ကျွဲကျောင်းဗျိုင်း
From Wikipedia, the free encyclopedia
Remove ads
မြန်မာနိုင်ငံတွင် ကျွဲကျောင်းဗျိုင်းကို ကွင်းပြင်၊ လယ်ပြင်နှင့် ကမ်းခြေများ၌ အများအပြားတွေ့နိုင်သည်။ ကျွဲနွားများအနီးတွင် အမြဲတွေ့ရသောကြောင့် ကျွဲကျောင်းဗျိုင်းဟု ခေါ်ခြင်းဖြစ်သည်။

Remove ads
ကြင်အင်လက္ခဏာများ
အလျားလက်မ ၂၀ ရှိသည်။ ဝါသော နှုတ်သီးနှင့် ညိုမည်းသော ခြေထောက်များရှိသော ကြောင့် အခြားဗျိုင်းနှင့် ခွဲခြား၍ ရသည်။
အစားအစာ
ကျွဲကျောင်းဗျိုင်းသည် ကျွဲနွားများကိုယ်ပေါ်တွင် နားလျက်ကျွဲနွားများ၌ ကပ်တွယ်နေသော ပိုးမွှားများကိုလည်းကောင်း၊ ကျွဲနွားများလှုပ်ရှားသွားလာရခြင်းကြောင့် မြက်သီးထပျံသော ပိုးမွားများကိုလည်းကောင်း စားသည်။ ငါးကလေးများ၊ ဖားလောင်းခေါ်ဖားတပိုင်းငါးတပိုင်းနှင့် ရေပိုးမွှားများကိုလည်း စားတတ်လေသည်။ အသိုက်ကို ကုက္ကိုပင်များ၌ ဧပြီလကုန် သို့မဟုတ် မေလ အစလောက်တွင် ပြုလုပ်သည်။
အသိုက်ပြုလုပ်ခြင်း
သရက်ပင်၊ ဝါးပင်တို့၌လည်း အသိုက်လုပ်တတ်သေးသည်။ ဥများသည် ဖြူ၍ အပြာပြောက်၊ အစိမ်းပြောက်များရှိသည်။[၂]
ကိုးကား
Wikiwand - on
Seamless Wikipedia browsing. On steroids.
Remove ads