မာနယ်ပလော

From Wikipedia, the free encyclopedia

Remove ads

မာနယ်ပလော (ကရင်: မၤနၢၤပျီ; အင်္ဂလိပ်: Manerplaw) သည် မြန်မာနိုင်ငံကရင်ပြည်နယ်တွင် တည်ရှိခဲ့သော ရွာတစ်ရွာ ဖြစ်သည်။ ယင်းကို ကရင်လူမျိုးများ အုပ်ချုပ်သော လွတ်လပ်သည့်ပြည်နယ် ကော့သူးလေ၏ မြို့တော်အဖြစ် အဆိုပြုခဲ့ကြသည်။ မာနယ်ပလောကို ၁၉၇၅ ခုနှစ်တွင် တည်ထောင်ခဲ့ပြီး[] ၁၉၉၂ ခုနှစ်တွင် အစိုးရစစ်တပ်၏ တိုက်စစ်ကြောင့် နေထိုင်သူများ မစွန့်ခွာမီက လူဦးရေ ၃,၀၀၀ ခန့် ရှိခဲ့သည်။[] ကရင်ပြည်နယ်တွင် ရွာအဖြစ် ၁၉၇၅ တွင် တည်ထောင်ခဲ့သည်။

အချက်တိုများ မာနယ်ပလော မၤနၢၤပျီ, နိုင်ငံ ...

ကရင် အမျိုးသား အစည်းအရုံး (KNU)၊ မြန်မာနိုင်ငံလုံးဆိုင်ရာကျောင်းသားများဒီမိုကရက်တစ်တပ်ဦး (ABSDF)၊ လူ့ဘောင်သစ်ဒီမိုကရက်တစ်ပါတီအမျိုးသား ဒီမိုကရေစီ အင်အားစုပြည်ထောင်စု မြန်မာနိုင်ငံ အမျိုးသားညွန့်ပေါင်းအစိုးရ အပါအဝင် အတိုက်အခံအဖွဲ့အစည်းများ၏ ဌာနချုပ်သည် မာနယ်ပလောတွင် တည်ရှိခဲ့သည်။[]


မာနယ်ပလောကို တပ်မတော်နှင့် ဒီမိုကရက်တစ် တိုးတက်သော ဗုဒ္ဓဘာသာ ကရင်တပ်မတော် (ဒီကေဘီအေ) တပ်ဖွဲ့များက ၁၉၉၅ ခုနှစ် ဇန်နဝါရီ ၂၇ တွင် တိုက်ခိုက် သိမ်းပိုက်ခဲ့ပြီး နောက်ပိုင်းတွင် စွန့်ပစ်ခဲ့သည်။[]

၂၀၂၄ ခုနှစ် ဒီဇင်ဘာ ၁၆ ရက်နေ့တွင် မာနယ်ပလောဒေသက စစ်ကောင်စီရဲ့ ဗျူဟာစခန်းအဆင့် ပွိုင့် (၉၁၃) နို့ဒေးစခန်းကို KNLA ဦးဆောင်တဲ့ တော်လှန်ရေးတပ်ဖွဲ့တွေက ပြန်လည်သိမ်းပိုက်ခဲ့သည်။ စစ်ကောင်စီတပ်ဖွဲ့ဝင် အလောင်း ၁၀ လောင်းနဲ့ တပ်ရင်းမှူးအပါ အရှင် ၅ယောက် သိမ်းဆည်းရမိခဲ့သည် ။ ပွိုင့် ၉၁၃ နို့ဒေးစခန်းကိုပါ သိမ်းပိုက်နိုင်ခဲ့တဲ့အတွက် မာနယ်ပလောနယ်မြေကို KNU က အလုံးစုံ ပြန်လည်ထိန်းချုပ်နိုင်ခဲ့သည် ။

Remove ads

ကိုးကား

Loading related searches...

Wikiwand - on

Seamless Wikipedia browsing. On steroids.

Remove ads