စောဒန်နီယယ်

From Wikipedia, the free encyclopedia

Remove ads

စောဒန်နီယယ် (အင်္ဂလိပ်: Saw Daniel; ၁၉၅၇ မွေးဖွား []) သည် ကယားလူမျိုး နိုင်ငံရေးသမားတစ်ဦးဖြစ်ပြီး လက်ရှိတွင် ကာလုံဗဟိုအကြံပေးအဖွဲ့ဝင် ဖြစ်သည်။​ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီကောင်စီလက်ထက်တွင် စကစ ကောင်စီနှင့် စကစ၏ ဗဟိုအကြံပေးအဖွဲ့  အဖွဲ့ဝင်တစ်ဦး ဖြစ်ခဲ့သည်။[]ယင်းမတိုင်ခင် ကယားပြည်နယ်ဒီမိုကရက်တစ်ပါတီ၏ ဒုဥက္ကဋ္ဌ ဟောင်းတစ်ဦး ဖြစ်သည်။[]

အချက်တိုများ စည်သူ စောဒန်နီယယ်, အမျိုးသားကာကွယ်ရေးနှင့်လုံခြုံရေးကောင်စီ၏ ဗဟိုအကြံပေးအဖွဲ့ဝင် ...
Remove ads

နိုင်ငံရေးဘဝ

၂၀၂၁ ခုနှစ် စစ်အာဏာသိမ်းမှုတွင် စောဒန်နီယယ်အား နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ အဖွဲ့ဝင်အဖြစ် ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလ ၃ ရက်နေ့တွင် ခန့်အပ်ခဲ့သည်။[] အဆိုပါရာထူးလက်ခံခြင်းအတွက် ဖေဖော်ဝါရီလ ၄ ရက်နေ့တွင် ကယားပြည်နယ်ဒီမိုကရက်တစ်ပါတီက စောဒန်နီယယ်အား ပါတီမှ ထုတ်ပယ်လိုက်ကြောင်း ကြေညာခဲ့သည်။[]

၂၀၂၃ ခုနှစ် ဖေဖော်ဝါရီ ၁ ရက်တွင် ကောင်စီအဖွဲ့ဝင်အဖြစ်မှ ဖယ်ထုတ်ခြင်းခံရပြီး၊ စကစ ဗဟိုအကြံပေးအဖွဲ့ဝင်အဖြစ် ပြောင်းရွေ့ခံရသည်။

ကာလုံအကြံပေးအဖွဲ့ဝင်

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီကို ဖျက်သိမ်းပြီးနောက် အမျိုးသားကာကွယ်ရေးနှင့် လုံခြုံရေးကောင်စီရုံး၏ အမိန့်အမှတ် ၁၀/၂၀၂၅ ဖြင့် ယခင်နစက ကောင်စီဝင်များနှင့် နစက ဗဟိုအကြံပေးအဖွဲ့ဝင်များကို ကာလုံဗဟိုအကြံပေးအဖွဲ့သစ်တွင် တာဝန်ပေးခံရသည်။[]

Remove ads

အရေးယူပိတ်ဆို့ခံရမှု

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဝင်အဖြစ် တာဝန်ထမ်းဆောင်ခဲ့ခြင်းနှင့်စပ်လျဉ်းပြီး ဥရောပသမဂ္ဂက ၂၀၂၁ ဧပြီ ၁၉ရက် တွင်လည်းကောင်း၊အမေရိကန်ပြည်ထောင်စုက ၂၀၂၁ ဇူလိုင် ၂၁ရက် တွင်လည်းကောင်း၊ဩစတြေးလျအစိုးရက ၂၀၂၃ ဇန်နဝါရီ ၂၅တွင်လည်းကောင်း ဒဏ်ခတ်ပိတ်ဆို့မှုစာရင်းထဲ ထည့်သွင်းသည်။[] [] []

ဂုဏ်ပြုခံရခြင်း

၂၀၂၂ ခုနှစ်၊ နိုဝင်ဘာလ ၁၇ ရက်တွင် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ အမိန့်ကြော်ငြာစာအမှတ် ၂၁၁/၂၀၂၂ အားဖြင့် ပြည်ထောင်စုစည်သူသင်္ဂဟဘွဲ့ဖြစ်သော “စည်သူဘွဲ့” ကို နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌက ချီးမြှင့်အပ်နှံခဲ့သည်။[]

ကိုးကား

Loading related searches...

Wikiwand - on

Seamless Wikipedia browsing. On steroids.

Remove ads