ဟင်နရီဗန်ထီးယူ

ဒုတိယသမ္မတ (၂) (၂၀၁၆-၂၀၂၄) From Wikipedia, the free encyclopedia

ဟင်နရီဗန်ထီးယူ
Remove ads

ဟင်နရီဗန်ထီးယူ (အင်္ဂလိပ်: Henry Van Thio; ၉ ဩဂုတ် ၁၉၅၈ မွေးဖွား) သည် မြန်မာနိုင်ငံသား နိုင်ငံရေးသမားတစ်ဦးဖြစ်ပြီး ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံ၏ ဒုတိယသမ္မတ (၂) အဖြစ် ရွေးချယ်ခံရသူ ဖြစ်သည်။ ၂၀၁၅ ရွေးကောက်ပွဲတွင် ချင်းပြည်နယ် မဲဆန္ဒနယ်အမှတ် ၃ မှ ဝင်ရောက်ယှဉ်ပြိုင်ခဲ့ပြီး အနိုင်ရရှိခဲ့ကာ အမျိုးသားလွှတ်တော် ကိုယ်စားလှယ်တစ်ဦးအဖြစ် ဆောင်ရွက်ခဲ့သည်။[][][] ၂၀၁၆ မတ်လ ၃၀ ရက်နေ့တွင် ဒုတိယသမ္မတအဖြစ် ကျမ်းသစ္စာကျိန်ဆိုခဲ့သည်။သူသည် မြန်မာနိုင်ငံစစ်အာဏာသိမ်းသည့် ၂၀၂၁ နောက်ပိုင်း ဒုတိယသမ္မတ အဖြစ် ဆက်ရှိနေခဲ့ပြီး၂၀၂၄ ခုနှစ် ဧပြီလ ၂၂ ရက်နေ့ တွင် ကျန်းမာရေးအကြောင်းပြချက်ဖြင့် တာဝန်မှ အနားယူသည်။[]

အချက်တိုများ ဟင်နရီဗန်ထီးယူ, မြန်မာနိုင်ငံ၏ တတိယ​မြောက် ဒုတိယ သမ္မတ (၂) ...
Remove ads

အစောပိုင်းဘဝ

ချင်းလူမျိုးတစ်ဦးဖြစ်ပြီး ရန်ကုန် ဝိဇ္ဇာနှင့်သိပ္ပံ တက္ကသိုလ်မှ ဘွဲ့ရရှိခဲ့သည်။ တပ်မတော်တွင် ဗိုလ်မှူးအဆင့်ဖြင့် တာဝန်ထမ်းဆောင်ခဲ့သည်။[]

ရွေးကောက်ပွဲ ဝင်ပြင်မှုများ

ဦးဟင်နရီဗန်ထီးယူသည် ၂၀၁၅ ခုနှစ်၊ အထွေထွေ ရွေးကောက်ပွဲတွင် ချင်းပြည်နယ် အမျိုးသားလွှတ်တော် မဲဆန္ဒနယ် (၃) မှ ဝင်ရောက် ယှဉ်ပြိုင်ခဲ့ပြီး၊ အနိုင်ရခဲ့သည်။

နောက်ထပ် အချက်အလက်များ စဉ်, ကိုယ်စားလှယ်လောင်းအမည် ...
Remove ads

ဒုတိယသမ္မတအဖြစ် ရွေးကောက်ခံရခြင်း

၂၀၁၆ ခုနှစ် မတ်လ ၁၀ ရက်နေ့တွင် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ကိုယ်စားလှယ်များက ဦးဟင်နရီဗန်ထီးယူအား ဒုတိယသမ္မတလောင်းအဖြစ် တင်မြှောက်ခဲ့သည်။[][]

၂၀၁၆ မတ်လ ၁၁ ရက်နေ့တွင် အမျိုးသားလွှတ်တော်မှ ၁၄၈ မဲဖြင့် ဒုတိယသမ္မတလောင်းအဖြစ် အဆိုပြုခံခဲ့ရသည်။ ၂၀၁၆ မတ်လ ၁၅ ရက်နေ့တွင် ပြည်ထောင်စုလွှတ်တော်တွင် မဲအရေအတွက် ၃၅၂ မဲအနက် ၇၉ မဲရရှိကာ ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံ၏ ဒုတိယသမ္မတ (၂) ဖြစ်လာခဲ့သည်။

အထွေထွေရွေးကောက်ပွဲ ၂၀၂၀ တွင် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ပါတီကိုယ်စားပြုပြီး ချင်းပြည်နယ် မဲဆန္ဒနယ်အမှတ်(၁၀) အမျိုးသားလွှတ်တော်ကိုယ်စားလှယ်လောင်းအဖြစ် ဝင်ပြိုင်သည်။ ပြိုင်ဘက် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ ကိုယ်စားလှယ်လောင်း ဦးရှန်လျန်မှုန်း နှင့် ချင်းအမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီ ကိုယ်စားလှယ်လောင်း ဦးဗန်မွန်လျန် တို့အား အနိုင်ရကာ အမျိုးသားလွှတ်တော်ကိုယ်စားလှယ်အဖြစ် တင်မြှောက်ခြင်းခံရသည်။ ရရှိ ခိုင်လုံမဲအရေအတွက်မှာ ၁၅၄၉၂မဲ ဖြစ်သည်။ မဲစုစုပေါင်း၏ ၅၇ဒသမ ၉၁ ရာခိုင်နှုန်း ရရှိသည်ဟု ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်က ကြေညာခဲ့သည်။[]

၂၀၂၁ ဖေဖော်ဝါရီနောက်ပိုင်းဖြစ်ရပ်များ

၂၀၂၁ခုနှစ် တပ်မတော် အာဏာသိမ်းမှု ဖြစ်ပွားပြီးနောက်တွင် ဖွဲ့စည်းပုံအ​ခြေခံဥပ​ဒေ ပုဒ်မ (၄၂၄)အရ ဒုတိယသမ္မတအဖြစ် ဆက်လက်တည်ရှိခဲ့သည်။ ယာယီသမ္မတ ဦးမြင့်ဆွေ၏ အမျိုးသားကာကွယ်ရေးနှင့် လုံခြုံရေးကောင်စီတွင် အဖွဲ့ဝင်အဖြစ် ပါဝင်သည်။ ဒုတိယသမ္မတ (၂) ဦးဟင်နရီဗန်ထီးယူ အဖမ်းမခံရဘဲ ဒုတိယသမ္မတ အိမ်တော်မှာပဲ ရှိနေပြီး “အကျယ်ချုပ်”ဖြင့် မချုပ်ထားဟု ဘီဘီစီက ဖော်ပြသည်။[]

၎င်းသည် ၂၀၂၂ခုနှစ် ဇန်နဝါရီလ ၃၁ရက်နေ့တွင် ကျင်းပသော ကာလုံအစည်းအဝေးသို့ ကျန်းမာရေးအခြေအနေအကြောင်းပြချက်ဖြင့်တက်ရောက်ခြင်းမရှိဘဲ ခွင့်ပန်ကြားခဲ့သည်။[၁၀] ယင်းအပြင် ၂၀၂၂ခုနှစ်  ဇူလိုင်  ၃၁ ရက်က ကျင်းပသည့် အမျိုးသားကာကွယ်ရေးနှင့် လုံခြုံရေးကောင်စီ အစည်းအဝေး(၂/၂၀၂၂) သို့လည်း ကျန်းမာရေးအကြောင်းပြချက်ဖြင့်ပင် ခွင့်ပန်ကြားခဲ့ကာ တက်ရောက်ခြင်း မရှိခဲ့ပေ။[၁၁] [၁၂]

၂၀၂၂ ခုနှစ် ဒီဇင်ဘာ ၁၂ရက်တွင် နေပြည်တော်အချုပ်ရှိ အထူးသီးသန့် တရားရုံးတရားခွင်သို့ ခံပြသက်သေတစ်ဦးအဖြစ်  ဦးဟင်နရီဗန်ထီးယူ တက်ရောက်သည်။ အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင်က ဦးဝင်းမြင့် နှင့် ဒေါ်အောင်ဆန်းစုကြည် တို့အပေါ်  စွဲဆိုထားသော ရဟတ်ယာဉ်နှင့်ပတ်သတ်သည့်  အမှုများနှင့်ပတ်သတ်ပြီး ၎င်းတို့အနေဖြင့် လုပ်ငန်းစဉ်များအား လုပ်ထုံးလုပ်နည်း၊စည်းမျဉ်းစည်းကမ်းများနှင့်အညီလုပ်ဆောင်ခြင်းဖြစ်ကြောင်း ခုခံ ထွက်ဆိုသည်။[၁၃]

၂၀၂၃ ဇန်နဝါရီ ၃၁ရက်တွင် ကျင်းပသည့် အမျိုးသားကာကွယ်ရေးနှင့် လုံခြုံရေးကောင်စီအစည်းအဝေး(၁/၂၀၂၃) သို့လည်း ကျန်းမာရေးအခြေအနေအရ အစည်းအဝေးမတက်ရောက်နိုင်ကြောင်း ၎င်း ခွင့်ပန်ကြားပြန်သည်။[၁၄] ထိုနေ့တွင် ဦးဟင်နရီဗန်ထီးယူ ချော်လဲ ခေါင်းပေါက်၍ နေပြည်တော်ဆေးရုံသို့ တက်ရောက်နေသည်ဟု RFA ကဖော်ပြသည်။[၁၅]

သူသည်  ၂၀၂၃ ဇူလိုင် ၃၁ရက် တွင် ကျင်းပသည့် ကာလုံအစည်းအဝေး(၂/၂၀၂၃)ကို  တက်ရောက်ခြင်းဖြင့် လူမြင်ကွင်းရှေ့ ပြန်ထွက်သည်။ [၁၆]

ဦးဟင်နရီဗန်ထီးယူသည် ယင်းအစည်းအဝေးအတွင်း တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ၏ တင်ပြချက်အား ထောက်ခံခဲ့သည်ဟု စစ်တပ်ပိုင်မီဒီယာက ဖော်ပြသည်။ [၁၇] ထိုအစည်းအဝေးတက်ရောက်ခဲ့ခြင်းနှင့် စပ်လျဉ်းပြီး အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဗဟိုအလုပ်ကော်မတီက ၎င်းအား ၂၀၂၃ ဩဂုတ် ၉ ရက်တွင် ပါတီမှ ထုတ်ပယ်သည်။[၁၈] [၁၉]

၂၀၂၄ ခုနှစ်၊ ဧပြီလ ၂၂ ရက်နေ့တွင် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ အမိန့်အမှတ် ၃၃/၂၀၂၄ အားဖြင့် ဒုတိယသမ္မတ ဦးဟင်နရီဗန်ထီးယူအား ကျန်းမာရေးအရ တာဝန်မှ အနားယူခွင့် ပြုလိုက်သည်။

Remove ads

မိသားစုဘဝ

သူသည် ဒေါ်ရွှေလွှမ်းနှင့် လက်ထပ်ခဲ့ကာ သားသမီး သုံးဦး ထွန်းကားခဲ့သည်။ သူသည် ခရစ်ယာန်ဘာသာဝင်တစ်ဦး ဖြစ်ပြီး ဗုဒ္ဓဘာသာဝင်မဟုတ်သည့် ပထမဆုံးသော ဒုတိယသမ္မတ ဖြစ်သည်။

ကိုးကား

Loading related searches...

Wikiwand - on

Seamless Wikipedia browsing. On steroids.

Remove ads