ဖယ်ကွန်သိမ်းနှင့်အလားတူ ငှက်များ

From Wikipedia, the free encyclopedia

ဖယ်ကွန်သိမ်းနှင့်အလားတူ ငှက်များ
Remove ads

ဖယ်ကွန်သိမ်းနှင့်အလားတူ ငှက်များ (en: Falconiformes, ဖယ်ကွန်နီဖောမ်းစ်, "ဖယ်ကွန်ပုံသဏ္ဌာန်ရှိသော") သည် ရှင်သန်ဆဲဖြစ်သော မျိုးရင်း- Falconidae (ဖယ်ကွန်သိမ်းနှင့် ကယ်ရာကယ်ရာငှက်မျိုးရင်းများပါ)နှင့် မျိုးကွဲမှု ရှုပ်ထွေးဆန်းကျယ်သည့် Paleogene မျိုးစိတ်များအားလုံးကို ကိုယ်စားပြုထားသည့် မျိုးစဉ်(Order) တစ်ခုဖြစ်သည်။

အချက်တိုများ မျိုးရိုးခွဲခြားခြင်း, တက်ဆာ အခွဲများ ...

ရှေးရိုးအယူအဆအားဖြင့် သားကောင်ဖမ်းငှက်များ (Birds of prey) ဖြစ်ကြသည့်- Cathartidae (ကမ္ဘာသစ်လင်းတ (သို့) ကွန်းဒေါလင်းတ) ၊ Sagittariidae (ကလောင်ငှက်) ၊ Pandionidae (ဝံလက်ငှက်) ၊ Accipitridae (လင်းယုန်/ သိမ်းငှက်/စွန်ရဲ) စသည့် ငှက်အမျိုးအနွယ်များကို Falconiformes အဖြစ် သတ်မှတ်ထားခဲ့ကြသည်။ သို့ရာတွင် ၂၀၀၈ ခုနှစ်၌ အမျိုးမျိုးသော ငှက်မျိုးရိုးဗီဇများ ခွဲခြမ်းစိတ်ဖြာ နှိုင်းယှဉ်မှု ရလဒ်တစ်ခုအားထုတ်ပြန်ခဲ့ရာတွင် ဖယ်ကွန်သိမ်း (Falcons) များသည် Seriemas, ကြက်တူရွေးစာကလေးမျိုးနွယ်များ ပါဝင်သည့် မျိုးတူအစုအဖွဲ့ (Clade) Australaves မှ တစိတ်တဒေသဖြစ်ကြောင်း တွေ့ရှိရသည်ဟုထုတ်ပြန်ခဲ့သည်။[][][]

၎င်း ဖယ်ကွန်သိမ်းများပါဝင်သော Australaves မျိုးတူအစု Clade သည် ကြက်တူရွေး-စာကလေးများ မျိုးတူအစု Clade ဖြစ်သည့် Psittacopasserae နှင့် ပိုမိုနီးကပ်ဆက်နွယ်ပြီး ထိုငှက်များအားလုံးအား မျိုးစဉ်အထက်တွင်ရှိသည့် မျိုးတူစု Eufalconimorphae Clade အတွင်း ပါဝင်ဖွဲ့စည်းထားသည်။[][][]

သိမ်းငှက်နှင့် ကွန်းဒေါလင်းတတို့သည့် ၎င်းတို့၏ ကိုယ်ပိုင် အခြေခံမျိုးတူအစု (Basal Clade) Afroaves သို့ ပါဝင်မှုမှတဆင့် Accipitrimorphae မျိုးတူအစု (Clade) ထဲသို့ ပါဝင်နေသည်။ ၎င်းမျိုးတူအစု Accipitrimorphae Clade သည် ဇီးကွက်မျိုးစဉ်၊ သစ်တောက်ငှက်မျိုးစဉ်များနှင့် ပို၍နီးစပ်နေသည်။[][][][]

Remove ads

မျိုးရိုးစဉ်ဆက်ဇယား

Braun နှင့် Kimball ပညာရှင်များမှ မျိုးရိုးဗီဇ ခွဲခြမ်းစိတ်ဖြာထားသည့် ရလဒ်ထုတ်ပြန်ချက် (၂၀၂၁ ခုနှစ်)[] ကိုအခြေခံ၍ ပြုလုပ်ထားသည့် မျိုးရိုးစဉ်ဆက်ဇယားရုပ်ပုံကားချပ်ကို အောက်တွင်ကြည့်ရှုပါ -

ငှက်မျိုးစဉ် တစိတ်တဒေသဖော်ပြချက်
Telluraves
Accipitrimorphae

Cathartiformes (ကမ္ဘာသစ်လင်းတများ)

Accipitriformes (သိမ်း/လင်းယုန်/စွန်/လင်းတမျိုးနွယ်များ)

Strigiformes (ဇီးကွက်မျိုးနွယ်)

Coraciimorphae

Coliiformes (mouse birds)

Cavitaves

Leptosomiformes (cuckoo roller)

Trogoniformes
(ထပ်တယူငှက်များနှင့် quetzals)

Picocoraciae

Bucerotiformes
(အောက်ချင်းမျိုးနွယ်များ)

Picodynastornithes

Coraciiformes
(ပိန်ညင်းငှက်မျိုးနွယ်များ)

Piciformes
(သစ်တောက်မျိုးနွယ်များ)

Australaves

Cariamiformes (Seriemas)

Eufalconimorphae

Falconiformes (ဖယ်ကွန်မျိုးနွယ်များ)

Psittacopasserae

Psittaciformes
(ကြက်တူရွေးမျိုးနွယ်များ)

Passeriformes
(စာကလေးမျိုးနွယ်များ)

Remove ads

ကိုးကား

Loading related searches...

Wikiwand - on

Seamless Wikipedia browsing. On steroids.

Remove ads