မင်းတပ်မြို့နယ်
ချင်းပြည်နယ်ရှိမြို့နယ်တခု၊ မြန်မာနိုင်ငံ။ From Wikipedia, the free encyclopedia
ချင်းပြည်နယ်ရှိမြို့နယ်တခု၊ မြန်မာနိုင်ငံ။ From Wikipedia, the free encyclopedia
မင်းတပ်မြို့နယ် သည် မြန်မာနိုင်ငံ၊ ချင်းပြည်နယ်၊ မင်းတပ်ခရိုင်တွင် ပါဝင်သည့် မြို့နယ်တစ်ခုဖြစ်သည်။[2] မြို့နယ်ရုံးစိုက်ရာမြို့မှာ မင်းတပ်မြို့ဖြစ်သည်။[3]
မင်းတပ်မြို့နယ် | |
---|---|
ချင်းပြည်နယ်အတွင်းရှိ မြို့နယ် | |
မင်းတပ်ခရိုင်အတွင်းတည်နေရာ (အနီ) | |
မင်းတပ်ခရိုင်အတွင်းတည်နေရာ (အနီ) | |
ကိုဩဒိနိတ်: 21°20′N 93°15′E | |
နိုင်ငံ | မြန်မာ |
ပြည်နယ် | ချင်း |
ခရိုင် | မင်းတပ် |
အုပ်ချုပ်ရေးရုံးစိုက်ရာမြို့ | မင်းတပ်မြို့ |
လူဦးရေ (၂၀၁၄) | |
• စုစုပေါင်း | ၄၂,၆၀၀[1] |
အချိန်ဇုန် | မြန်မာစံတော်ချိန် (UTC+6:30) |
အင်္ဂလိပ်အစိုးရမင်းများ ယာယီတဲစခန်းအဖြစ် တည်းခိုခဲ့သောနေရာဖြစ်သဖြင့် မင်းတပ်မြို့ကို ယခင်က မင်းတဲမြို့ဟုခေါ်ဆိုခဲ့သည်။ နှစ်ကာလကြာသောအခါ မင်းတဲမြို့မှ မင်းတပ်မြို့ဖြစ်လာခဲ့သည်။ ချင်းရေးရာဝန်ကြီး၏ ၁၉၆၀ ခုနှစ် မေလ ၂၀ ရက်နေ့ပါ အမိန့်ဖြင့် မင်းတပ်မြို့အဖြစ် သတ်မှတ်ခဲ့သည်။[4]မင်းတပ်မြို့နယ်တွင် ကျေးရွာအုပ်စု ၄၆ ခုနှင့် ကျေးရွာပေါင်း ၄၉၇ ရွာ ပါဝင်သည်။[5]
မြောက်လတ္တီတွဒ် ၂၀ ဒီဂရီ ၁၉ မိနစ်နှင့် ၂၁ ဒီဂရီ ၄၀ မိနစ် အကြား၊ အရှေ့လောင်ဂျီတွဒ် ၉၃ ဒီဂရီ ၂၃ မိနစ်နှင့် ၉၄ ဒီဂရီ ၁၆ မိနစ်အကြားတွင် တည်ရှိသည်။ အရှေ့မှ အနောက်သို့ ၃၃ မိုင်၊ တောင်မှမြောက်သို့ ၃၇ မိုင်ရှိပြီး ၁၂၁၉.၈၆ စတုရန်းမိုင် ကျယ်ဝန်းသည်။[4]
မင်းတပ်မြို့နယ်၏ အရှေ့ဘက်တွင် မကွေးတိုင်းဒေသကြီးရှိ ထီးလင်းမြို့နယ်နှင့် ဆောမြို့နယ်၊ တောင်ဘက်တွင် ကန်ပက်လက်မြို့နယ်၊ အနောက်ဘက်တွင် မတူပီမြို့နယ်နှင့် ပလက်ဝမြို့နယ်၊ မြောက်ဘက်တွင် မတူပီမြို့နယ်များ တည်ရှိသည်။
ပင်လယ်ရေမျက်နှာပြင်အထက် ၄၈၆၀ ပေအထက်တွင် တည်ရှိသည်။ တောင်ထူထပ်၍ အမြဲစိမ်းသစ်တောများပေါက်ရောက်ကာ မြေပြန့်လွင်ပြင် နည်းပါးသည်။ မုန်းချောင်း၊ ယောချောင်းနှင့် ချီချောင်းတို့သည် အရှေ့မှအနောက်သို့ စီးဆင်းနေသည်။
မင်းတပ်မြို့နယ်တွင်နေထိုင်ကြသော တိုင်းရင်းသားလူမျိုးစုများတွင် ချင်းလူမျိုးများ အများဆုံးနေထိုင်ကြသည်။မင်းတပ်မြို့နယ်တွင် အခြေပြုနေထိုင်သော ဒိုင် မကာဏ်း နှင့် မွိုင်း တို့ဖြစ်ကြသည်။ ထို့နောက် ဗမာ၊ ကရင်၊ မွန်၊ ရခိုင်၊ ကယား၊ ကချင်နှင့် ရှမ်းလူမျိုးများ အစဉ်လိုက်များပြားစွာနေကြသည်။ ကိုးကွယ်မှုအနေဖြင့် ခရစ်ယာန်ဘာသာကို အများဆုံး ကိုးကွယ်ကာ ဗုဒ္ဓဘာသာနှင့် အခြားကိုးကွယ်သူဦးရေမှာ အစဉ်လိုက်များပြားသည်။
မင်းတပ်မြို့နယ်သည် ချင်းပြည်နယ်အတွင်းရှိ စီးပွားရေးဖွံ့ဖြိုးမှု နောက်ကျသော မြို့နယ်ဖြစ်သည်။ မြို့နယ်နေလူထုသည် စိုက်ပျိုးရေးနှင့် မွေးမြူရေးလုပ်ငန်းကို အဓိကထား လုပ်ကိုင်ကြသည်။ မြို့နယ်၏ အဓိကထွက်ကုန်မှာ ဝဥနှင့် လက်ဖက်ဖြစ်ပြီး ပခုက္ကူနှင့် မန္တလေးဒေသများသို့ အများဆုံးတင်ပို့ရောင်းချသည်။ ထိုဒေသများမှ စားသောက်ကုန်နှင့် လူသုံးကုန်ပစ္စည်းများ ပြန်လည်တင်သွင်းသည်။ မြို့နယ်အတွင်း အိမ်တွင်းစက်မှုလက်မှုလုပ်ငန်း ၉ ခုတည်ရှိသည်။
မင်းတပ်မြို့နယ်သည် ပခုက္ကူနှင့် မန္တလေးမြို့များသို့ ကုန်းလမ်းဖြင့် သွားလာနိုင်ပြီး လမ်းပန်းဆက်သွယ်ရေးကောင်းမွန်သည်။သို့သော် လမ်းပန်းဆက်သွယ်ရေး တွင် အင်မတန် အားနည်းသေးသည်ကို တွေ့ရသည်။အဝေးပြေးကားများ အဌားယဉ်များ မရှိခြင်းကြောင့် ပြည်သူ့ဝန်ဆောင်မူများ အင်မတန်ခက်ခဲလှသည်။သို့သော် ၂၀၁၅-၂၀၁၆ ခုနှစ်တွင် မြို့တွင်း လမ်းမ ပြုပြင်ချဲ့ထွင်ရာတွင် ပြည်သူတို့အား လျော်ကြေမပေးဘဲ နေအိမ်များ စိုက်ခင်းများကို အတင်းပြောင်းရွှေ့ခိုင်းရာတွင် အစိုးရသည် ပြည်သူလူထု ၏ အမျက်ရှခြင်း ခံရသည်။
အထက်တန်းကျောင်း ၄ကျောင်းရှိသည်။
မူလတန်း၊မူလွန်၊အလယ်တန်း(ခွဲ) ၁၃၄ကျောင်းရှိသည်။
Seamless Wikipedia browsing. On steroids.
Every time you click a link to Wikipedia, Wiktionary or Wikiquote in your browser's search results, it will show the modern Wikiwand interface.
Wikiwand extension is a five stars, simple, with minimum permission required to keep your browsing private, safe and transparent.