တင်အေး
From Wikipedia, the free encyclopedia
Remove ads
ဦးတင်အေး သည် အငြိမ်းစား ဒုတိယ ဗိုလ်ချုပ်ကြီးတစ်ဦးဖြစ်သည်။ ၂၀၁၀ အထွေထွေ ရွေးကောက်ပွဲတွင် တံတားဦးမြို့နယ်မှ ပါဝင်ယှဉ်ပြိုင်ခဲ့ပြီး ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်အဖြစ် ရွေးကောက်ခြင်းခံခဲ့ရသည်။ ထို့နောက်တွင် ၂၀၁၁ ခုနှစ် မတ်လ ၃၀ရက်တွင် ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်၏ ဥက္ကဋ္ဌအဖြစ် ခန့်အပ်ခြင်းခံခဲ့ရသည်။[၂][၃] သူသည် စစ်တက္ကသိုလ်ကျောင်းဆင်း တစ်ဦးဖြစ်ပြီး စစ်မှုထမ်းကာလအတွင်း ဆုတံဆိပ် ၁၅ ခု ချီးမြှင့်ခြင်း ခံခဲ့ရသည်။[၂] ပြည်ထောင်စုမြန်မာနိုင်ငံ စီးပွားရေး ဦးပိုင်လီမိတက်၏ ဥက္ကဋ္ဌအဖြစ်လည်း တာဝန်ထမ်းဆောင်ခဲ့သေးသည်။[၄] ၂၀၁၆ ခုနှစ် မတ်လ ၃၀ ရက်တွင် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ဥက္ကဋ္ဌအဖြစ်မှ အနားယူခဲ့သည်။
Remove ads
ကိုးကား
Wikiwand - on
Seamless Wikipedia browsing. On steroids.
Remove ads