ကရင်နီပြည်နယ်ဒီမိုကရက်တစ်ပါတီ

From Wikipedia, the free encyclopedia

Remove ads

ကရင်နီပြည်နယ်ဒီမိုကရက်တစ်ပါတီ (အင်္ဂလိပ်: Karenni State Democratic Party) သည် မြန်မာနိုင်ငံရှိ နိုင်ငံရေးပါတီ တစ်ခုဖြစ်သည်။[]

အချက်တိုများ ကရင်နီပြည်နယ် ဒီမိုကရက်တစ်ပါတီ, အင်္ဂလိပ် အမည် ...
Remove ads

သမိုင်းကြောင်း

ကယားလူမျိုးစုဒီမိုကရေစီပါတီ နှင့် လူမျိုးပေါင်းစုံဒီမိုကရေစီပါတီ (ကယားပြည်နယ်)တို့ ပူးပေါင်းထားသော ပါတီဖြစ်သည်။ ၂၀၁၇ ခုနှစ် စက်တင်ဘာလ ၈ ရက်နေ့တွင် အဆိုပါနိုင်ငံရေးပါတီ ၂ခုက ကယားပြည်နယ်ဒီမိုကရက်တစ်ပါတီအဖြစ် မှတ်ပုံတင်ခဲ့သည်။[] [] ၂၀၂၃ ဇွန်လ ၂ ရက်နေ့တွင် "ကယား" အစား "ကရင်နီ" ဟူ၍‌ ပါတီအမည်ပြောင်းလဲခဲ့သည်။[]

ပယ်ဖျက်ခြင်း

ကယားပြည်နယ်ဒီမိုကရက်တစ်ပါတီကို ၂၀၂၃ ခုနှစ် နိုင်ငံရေးပါတီများမှတ်ပုံတင်ခြင်းဥပဒေ ပုဒ်မ ၂၅ အရ သတ်မှတ်ကာလအတွင်း လျှောက်ထားခြင်းမရှိခဲ့သောကြောင့် ၂၀၂၃ ခုနှစ် မတ်လ ၂၉ ရက်နေ့မှစ၍ နိုင်ငံရေးပါတီအဖြစ် မှတ်ပုံတင်ထားခြင်းမှ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်က ပယ်ဖျက်ခဲ့သည်။[]

ရွေးကောက်ပွဲအနိုင်ရခြင်း

အထွေထွေရွေးကောက်ပွဲ ၂၀၂၀ တွင် ကယားပြည်နယ်အတွင်း ယင်းပါတီက နေရာ(၃၀)တွင် ဝင်ပြိုင်ခဲ့သည်။[] အမျိုးသားလွှတ်တော်သုံးနေရာ၊ ပြည်သူ့လွှတ်တော် နှစ်နေရာနှင့် ပြည်နယ်လွှတ်တော်သုံးနေရာအနိုင်ရသည်။[]

ထူးခြားဖြစ်စဉ်များ

  • ၆ ဩဂုတ် ၂၀၂၀ - အထွေထွေရွေးကောက်ပွဲ ၂၀၂၀ တွင်  ပြည်ခိုင်ဖြိုးပါတီကိုယ်စားလှယ်ဟောင်းတစ်ဦးဖြစ်ခဲ့ဖူးသူ သမ္မတဦးသိန်းစိန်လက်ထက် ဝန်ကြီးချုပ်ဟောင်း ဦးခင်မောင်ဦး အား ပါတီကိုယ်စားပြုကာ လွိုင်ကော်မြို့နယ် ပြည်နယ်လွှတ်တော် မဲဆန္ဒနယ် အမှတ် (၂) နေရာမှနေ၍ ဝင်ရောက်ယှဉ်ပြိုင်မည်ဟု သတင်းစာရှင်းလင်းပွဲထဲ ထည့်သွင်းပြောဆိုခြင်း။ []
  • ၁၄ ဩဂုတ် ၂၀၂၀ - အထွေထွေရွေးကောက်ပွဲ ၂၀၂၀ မတိုင်ခင် တပ်မတော်ကာကွယ်ရေးဦးစီးချုပ်နှင့် နိုင်ငံရေးပါတီ ၃၄ ပါတီတို့ တွေ့ဆုံပွဲ သို့ ကယားပြည်နယ်ဒီမိုကရက်တစ်ပါတီ ဥက္ကဋ္ဌ ဦးဖိုးရယ် တက်ရောက်ခဲ့။[]
  • ၁၂ ဇန်နဝါရီ ၂၀၂၁ - အထွေထွေရွေးကောက်ပွဲ ၂၀၂၀ အပြီး NLD နှင့် ကယားပြည်နယ်ဒီမိုကရက်တစ်ပါတီတို့ အကြား တွေ့ဆုံမည့်ကိစ္စ နေရာညှိနှိုင်းမရ၍ဆိုကာ တွေ့ဆုံပွဲပျက်ခဲ့ခြင်း။[] [၁၀]
  • ၄ ဖေဖော်ဝါရီ ၂၀၂၁ - ကယားပြည်နယ်ဒီမိုကရက်တစ်ပါတီ (KySDP) ဒု-ဥက္ကဋ္ဌ (၁)  စောဒန်နီယယ် နစက အဖွဲ့ဝင်အဖြစ် ၎င်း၏သဘောဆန္ဒအရ ပါဝင်သွား၍ ပါတီဝင်အဖြစ်မှ ထုတ်ပယ်ခြင်း။ [၁၁]
  • ၉ ဖေဖော်ဝါရီ ၂၀၂၁ - အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီ(ကယားပြည်နယ်) နှင့် ကယားပြည်နယ်ဒီမိုကရက်တစ်ပါတီ လွှတ်တော်ကိုယ်စားလှယ်များ စုပေါင်း၍ စစ်အာဏာရှင်စနစ်ဆန့်ကျင်ကာ လူထုနှင့်အတူ ရပ်တည်ကြောင်း ပူးတွဲကြေညာချက်ထုတ်ပြန်။[၁၂]
  • ၂၇ မတ် ၂၀၂၂ - ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်၏ စစ်ဆေးခြင်းကိုခံယူ။[၁၃]
  • ၂၈ မတ် ၂၀၂၃ - ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ထံ မှတ်ပုံပြန်မတင်၍ ပါတီဖျက်သိမ်းခံရသည့်စာရင်းထဲ ထည့်သွင်းဖော်ပြခံရ။[၁၄] [၁၅]
  • မေ ၂၀၂၃ - ပါတီ ပထမအကြိမ်ညီလာခံကျင်းပ။
  • ၂ ဇွန် ၂၀၂၃ -ပါတီအမည်ပြောင်းခြင်းနှင့် ပါတီဦးဆောင်သူများ အပြောင်းအလဲပြုလုပ်။[၁၆]



Remove ads

ကိုးကား

Loading related searches...

Wikiwand - on

Seamless Wikipedia browsing. On steroids.

Remove ads