါဝင်သောမြို့နယ်များ

မင်းတပ်မြို့နယ်
ကန်ပက်လက်မြို့နယ်
မင်းတပ်ခရိုင်တွင် ပါဝင်သည့် မြို့နယ်များနှင့် မြို့များမှာ အောက်ပါအတိုင်းဖြစ်သည်။[၂]
- မင်းတပ်မြို့နယ်
- မင်းတပ်မြို့
- မကွီအိမ်နူးမြို့
- ကန်ပက်လက်မြို့နယ်
- ကန်ပက်လက်မြို့
- ကျင်ဒွေးမြို့
မတူပီနှင့် ပလက်ဝမြို့နယ်များမှာ ယခင်က မင်းတပ်ခရိုင်အတွင်း ပါဝင်ဖွဲ့စည်းခဲ့သော်လည်း ၂၀၁၇ခုနှစ်တွင် မတူပီခရိုင်အဖြစ် ခွဲထုတ်ဖွဲ့စည်းခဲ့သည်။[၃]
Remove ads
ပထဝီဝင်အနေအထား
နယ်နိမိတ်
မြောက်ဘက်တွင် မတူပီခရိုင်၊ အရှေ့ဘက်တွင် မကွေးတိုင်းမှ ဂန့်ဂေါခရိုင်၊ မင်းဘူးခရိုင်၊ တောင်ဘက်တွင် မင်းဘူးခရိုင်၊ အနောက်ဘက်တွင် မတူပီခရိုင်နှင့် ရခိုင်ပြည်နယ်မှ မြောက်ဦးခရိုင်တို့ တည်ရှိသည်။
မြေမျက်နှာသွင်ပြင်
ခရိုင်အတွင်း တောင်ကုန်းတောင်တန်းများ ပေါများကာ သစ်တောများလွှမ်းခြုံထားသည်။ ခေါနူးစုမ် (နတ်မတောင်)မှာ ထင်ရှားပြီး အမြင့်ပေ (၁၀၂၀၀)ပေမြင့်ကာ နတ်မတောင်အမျိုးသားဥယျာဉ်တည်ရှိသည်။ မိုးပီတောင်နှင့် မြင်းချီတောင်တို့မှာလည်း ထင်ရှားသည်။
ရေဆင်း
ခရိုင်အတွင်း မြစ်ချောင်းများ ပေါများသည်။ ကျောက်စစ်ချောင်း၊ ကတင်းချောင်း၊ ဆောချောင်း၊ ဖျံချောင်း၊ စလင်းချောင်း၊ မုန်းချောင်းတို့မှာ ထင်ရှားသည်။
Remove ads
လူဦးရေ
၂၀၁၄သန်းခေါင်စာရင်းကောက်ယူချိန်၌ မင်းတပ်ခရိုင်တွင် မြို့နယ် (၄)မြို့နယ် ပါဝင်ဖွဲ့စည်းထားသည်။ ထိုစဉ်က မင်းတပ်ခရိုင်၏လူဦးရေမှာ ၂၁၂,၄၉၇ ဖြစ်သည်။ အမျိုးသား ၁၀၀,၉၆၁ ဦး၊ အမျိုးသမီး ၁၁၁,၅၃၆ ဦးဖြစ်သည်။ လက်ရှိ မင်းတပ်ခရိုင်တွင်ပါဝင်သောမြို့နယ်များဖြစ်သည့် မင်းတပ်မြို့နယ်တွင် လူဦးရေ ၄၂,၆၀၀ ဦး၊ ကန်ပက်လက်မြို့နယ်တွင် ၂၁,၄၉၃ ဦး စုစုပေါင်း ၆၄,၀၉၃ ဦးသာရှိသည်။ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၏ နှစ်စဉ်အစီရင်ခံစာများအရ ၂၀၁၉ခုနှစ်တွင် မင်းတပ်မြို့နယ်တွင် ၄၇,၂၁၄ ဦး၊ ကန်ပက်လက်မြို့နယ်တွင် ၂၄,၃၄၁ ဦးရှိကြရာ မင်းတပ်ခရိုင်၏ (၂၀၁၉)ခုနှစ် ခန့်မှန်းလူဦးရေသည် စုစုပေါင်း ၇၁,၅၅၅ ဦးဖြစ်သည်။ ချင်းလူမျိုးများ အများဆုံးနေထိုင်ကြပြီး ခရစ်ယာန်ဘာသာကို အများဆုံးကိုးကွယ်ကြသည်။ ဗုဒ္ဓဘာသာကို ဒုတိယအများဆုံးကိုးကွယ်ကြသည်။
စီးပွားရေး
မင်းတပ်ခရိုင်သည် ချင်းပြည်နယ်အတွင်း စီးပွားရေးတိုးတက်မှု နှေးကွေးသောခရိုင်ဖြစ်သည်။ ခရိုင်နေပြည်သူများသည် စိုက်ပျိုးရေးနှင့် မွေးမြူရေးကို အများဆုံးလုပ်ကိုင်ကြသည်။ ထို့အပြင် ရိုးရာဂျပ်ခုတ်လုပ်ငန်းကိုလည်း စီးပွားဖြစ် လုပ်ကိုင်ကြသည်။ နတ်မတောင်သို့ ခရီးသွားများလာရောက်လေ့ရှိသဖြင့် ဟိုတယ်နှင့်ခရီးသွားလုပ်ငန်း လုပ်ကိုင်သူများလည်းရှိသည်။[၄]ဝဥနှင့် လက်ဖက်ကို ရန်ကုန်မြို့၊ မန္တလေးမြို့နှင့် ပခုက္ကူမြို့များသို့ တင်သွင်းသည်။
Remove ads
ပို့ဆောက်ဆက်သွယ်ရေး
ခရိုင်အတွင်း ကုန်းလမ်းဖြင့်သာ အဓိကသွားလာရပြီး လမ်းပန်းဆက်သွယ်ရေးကောင်းမွန်သည်။ မကွေးတိုင်းမှနေ၍ ရန်ကုန်နှင့် မန္တလေးသို့ သွားလာနိုင်သည်။
ပညာရေး
၂၀၁၄သန်းခေါင်စာရင်းအရ အသက်(၁၅)နှစ်နှင့်အထက် အိမ်ထောင်စုများတွင် မင်းတပ်မြို့နယ်၌ စာတတ်မြောက်သူ ၆၉.၁ရာခိုင်နှုန်း၊ ကန်ပက်လက်မြို့နယ်၌ ၇၀.၉ရာခိုင်နှုန်းရှိသည်။
ကျန်းမာရေး
မင်းတပ်မြို့နယ်တွင် ကုတင်(၁၀၀)ဆံ့ ခရိုင်ပြည်သူ့ဆေးရုံ၊ (၁၆)ကုတင်ဆံ့ တိုက်နယ်ဆေးရုံ (၂)ရုံ၊ ကန်ပက်လက်မြို့နယ်တွင် ကုတင်(၅၀)ဆံ့ ပြည်နယ်ဆေးရုံ၊ (၁၆)ကုတင်ဆံ့ တိုက်နယ်ဆေးရုံများ တည်ရှိသည်။ ထို့အပြင် ကျေးရွာများတွင် ကျေးလက်ကျန်းမာရေးဌာနခွဲများရှိသည်။
ကိုးကား
Wikiwand - on
Seamless Wikipedia browsing. On steroids.
Remove ads