တပ်မတော်၏ဒုတိယအကြီးအကဲ From Wikipedia, the free encyclopedia
ဒုတိယ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် (အင်္ဂလိပ်: Deputy Commander in Chief of Defence Services)သည် မြန်မာ့တပ်မတော်၏ ဒုတိယအဆင့်အမြင့်ဆုံး ရာထူးဖြစ်သည်။တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ပြီးလျှင် ဒုတိယနေရာ၌ တည်ရှိသည်။အမျိုးသား ကာကွယ်ရေးနှင့် လုံခြုံရေးကောင်စီ တွင် အဖွဲ့ဝင်အဖြစ် ပါဝင်သည်။[2]ယခင်က ဒုတိယစစ်ဦးစီးချုပ်ဟု ခေါ်ဝေါ်ခဲ့သည်။ လက်ရှိတွင် ဒုတိယတပ်မတော်ကာကွယ်ရေးဦးစီးချုပ်သည် ကာကွယ်ရေးဦးစီးချုပ် (ကြည်း) လည်းဖြစ်သည်။ ယခုလက်ရှိ ဒုတိယတပ်မတော်ကာကွယ်ရေးဦးစီးချုပ်မှာ ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်းဖြစ်သည်။ လက်ရှိအချိန်တွင် ကာကွယ်ရေးဌာနကောင်စီ ညွှန်ကြားလွှာ ၁/၂၀၂၁အရ ဒုတိယတပ်မတော်ကာကွယ်ရေးဦးစီးချုပ်၏ သက်တမ်းကို ကန့်သတ်ထားခြင်း မရှိပေ။[3]
ဤဆောင်းပါးသည် မြန်မာ့တပ်မတော်မှ ရာထူးတာဝန်နှင့် သက်ဆိုင်သောဆောင်းပါး ဖြစ်ပြီး၊ လူပုဂ္ဂိုလ် တစ်ဦးတစ်ယောက်အား ကိုယ်စားမပြုပါ။ |
မြန်မာနိုင်ငံ ၏
ဒုတိယ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် | |
---|---|
ဒုတိယတပ်မတော်ကာကွယ်ရေးဦးစီးချုပ်၏ အလံတော်[1] | |
တပ်မတော် | |
အမျိုးအစား | စစ်ဘက်ဆိုင်ရာ ရာထူး |
အဖွဲ့ဝင် | အမျိုးသား ကာကွယ်ရေးနှင့် လုံခြုံရေးကောင်စီ |
အစီရင်ခံရသူ | တပ်မတော်ကာကွယ်ရေးဦးစီးချုပ် |
စံအိမ် | ဒုတိယတပ်မတော်ကာကွယ်ရေးဦးစီးချုပ် နေအိမ်၊ စစ်ရုံး၊ နေပြည်တော် |
ရုံးတည်နေရာ | ဒုတိယ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရုံး၊ စစ်ရုံး၊ နေပြည်တော် |
ခန့်အပ်သူ | သမ္မတ |
ယခင် | ဒုတိယဗိုလ်ချုပ်မှူးကြီး မောင်အေး |
အခြားအမည် | ဒုချုပ်၊ ဒုချုပ်ကြီး၊ ဒုတပ်ချုပ်၊ ဒုတပ်မတော်ဦးစီးချုပ် |
အဆင့် / တံဆိပ် အဆောင်အယောင်များ | |
ဒုတိယဗိုလ်ချုပ်မှူးကြီး |
စဉ် | ဓာတ်ပုံ | ပြန်တမ်းဝင်အမှတ် | ရာထူးအဆင့်နှင့်အမည် | တာဝန်သက်တမ်း | မှတ်ချက် |
---|---|---|---|---|---|
၁။ | ကြည်း ၅၁၀၇ | ဗိုလ်မှူးချုပ် စောကြာဒိုး | ၄ ဇန်နဝါရီ ၁၉၄၈ – ၁ ဩဂုတ် ၁၉၄၈ | ||
၂။ | ကြည်း ၃၅၀၂ | ဗိုလ်မှူးချုပ် နေဝင်း | ၁ ဩဂုတ် ၁၉၄၈ – ၁ ဖေဖော်ဝါရီ ၁၉၄၉ | နောင်တွင်ကာကွယ်ရေးဦးစီးချုပ်ဖြစ်လာသည်။ | |
၃။ | ကြည်း ၃၄၅၈ | ဗိုလ်မှူးချုပ် အောင်ကြီး | ၁ ဖေဖော်ဝါရီ ၁၉၄၉ – ၁၅ ဖေဖော်ဝါရီ ၁၉၆၃ | ||
၄။ | ကြည်း ၃၅၆၇ | ဗိုလ်ချုပ် စန်းယု | ၁၅ ဖေဖော်ဝါရီ ၁၉၆၃ – ၂၀ ဧပြီ ၁၉၇၂ | နောင်တွင်ကာကွယ်ရေးဦးစီးချုပ်ဖြစ်လာသည်။ | |
၅။ | ကြည်း ၃၅၆၁ | ဒုတိယဗိုလ်ချုပ်ကြီး သူရ တင်ဦး | ၂၀ ဧပြီ ၁၉၇၂ – ၈ မတ် ၁၉၇၄ | နောက်ပိုင်းတွင် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်၏ ဒုတိယဥက္ကဋ္ဌ ဖြစ်လာခဲ့သည်။ | |
၆။ | ကြည်း ၅၃၂၂ | ဒုတိယဗိုလ်ချုပ်ကြီး သူရကျော်ထင် | ၈ မတ် ၁၉၇၄ – ၆ မတ် ၁၉၇၆ | ||
၇။ | ကြည်း ၆၁၃၃ | ဒုတိယဗိုလ်ချုပ်ကြီး အေးကို | ၆ မတ် ၁၉၇၆ – ၁၃ မတ် ၁၉၈၁ | ||
၈။ | ကြည်း ၅၈၉၆ | ဒုတိယဗိုလ်ချုပ်ကြီး ထွန်းရီ | ၁၃ မတ် ၁၉၈၁ – ၁၉၈၃ | ||
၉။ | ကြည်း ၆၁၈၇ | ဒုတိယဗိုလ်ချုပ်ကြီး စောမောင် | ၁၉၈၃ – ၄ နိုဝင်ဘာ ၁၉၈၅ | ||
၁၀။ | ကြည်း ၆၇၁၀ | ဗိုလ်ချုပ်ကြီး သန်းရွှေ | ၄ နိုဝင်ဘာ ၁၉၈၅ – ၂၃ ဧပြီ ၁၉၉၂ | ||
၁၁။ | ကြည်း ၇၈၇၅ | ဒုတိယဗိုလ်ချုပ်မှူးကြီး မောင်အေး | ၂၃ ဧပြီ ၁၉၉၂ – ၃၀ မတ် ၂၀၁၁ | ||
၁၂။ | ကြည်း ၁၆၄၈၉ | ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်း | ၃၀ မတ် ၂၀၁၁ - လက်ရှိ | ||
Seamless Wikipedia browsing. On steroids.
Every time you click a link to Wikipedia, Wiktionary or Wikiquote in your browser's search results, it will show the modern Wikiwand interface.
Wikiwand extension is a five stars, simple, with minimum permission required to keep your browsing private, safe and transparent.