ညီပု (ဝန်ကြီးချုပ်)
From Wikipedia, the free encyclopedia
Remove ads
ဦးညီပု သည် မြန်မာနိုင်ငံသား ရှေ့နေနှင့် နိုင်ငံရေးသမား ဖြစ်သည်။ ရခိုင်ပြည်နယ်၏ တတိယမြောက် ဝန်ကြီးချုပ်အဖြစ် တာဝန်ထမ်းဆောင်ခဲ့သည်။ ၂၀၁၅ အထွေထွေ ရွေးကောက်ပွဲတွင် ဂွမြို့နယ်မှ ဝင်ရောက်ယှဉ်ပြိုင်ခဲ့ပြီး အနိုင်ရရှိခဲ့ကာ မတ်လ ၃၀ ရက်နေ့တွင် ဝန်ကြီးချုပ် ဖြစ်လာခဲ့သည်။
Remove ads
အထွေထွေရွေးကောက်ပွဲ၊၂၀၂၀ တွင် ဦးညီပုသည် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီကိုယ်စားပြုပြီး ရခိုင်ပြည်နယ် ဂွမြို့နယ် မဲဆန္ဒနယ်အမှတ်(၂)မှနေ၍ ဝင်ရောက်ယှဉ်ပြိုင်ရာ မဲရလဒ် ၇၃.၄၅ရာခိုင်နှုန်းဖြင့် ပြိုင်ဘက်များအား အနိုင်ရခဲ့သူလည်းဖြစ်သည်။ [၁] [၂] [၃]
Remove ads
အစောပိုင်းဘဝနှင့် နိုင်ငံရေး
ဦးညီပုသည် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် စတင်တည်ထောင်ကတည်းက ပါဝင်ခဲ့ပြီး နောက်ပိုင်းတွင် NLD ဗဟိုအလုပ် အမှုဆောင်တစ်ဦးအဖြစ်ပါ တာဝန်ပေးခံခဲ့ရသည်။ ဦးညီပုသည် ရခိုင်ပြည်နယ် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်၏ ဥက္ကဋ္ဌ ဖြစ်သည်။ ၁၉၈၃ ခုနှစ်တွင် ရန်ကုန်တက္ကသိုလ်မှ ဥပဒေပညာဖြင့် ဘွဲ့ရရှိခဲ့ပြီး ၁၉၈၈ ခုနှစ်အထိ လုံခြုံရေးဝန်ထမ်းအဖြစ် လုပ်ကိုင်ခဲ့သည်။ ကုန်းလမ်းပို့ဆောင်ရေးဌာနတွင် စာရေးအဖြစ် လုပ်ကိုင်ခဲ့ပြီး ၁၉၉၀ ရွေးကောက်ပွဲတွင် ပါဝင်ယှဉ်ပြိုင်ခဲ့ကာ ရွေးချယ်ခံခဲ့ရသော်လည်း လွှတ်တော်ကိုယ်စားလှယ်အဖြစ် ဆောင်ရွက်ခွင့် မရခဲ့ပေ။ ဦးညီပု သည် နိုင်ငံရေးလှုပ်ရှားမှုဖြင့် ထောင်ဒဏ် ၁၀ နှစ် ချမှတ်ခံခဲ့ရပြီးနောက် ၂၀၁၂ ခုနှစ် တွင် ပြန်လည်လွတ်မြောက်လာခဲ့သည်။ အခက်အခဲများကြားမှ စားဝတ်နေရေး ခက်ခဲစွာ ရုန်းကန်ရင်း NLD တွင် နိုင်ငံရေးတာဝန်ထမ်းဆောင်ခဲ့သူလည်းဖြစ်သည်။ ၂၀၁၅ ခုနှစ် နိုဝင်ဘာလ ရွေးကောက်ပွဲတွင် ဂွမြို့နယ်မှ ဝင်ရောက်ယှဉ်ပြိုင်ကာ အနိုင်ရရှိခဲ့သည်။[၄] ရခိုင်ပြည်နယ်လွှတ်တော်တွင် ဝန်ကြီးချုပ် အဖြစ် ခန့်အပ်ရန် အဆိုပြုချိန်တွင် ရခိုင်အမျိုးသားပါတီမှ ပြည်နယ်လွှတ်တော်အမတ်များ လွှတ်တော်ထဲမှ ထွက်ခွာ ဆန္ဒပြခြင်းကို ကြုံတွေ့ခဲ့ရသည်။[၅]
Remove ads
၂၀၂၁ ဖေဖော်ဝါရီနောက်ပိုင်းဖြစ်ရပ်များ
၂၀၂၁ မြန်မာနိုင်ငံ စစ်အာဏာသိမ်းခြင်း တွင် ဦးညီပုသည် အခြားသောဝန်ကြီးချုပ်များနည်းတူ ဖမ်းဆီးခြင်းခံခဲ့ရသည်။ မူလအစပိုင်းရက်အနည်းသာ နေအိမ်အကျယ်ချုပ်ဖြင့် ထိန်းသိမ်းခြင်းခံခဲ့ရသော်လည်း ၂၀၂၁ ဖေဖော်ဝါရီ ၉ရက် ၌ ဦးညီပုက ၎င်း၏ လူမှုကွန်ရက်စာမျက်နှာတွင် “စစ်အာဏာသိမ်းမှုကို လက်မခံဘဲလွှတ်တော်ခေါ်ယူခဲ့ကြပါသောရွေးကောက်ခံကိုယ်စားလှယ်များကိုထောက်ခံအားပေး အသိအမှတ်ပြုကြောင်းလက်ခုပ်တီးသည့် ဗီဒီယို”၊ “ အာဏာရှင်စနစ် ကျဆုံးရေးနှင့် ဒီမိုကရေစီအရေးအတွက် တိုက်ပွဲဝင်နေသော ပြည်သူများကို ဂုဏ်ပြုကြောင်း၊ ဆက်လက်တိုက်ပွဲ ဝင်ကြရန် တိုက်တွန်းကြောင်း” ပြောကြားထားသည့် ဗီဒီယိုဖိုင်များ တင်အပြီး နောက်နေ့တွင် နေအိမ်မှ စစ်တွေတပ်နယ် သို့ ပြောင်းရွှေ့ချုပ်နှောင်၍ အမှုဖွင့်ခံရသည်။ [၆]
ယင်းနောက် အာဏာပိုင်များက ၎င်းကို စစ်တွေအကျဉ်းထောင်သို့ ရွှေ့ပြောင်း ချုပ်နှောင်ခဲ့ကြသည်။[၇]
နောက်ပိုင်း ရာဇသတ်ကြီးပုဒ်မ ၅၀၅ (ခ)၊ မဲမသမာမှုပုဒ်မ ၁၃ဝ(က)[၈] အပြင် အဂတိပုဒ်မများဖြင့် [၉] ဆက်တိုက်အမှုဖွင့်လှစ် အရေးယူခြင်းကို ဦးညီပု ခံခဲ့ရသည်။
ဦးညီပု ဖမ်းဆီးခံထားရစဉ် ထွက်ပေါ်လာသော NLD ပါတီ၏ စစ်အာဏာသိမ်းမှုကို သဘောမတူကြောင်း ထုတ်ပြန်သည့် ကြေညာချက်ကြောင့်ဟုဆိုကာ စစ်တွေမြို့နယ်တရားရုံးက ၂၀၂၁ခုနှစ် အောက်တိုဘာ ၈ရက် တွင် နိုင်ငံတော်ဆူပူအောင် လှုံ့ဆော်မှု ပုဒ်မ ၅၀၅ (ခ) ဖြင့် အလုပ်ကြမ်းနှင့် ထောင်ဒဏ် ၂ နှစ် ချမှတ်ခဲ့သည်။ပုဒ်မ ၅၀၅(ခ) အမှုအတွက် စစ်တွေခရိုင်တရားရုံး၌ အယူခံတက်ခဲ့ရာတွင်လည်း နေ့တွင်းချင်း ပယ်ခံရပြန်သည်။[၁၀]
ယင်းနောက်စစ်တွေထောင်တွင်းတရားရုံးက ၂၀၂၂ခုနှစ် ဇန်နဝါရီ ၁၉ရက် တွင် ၎င်းအား အဂတိမှုများနှင့် ထောင် ၉ နှစ် ထပ်ချခဲ့သည်။[၁၁] ထို့ကြောင့် ဦးညီပုသည် ထောင်ဒဏ် ၁၁နှစ် ကျခံနေရသည်။
၂၀၂၂ခုနှစ် ဧပြီလ ၆ ရက်နေ့ တွင်လည်း စစ်တွေအထူးတရားရုံးက ဦးညီပုကို ၂၀၂၀ ရွေးကောက်ပွဲတွင် မဲမသမာမှုလုပ်ခဲ့သည်ဟုဆိုပြီး ရာဇသတ်ကြီး ဥပဒေပုဒ် မ ၁၃၀ (က)အရ ထောင်ဒဏ် ၄ လ[၁၂] (သို့) ငွေဒဏ် ၅ သောင်းပေးဆောင်ရန်အမိန့် ထပ်ချခဲ့ရာ သူ၏ရှေ့နေများက ငွေဒဏ်ဆောင်ခဲ့ရသေးသည်။
Remove ads
ကိုးကား
Wikiwand - on
Seamless Wikipedia browsing. On steroids.
Remove ads