ကရင်အမျိုးသားတပ်မတော်
From Wikipedia, the free encyclopedia
Remove ads
ကရင်အမျိုးသားတပ်မတော် (အင်္ဂလိပ်: Karen National Army; အတိုကောက် KNA), ယခင် ကရင်နယ်ခြားစောင့်တပ်ဖွဲ့သည် ကရင်ပြည်နယ်အခြေစိုက် ကရင်ဗုဒ္ဓဘာသာ လက်နက်ကိုင်တပ်ဖွဲ့ ဖြစ်ပြီး ၂၀၂၄ ခုနှစ် ဇန်နဝါရီလတွင် တပ်မတော်၏ လက်အောက်ခံအဖြစ်မှ ခွဲထွက်လာခဲ့သည်။ ကရင်အမျိုးသားတပ်မတော်ကို ၁၉၉၄ ခုနှစ် ဒီဇင်ဘာတွင် ဒီမိုကရက်တစ် ကရင်အကျိုးပြုတပ်မတော် (ဒီကေဘီအေ) အဖြစ် ကရင်အမျိုးသား လွတ်မြောက်ရေး တပ်မတော် မှ ခွဲထွက်ကာ ဖွဲ့စည်းခဲ့သည်။
များမကြာမီတွင် တပ်မတော်နှင့် အပစ်အခတ်ရပ်စဲရေးကို သဘောတူညီခဲ့ကာ ၂၀၀၉ ခုနှစ်တွင် ကရင်ငြိမ်းချမ်းရေးတပ်ဖွဲ့နှင့်အတူ ကရင်နယ်ခြားစောင့်တပ်ဖွဲ့ (ကရင်ဘီဂျီအက်ဖ်) အဖြစ် ပူးပေါင်းခဲ့သည်။[၁]
မြန်မာနိုင်ငံတွင်း စစ်ကောင်စီအား တိုက်ခိုက်သည့် စစ်ဆင်ရေးများဖြစ်ပွားပြီးနောက် ၂၀၂၄ ခုနှစ် ဇန်နဝါရီလတွင် စစ်ကောင်စီ၏ လက်အောက်ခံအဖြစ်မှ ခွဲထွက်ကြောင်း ကြေညာခဲ့သည်။[၅] ယင်းနောက် ဧပြီလတွင် "ကရင်အမျိုးသားတပ်မတော်" အဖြစ် အမည်ကို သတ်မှတ်ခဲ့သည်။[၆]
Remove ads
နောက်ခံ
ဒီကေဘီအေ

ဒီမိုကရက်တစ် ကရင်အကျိုးပြုတပ်မတော် (အင်္ဂလိပ်: Democratic Karen Benevolent Army) ကို ဒီကေဘီအေ တပ်မဟာ-၅ ဟုလည်း ခေါ်ဆိုသည်။ ဒီမိုကရက်တစ် ကရင်အကျိုးပြုတပ်မတော်သည် မြန်မာနိုင်ငံ ကရင်ပြည်နယ်ရှိ လက်နက်ကိုင် အဖွဲ့အစည်း တစ်ခုဖြစ်သည်။ တပ်မဟာ-၅ ကို တပ်ရင်း(၅)ရင်းဖြင့် ၂၀၀၉ နှစ် မေလတွင် အသစ်ဖွဲ့စည်းကာ ယခင် ကလိုထူးဘော ဗျူဟာမှူး ဗိုလ်မှူးချုပ် (ခ)နှုတ်ခမ်းမွှေးကို တာဝန်ပေးအပ်ခဲ့ခြင်းဖြစ်သည်။
၂၀၁၁ ခုနှစ် နိုဝင်ဘာလ ၃ ရက်နေ့တွင် တပ်မဟာ-၅ သည် မြန်မာအစိုးရနှင့် အပစ်အခတ်ရပ်စဲရေး သဘောတူညီချက်ကို လက်မှတ်ရေးထိုးခဲ့သော်လည်း လက်နက်ချရန် ငြင်းဆိုခဲ့သည်။[၇]
စစ်ဦးချုပ် ဗိုလ်ချုပ်ကြီး စောမိုရှေးသည် ကိုဗစ်-၁၉ ရောဂါဖြင့် ၂၀၂၁ ခုနှစ် ဇူလိုင် ၂၁ ရက်တွင် ကွယ်လွန်ခဲ့ပြီးနောက် လစ်လပ်သွားသော စစ်ဦးစီးချုပ်နေရာတွင် ဒုတိယ ဗိုလ်ချုပ်ကြီး စောစတီးကို ၂၀၂၁ ခုနှစ် စက်တင်ဘာ ၂၃ ရက်နေ့တွင် ခန့်အပ်ခဲ့သည်။[၈]ကရင် ဘီဂျီအက်ဖ်
Remove ads
စစ်ကောင်စီနှင့် တင်းမာမှု နှင့် အမည်ပြောင်းလဲခြင်း
၂၀၂၁ ခုနှစ် ဇန်နဝါရီလတွင် ကရင်နယ်ခြားစောင့်တပ်မှ ခေါင်းဆောင်များဖြစ်ကြသော ဗိုလ်မှူးကြီးစောချစ်သူနှင့် ဗိုလ်မှူးစောမုတ်သုန်၊ ဗိုလ်မှူးစောတင်ဝင်းတို့အား နုတ်ထွက်ရန် တပ်မတော်က ဖိအားပေးခဲ့သည်။ ဇန်နဝါရီလ ၈ ရက်နေ့တွင် နယ်ခြားစောင့်တပ် တပ်နယ် ၄ အမှတ် ၁၀၂၂ တပ်နယ်မှူး ဗိုလ်မှူးစောမုတ်သုန်သည် တပ်ရင်း ၁၃ ခု၊ အရာရှိ ၇၇ ဦးနှင့် တပ်မမှူး ၁၃ ဦးနှင့်အတူ နုတ်ထွက်စာတင်ခဲ့သည်။[၁၀] အငြင်းပွားဖွယ်ရာများနှင့် ဖိအားပေးမှုများရှိသော်လည်း နယ်ခြားစောင့်တပ်ဖွဲ့ဝင် ၇၀၀၀ ကျော်တို့သည် နုတ်ထွက်စာတင်ခဲ့ကြသည်။ သို့သော်လည်း ဗိုလ်မှူးကြီး စောချစ်သူက နုတ်ထွက်ရန် ငြင်းဆိုခဲ့သည်။[၁၁]
၂၀၂၄ ခုနှစ် ဇန်နဝါရီလ ၂၃ ရက်နေ့တွင် စောချစ်သူက ဒုတိယတပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်းနှင့် ဆွေးနွေးကာ ကရင်နယ်ခြားစောင့်တပ်အနေဖြင့် တပ်မတော်ထံမှ လစာနှင့် အထောက်အပံ့များ မယူတော့ဘဲ သီးခြားရပ်တည်မည်ဟု မီဒီယာများအား ပြောကြားခဲ့သည်။[၁၂][၁၃]
မတ်လ ၆ ရက်နေ့တွင် ကရင်နယ်ြခားစောင့်တပ်သည် "ကရင်အမျိုးသားတပ်မတော်"အဖြစ် ပြောင်းလဲဖွဲ့စည်းကြောင်း ကြေညာခဲ့သည်။[၁၄]တပ်မတော်မှ ခွဲထွက်ပြီးနောက် ရွှေကုက္ကိုလ်ရှိ လောင်းကစားရုံများနှင့် ကျားဖြန့်ငွေလိမ်လုပ်ငန်းများမှ အမြတ်အစွန်းများကို ကရင်အမျိုးသားတပ်မတော်က ရရှိနေသည်။[၁၅]
Remove ads
ဒဏ်ခတ်ပိတ်ဆို့ခြင်း
၂၀၂၅ ခုနှစ်၊ မေ ၅ ရက်တွင် အမေရိကန်ပြည်ထောင်စုက စစ်ကောင်စီလက်အောက်ခံ ကရင်နယ်ခြားစောင့်တပ် (BGF) မှ အမည်ပြောင်းထားသော ကရင်အမျိုးသားတပ်မတော် (KNA) နှင့် ၎င်း၏ခေါင်းဆောင် ဗိုလ်မှူးကြီး စောချစ်သူ၊ ၎င်း၏သားနှစ်ဦးဖြစ်သော စောထူးအယ်မှုးနှင့် စောချစ်ချစ်တို့ကို အရေးယူဒဏ်ခတ် ပိတ်ဆို့လိုက်ကြောင်း ထုတ်ပြန်ကြေညာခဲ့သည်။[၁၆]
ကိုးကား
Wikiwand - on
Seamless Wikipedia browsing. On steroids.
Remove ads