ချောင်းဆုံမြို့

From Wikipedia, the free encyclopedia

Remove ads

ချောင်းဆုံမြို့သည် မြန်မာနိုင်ငံအောက်ပိုင်းဒေသ၊ မွန်ပြည်နယ်မော်လမြိုင်ခရိုင်ဘီလူးကျွန်းပေါ်တွင် တည်ရှိပြီး ချောင်းဆုံမြို့နယ်၏ မြို့နယ် ရုံးစိုက်ရာမြို့ ဖြစ်သည်။ ချောင်းဆုံမြို့နယ်သည် ရွာပေါင်း ၇၂ ရွာဖြင့်ဖွဲ့စည်းထားသည်။ ဘီလူးကျွန်း၏ အလယ် ချိုင့်ဝှမ်းတွင် တည်ရှိ၍ ရှေးအခါကပင် အစည်ကားဆုံးသော ရွာတန်းရှည်ကြီး ဖြစ်သည်။ မြို့ပိုင်ရုံး၊ ရဲဌာန၊ စာပို့တိုက်၊ ဆေးရုံ၊ ဈေးနှင့် အစိုးရအထက်တန်းကျောင်း ရှိ၏။ ဘီလူးကျွန်း၏ တောင်ဘက်အစွန်ရှိ မူးရစ်ကလေးရွာသို့၎င်း၊ မြောက်ဘက်အစွန်ရှိ ကလွီရွာသို့၎င်း၊ အရှေ့ဘက်အစွန်ရှိ နတ်မော်သင်္ဘောဆိပ် သို့၎င်း မော်တော်ကားများနှင့် သွားလာနိုင်၍၊ မော်လမြိုင်မြို့မှ ကုန်လမ်ဖြင့် (ဗိုလ်ချုပ်အောင်ဆန်း တံတား မှ) ချောင်းဆုံမြို့သို့နေ့ချင်းပြန် သွားနိုင်သည် ချောင်းဆုံမြို့နယ်တွင် လက်မှုလုပ်ငန်းများဖြင့် ထင်ရှားသည့် ကျေးရွာများလည်းရှိသည် (ရွာလွတ်ရွာ)အဓိကထွက်ကုန်မှာ (ဆေးတံ /လက်မှု့ပညာမျိုးစုံ /ရော်ဘာ /စပါး)(မုဒွန်းရွာ) အဓိကထွက်ကုန်မှာ (ကျောက်သင်ပုန်း / ရော်ဘာ /စပါး ) (ဆယ်ပလာရွာ) အဓိကထွက်ကုန်မှာ (ငါးခြောက် / စပါး ပင်လယ်ကမ်းခြေတွေဖြင့် အပန်းဖြေ နိုင်သည်။ ချောင်းဆုံမြို့နယ်၏ အကျယ်အဝန်းမှာ မိုင် ၂၄၅၇ ဖြစ်သော်လည်း စပါးစိုက်ပျိုးသော ဧရိယာမှာ စတုရန်း မိုင် ၁၉ဝ သာ ဖြစ်သည်။ သို့ရာတွင် မြေဩဇာထက်သန် ကောင်းမွန်၍ မြန်မာနိုင်ငံတွင် အကောင်းဆုံး ဆန်စပါးထွက် ရာ မြို့နယ်တစ်ခု ဖြစ်သည်။

အချက်တိုများ ချောင်းဆုံမြို့, နိုင်ငံအမည် ...
Remove ads

ကိုးကား

Loading related searches...

Wikiwand - on

Seamless Wikipedia browsing. On steroids.

Remove ads