နိုင်ငံတော်အထိမ်းအမှတ်တံဆိပ်နည်းဥပဒေများ
မြန်မာနိုင်ငံ ဥပဒေ From Wikipedia, the free encyclopedia
Remove ads
နိုင်ငံတော်အထိမ်းအမှတ်တံဆိပ်နည်းဥပဒေများသည် ၂၀၁၀ခုနှစ် အောက်တိုဘာလ၂၁ရက်နေ့က နိုင်ငံတော်အေးချမ်းသာယာရေးနှင့် ဖွံ့ဖြိုးရေးကောင်စီ အတွင်းရေးမှူး(၁) သီဟသူရတင်အောင်မြင့်ဦးမှ လက်မှတ်ရေးထိုး ထုတ်ပြန်လိုက်သော နည်းဥပဒေများဖြစ်သည်။ဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီးသန်းရွှေ လက်မှတ်ရေးထိုးကာ ပြဋ္ဌာန်းလိုက်သော နိုင်ငံတော်အထိမ်းအမှတ်တံဆိပ်ဥပဒေနှင့်အတူ ထုတ်ပြန်ထားခြင်းဖြစ်သည်။ နိုင်ငံတော်အထိမ်းအမှတ်တံဆိပ်ကို အသုံးပြုခြင်းနှင့် စပ်လျဉ်း၍ နည်းလမ်းတကျဖြစ်စေရန် နိုင်ငံတော်အထိမ်းအမှတ်တံဆိပ်ဥပဒေပါ လုပ်ပိုင်ခွင့်နှင့်အညီ ထုတ်ပြန်ထားသော နည်းဥပဒေများဖြစ်သည်။[၁]

Remove ads
အခန်း (၁)
အမည်နှင့် အဓိပ္ပာယ် ဖော်ပြချက်
၁။ ဤနည်းဥပဒေများကို နိုင်ငံတော်အထိမ်းအမှတ်တံဆိပ်နည်းဥပဒေများဟု ခေါ်တွင်စေရမည်။
၂။ ဤနည်းပဒေများတွင် ပါရှိသော စကားရပ်များသည် နိုင်ငံတော်အထိမ်းအမှတ်တံဆိပ်ဥပဒေတွင် ပါရှိသည့်အတိုင်း အဓိပ္ပာယ် သက်ရောက်စေရမည်။
အခန်း (၂)
နိုင်ငံတော်အထိမ်းအမှတ်တံတိပ်ကို အသုံးပြုခြင်းဆိုင်ရာ သတ်မှတ်ချက်များ
၃။ နိုင်ငံတော်အထိမ်းအမှတ်တံဆိပ်ကို-
- (က) နိုင်ငံတော်သမ္မတရုံးအဆောက်အအုံ၌ တပ်ဆင်အသုံးပြုနိုင်သည်။
- (ခ) နိုင်ငံတော်သမ္မတ စီးနင်းလိုက်ပါလာသော ယာဉ်များ၌ အသုံးပြုနိုင်သည်။
- (ဂ) ပြည်ထောင်စုလွှတ်တော်၊ ပြည်သူ့လွှတ်တော်နှင့် အမျိုးသားလွှတ်တော်အဆောက်အအုံများ၊ပြည်ထောင်စုအဆင့်အဖွဲ့အစည်း၏ရုံးများ၊တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်လွှတ်တော်အဆောက်အအုံများတိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်အဆင့် အဖွဲ့အစည်း၏ရုံးများ၊နေပြည်တော်ကောင်စီရုံး၊ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်း သို့မဟုတ် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသဦးစီးအဖွဲ့ရုံးများတွင် တပ်ဆင်အသုံးပြုနိုင်သည်။
- (ဃ) ဝန်ကြီးဌာနအသီးသီးနှင့် ယင်း၏လက်အောက်ရှိ ဝန်ထမ်းရုံးအဆင့်ဆင့်တွင်လည်းကောင်း၊တရားရုံးအဆင့်ဆင့်တွင်လည်းကောင်း၊ပြည်ထောင်စုအစိုးရအဖွဲ့မှ တပ်ဆင်ရန်ခွင့်ပြုထားသော ဌာန၊အဖွဲ့အစည်းများ၏ ရုံးများတွင်လည်းကောင်း တပ်ဆင်အသုံးပြုနိုင်သည်။
- (င) ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံ၏ သံရုံးများ၊ အမြဲတမ်းကိုယ်စားလှယ်ရုံးများနှင့် အဆင့်ဆင့်သော ကောင်စစ်ဝန်ရုံးများတွင် တပ်ဆင်အသုံးပြုနိုင်သည်။
- (စ) နိုင်ငံတော်ဧည့်ခံအခမ်းအနားများနှင့် နိုင်ငံတော်ကို ကိုယ်စားပြုသောပုဂ္ဂိုလ်များက ပြုလုပ်သောအခမ်းအနားများတွင် အသုံးပြုသော ပစ္စည်းများတွင် ရိုက်နှိပ်၍ အသုံးပြုနိုင်သည်။
- (ဆ) နိုင်ငံတော်ထုတ်ငွေစက္ကူနှင့် တံဆိပ်ခေါင်းများတွင် ရိုက်နှိပ်၍အသုံးပြုနိုင်သည်။
- (ဇ) နိုင်ငံတော်သမ္မတကခွင့်ပြုထားသော အဖွဲ့အစည်းများနှင့် ကာကွယ်ရေးဝန်ကြီးဌာန၏ ကွပ်ကဲမှုလက်အောက်ရှိ လက်နက်ကိုင်တပ်ဖွဲ့ဝင်များ၏ ဝန်ထမ်းအဆင့်အတန်းနှင့် စပ်လျဉ်း၍လည်းကောင်း၊ယင်းဝန်ထမ်းများ၏ ဝတ်စားဆင်ယင်မှုနှင့် စပ်လျဉ်း၍လည်းကောင်း အသုံးပြုနိုင်သည်။
- (ဈ) ပြည်ထောင်စုလွှတ်တော်၊ ပြည်သူ့လွှတ်တော်၊အမျိုးသားလွှတ်တော်၊တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်လွှတ်တော်၊ပြည်ထောင်စုအဆင့်အဖွဲ့အစည်းများ၊တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်အဆင့် အဖွဲ့အစည်းများ၊နေပြည်တော်ကောင်စီ၊ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်း သို့မဟုတ် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသဦးစီးအဖွဲ့များနှင့် ပြည်ထောင်စုအစိုးရမှခွင့်ပြုထားသော ဌာန၊အဖွဲ့အစည်းများ၏ ရုံးသုံးစာရွက်စာတမ်းများပေါ်တွင် ရိုက်နှိပ်အသုံးပြုနိုင်သည်။
- (ည) နိုင်ငံတော်အစည်းအဝေးများနှင့် အခမ်းအနားများတွင် အသုံးပြုနိုင်သည်။[၁]
Remove ads
အခန်း (၃)
အထွေထွေ
နိုင်ငံတော်အထိမ်းအမှတ်တံဆိပ်နည်းဥပဒေများ (၁၉၇၄ခုနှစ် ပြည်သူ့လွှတ်တော်နည်းဥပဒေများ အမှတ်၂)ကို ဤနည်းဥပဒေဖြင့် ရုပ်သိမ်းလိုက်သည်။
(ပုံ) သီဟသူရတင်အောင်မြင့်ဦး
အတွင်းရေးမှူး (၁)
နိုင်ငံတော်အေးချမ်းသာယာရေးနင့်ဖွံ့ဖြိုးရေးကောင်စီ
ကိုးကား
Wikiwand - on
Seamless Wikipedia browsing. On steroids.
Remove ads