နတ်မတောင် အမျိုးသားဥယျာဉ်

From Wikipedia, the free encyclopedia

Remove ads

နတ်မတောင် အမျိုးသားဥယျာဉ်သည် ချင်းပြည်နယ်မင်းတပ်ခရိုင်ကန်ပက်လက်မင်းတပ်မတူပီမြို့နယ်များ အတွင်းတွင် တည်ရှိပြီး ဧရိယာအားဖြင့် စတုရန်းမိုင်ပေါင်း ၂၇၅ ဒသမ ၅ မိုင် ရှိသည်။ နတ်မတောင် အမျိုးသားဥယျာဉ်သည် သဘာဝ ထိန်းသိမ်းရေး နယ်မြေ (Protected Area) အဖြစ် သတ်မှတ်ထား၏။ နတ်မတောင်ကို ဝိတိုရိယတောင်ဟုလည်း လူသိများပြီး ပင်လယ်ရေမျက်နှာပြင်အထက် ပေပေါင်း ၁၀,၅၀၀ ကျော်မြင့်သည်။ နတ်မတောင် အမျိုးသားဥယျာဉ်ကို Important Bird Area (IBA) အဖြစ် ၂၀၀၄ ခုနှစ်တွင် ထည့်သွင်းခဲ့သည်။

Remove ads

တည်နေရာ

မြောက်လတ္တီတွဒ်၂၁°၂၅'၊ အရှေ့လောင်ဂျီတွဒ် ၉၃°၄၇'၊ ကန်ပတ်က်မြို့၊မင်းတပ်မြို့၊မတူပီမြိုနယ်များအတွင်း မင်းတပ်ခရိုင်၊ ချင်းပြည်နယ်တွင် တည်ရှိသည်။ ၁၉၉၇ ခုနှစ်တွင် အဆိုပြု အမျိုးသားဥယျာဉ်အဖြစ်ထည့်သွင်းခဲ့ပြီး၊ ၂၀၁၀ ခုနှစ်တွင် အမျိုးသားဥယျာဉ်အဖြစ် သတ်မှတ်ခဲ့သည်။ အကျယ်အဝန်း စတုရန်းကီလိုမီတာ ၇၁၃.၅၄ ကျယ်ဝန်းသည်။

သဘာဝအရင်းအမြစ်များ

ဖုံးလွှမ်းထားသော သစ်တောအမျိုးအစားများမှာ အမြဲစိမ်းတော၊ ရွက်ကြွေတော၊ ထင်းရှူးတော၊ laurel and stone oak forest၊ ဝက်သစ်ချတောများ၊ ဝက်သစ်ချနှင့်တောင်ဇလပ်တောများ ဖြစ်ကြသည်။ သစ်ပင်မျိုးစိတ်ပေါင်း (၈၀၈) ကျော်ရှိပြီး ကုန်းနေရေနေ သတ္တဝါ (၂၃)မျိုး၊ တွားသွားသတ္တဝါ (၆၅)မျိုး၊ လိပ်ပြာ (၇၇)မျိုးရှိသည်ဟု စာရင်းဇယားများအရ သိရသည်။ နတ်မတောင် အမျိုးသားဥယျာဉ်တွင် ရှားပါးတိရစ္ဆာန်များဖြစ်သော ကျားသစ်အင်းကျားဝက်ဝံတောဆိတ်ချေတောဝက်သင်းခွေချပ်တောကြောင်မျောက်လွှဲကျော်များ စသည့် နို့တိုက်သတ္တဝါမျိုးစုံ ကျက်စားပြီး ပင်လယ်မျက်နှာပြင်ထက် အမြင့်ပေ ၈,၀၀၀ ကျော်တွင် သာတွေ့နိုင်သည့် မြန်မာ့ဒေသရင်း ငှက် မျက်ခုံးဖြူငှက်ပြာခြောက် (White Browed Nuthatch)ကို တွေ့ရှိနိုင်သည့် တစ်ခုတည်းသောနေရာလည်းဖြစ်သည်။ နတ်မတောင်တွင် ငှက်မျိုးစိတ်ပေါင်း ၂၈၉ မျိုးနေထိုင် စားသောက်ကြကြောင်း သိရသည်။

Remove ads

ခြိမ်းခြောက်နေသောအန္တရာယ်များ

နတ်မတောင် အမျိုးသားဥယျာဉ်၏ အပြင်ရော၊အတွင်းမှာပါ လူများနေထိုင်ကြရာ ဇီဝမျိုးစုံမျိုးကွဲများနှင့် သစ်တောပျက်ဆီးမှုများ ကြုံတွေ့နေရသည်။ ဒေသခံများက တရားမဝင် တောရိုင်းတိရစ္ဆာန်ပစ္စည်းများကို ရောင်းဝယ်ဖောက်ကားမှုများရှိနေပြီး၊ ရွေ့ပြောင်းတောင်ယာများကြောင့် တောမီးများလောင်ကျွမ်းနေမှုကိုလည်း ရင်ဆိုင်နေရသည်။

ထိန်းသိမ်းစောင့်ရှောက်ခြင်းလုပ်ငန်းများ

BirdLife Important(BLI) နှင့် Makino Botanical Garden(ဂျပန်)တို့ဟာ အမျိုးသားဥယျာဉ်အုပ်ချူပ်မှုအဖွဲ့နှင့် ပူးပေါင်း၍ လေ့လာမှုများပြုလုပ်နေကြသည်။

ခရီးသွားလာရေးလုပ်ငန်းများ

သဘာဝအခြေခံခရီးသွားလုပ်ငန်းခွင်ထဲတွင် ပါဝင်ပြီး နှစ်စဉ် ခရီးသွားရာဂဏန်းကျော် လာရောက်လည်ပတ်လေ့ရှိသည်။ တည်းခိုရန်နေရာ သုံးနေရာရှိပြီး ဒေသခံချင်းလူမျိုးများနှင့် တွေ့ဆုံနိုင်ပြီး တောင်တက်ခြင်းငှက်ကြည့်ခြင်းများပြုလုပ်နိုင်သည်။ နိုင်ငံခြားသားခရီးသွားများအဖို့ ဒေသတွင်းခရီးသွားလုပ်ငန်းအေဂျင်စီများနှင့် ချိတ်ဆက်၍ ခွင့်ပြုချက်တောင်းခံကာ သွားရောက်နိုင်သည်။

လမ်းပန်းဆက်သွယ်ရေး

ကြည့်ရှုလေ့လာနိုင်သောအခွင့်အလမ်းများ

  • သဘာဝတောင်ပေါ်ဒေသရှုခင်းများ လေ့လာခံစား အပန်းဖြေ နိုင်ခြင်း၊
  • မြန်မာနိုင်ငံ၌ တတိယအမြင့်ဆုံးတောင်ထိပ်ဖြစ်သည့် ပေပေါင်း (၁၀၀၁၈) ပေ မြင့်သော ဝိတိုရိယ တောင်ပေါ်သို့ ကန်ပက်လက်မြို့ဟောင်းမှ (၁၅) မိုင်ရှည် ခရီးကို ခြေလျင် တောင်တက် လေ့လာနိုင်ခြင်း၊
  • မြန်မာနိုင်ငံ အတွင်း တွေ့ရှိနိုင်သော ကုန်းတွင်းဌာနေငှက်မျိုး (၅)မျိုး အပါအဝင်ငှက်မျိုးပေါင်း (၁၅၉) ကျော် လေ့လာတွေ့ရှိ နိုင်ခြင်း၊
  • အလွန်ရှားပါးသော ဇာမဏီ ငှက် ကဲ့သို့သော ငှက်အမျိုးအစားများ တွေ့ရှိနိုင်ခြင်း၊
  • သဘာဝတောများ အတွင်း စုံလင်ပေါများ စွာပေါက်ရောက် နေသော မြန်မာ့ သစ်ခွမျိုးများကို အခြေခံ၍ (Orchid Tour) အဖြစ် စီစဉ် ဆောင်ရွက်လေ့လာနိုင်ခြင်း၊
  • ဒေသခံချင်းလူမျိုးများ ၏ ရိုးရာယဉ်ကျေးမှု ဓလေ့ထုံးစံများ၊ လူနေမှုစနစ်များ လေ့လာနိုင်ခြင်း၊
  • သဘာဝသစ်တောအမျိုးအစားနှင့် သစ်တောသစ်ပင်များကို ကွင်းဆင်းလေ့လာ နိုင်ခြင်း၊
  • တောင်ဇလပ်နီကဲ့သို့သော အပင်များလေ့လာနိုင်ခြင်း။
Remove ads

ကိုးကား

  1. မြန်မာနိုင်ငံရှိ ဇီဝမျိုးစုံမျိုးကွဲများကြွယ်ဝမှု၊ သစ်တောဦးစီးဌာန 23 October 2014 ၌ မော်ကွန်းပြန်ကြည့်စက်တွင် မော်ကွန်းတင်ပြီး .
  2. နတ်မတောင် အမျိုးသားဥယျာဉ်[လင့်ခ်သေ]
  3. Report: Myanmar Protected Area (2011)
Loading related searches...

Wikiwand - on

Seamless Wikipedia browsing. On steroids.

Remove ads