ဖေမြင့်

အငြိမ်းစားပြည်ထောင်စုဝန်ကြီး From Wikipedia, the free encyclopedia

ဖေမြင့်
Remove ads

ဦးဖေမြင့် (၁၅ ဒီဇင်ဘာ ၁၉၄၉ မွေးဖွား) သည် မြန်မာ အမျိုးသား စာရေးဆရာတစ်ဦး ဖြစ်ပြီး ပြန်ကြားရေးဝန်ကြီးဌာန၏ ပြည်ထောင်စုဝန်ကြီး အဖြစ် တာဝန်ထမ်းဆောင်ခဲ့သူ ဖြစ်သည်။ ၂၀၁၆ ခုနှစ် မတ်လ ၂၂ ရက်နေ့တွင် ပြန်ကြားရေးဝန်ကြီးဌာန၏ ဝန်ကြီးအဖြစ် သမ္မတဦးထင်ကျော်က အဆိုပြုခဲ့ပြီး မတ်လ ၂၄ ရက်နေ့တွင် ပြည်ထောင်စုလွှတ်တော်က အတည်ပြုခဲ့သည်။[][][][][]

အချက်တိုများ သီရိပျံချီ ဦးဖေမြင့်, ပြန်ကြားရေးဝန်ကြီးဌာန ...
Remove ads

အစောပိုင်းဘဝ

ဦးဖေမြင့်အား ရခိုင်ပြည်နယ်သံတွဲမြို့တွင် အဖ ဦးအောင်ငြိမ်း၊ အမိ ဒေါ်ခင်သိန်း တို့မှ ၁၉၄၉ ခုနှစ်၊ ဒီဇင်ဘာ ၁၅ ရက်တွင် မွေးဖွားသည်။ သံတွဲမြို့ အစိုးရအထက်တန်းကျောင်း အမှတ် (၁) မှ တက္ကသိုလ်ဝင်တန်း အောင်မြင်သည်။ ၁၉၇၅ ခုနှစ်တွင် ဆေးတက္ကသိုလ် (၁) ရန်ကုန်မှ အမ်ဘီဘီအက်စ်ဘွဲ့ ရသည်။[] ဆေးကျောင်းသားဘ၀မှ စတင်၍ စာပေရေးသားခဲ့သည်။ ၁၉၇၇-ခုနှစ်မှ ၁၉၇၈-ခုနှစ်အတွင်း အထွေထွေကု ဆရာဝန်အဖြစ် ဆောင်ရွက်ခဲ့သည်။ ၁၉၈၈ ခုနှစ် အထိ ပြင်ပ အထွေထွေ ရောဂါကု ဆရာဝန် အဖြစ် ဆောင်ရွက်ခဲ့ပြီး၊ ၎င်းနောက်တွင် စာပေလုပ်ငန်း တစ်ခုတည်းကိုသာ စူးစိုက် လုပ်ကိုင် ခဲ့သည်။

Remove ads

၂၀၂၁ နောက်ပိုင်းဖြစ်ရပ်များ

ဦးဖေမြင့်သည် ၂၀၂၁ စစ်အာဏာသိမ်းခြင်းအစောပိုင်းကာလများတွင် အဖမ်းခံရသည်။ ပုဒ်မတပ် အရေးယူခံရခြင်း မရှိဘဲ နေပြည်တော် ရှိ စစ်ဌာနချုပ်တစ်ခုတွင် အကျယ်ချုပ်အဖြစ် တစ်နှစ်ခွဲခန့် နေခဲ့ရသည်။၂၀၂၂ ခုနှစ် နိုဝင်ဘာ ၁၈ရက်တွင် အကျယ်ချုပ်မှ ပြန်လွတ်လာသည်။ဦးဖေမြင့်အား နေအိမ်အကျယ်ချုပ်မှ ပြန်မလွှတ်မှီ ၁ရက်အလိုတွင် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီက သီရိပျံချီဘွဲ့ ပေးအပ်ခဲ့သည်။[]

စာပေရေးသားခြင်း

တက္ကသိုလ်ကျောင်းသားဘဝကစ၍စာများ စတင်ရေးသားသည်။ အစပိုင်းတွင် ဘာသာပြန်ဝတ္ထုများ၊ ထိုနောက် ၁၉၈၆ ခုနှစ်က စ၍ ပင်ကိုရေးဝတ္ထုတိုများ ရေးသားသည်။ ၁၉၈၉ ခုနှစ်စ၍ အတ္ထုပ္ပတ္တိနှင့် အသုံးချစိတ်ပညာဆိုင်ရာစာပေများ ရေးသားပြုစုခဲ့သည်။

“စာပေဂျာနယ်” ကို စတင်စီစဉ်သူတစ်ဦးဖြစ်၍ ဂျာနယ် အမှတ် – ၁၂ အထိ အယ်ဒီတာအဖြစ် ဆောင်ရွက်ခဲ့သည်။ ၁၉၈၉ ဇန်နဝါရီမှ ၁၉၉၁ အကုန်ပိုင်းအထိ “သင့်ဘဝ မဂ္ဂဇင်း” အယ်ဒီတာအဖြစ် တာဝန်ယူခဲ့ပြီး၊ ၁၉၉၅ ခုနှစ်၊ စက်တင်ဘာလက စတင်၍ “ဒီလှိုင်းမဂ္ဂဇင်း” ၏ အယ်ဒီတာချုပ်အဖြစ် ဆောင်ရွက်ခဲ့သည်။

ဆေးရုံ၊ အချစ်ဦး၊ လူနာဆောင် အမှတ်ခြောက်၊ ကျွန်းနှင့် အခြား ဝတ္ထုတိုများ၊ အောင်မြင်မှု ချမ်းသာသုခနှင့် ဓနဥစ္စာ၊ စိန်မြေဧကများစွာ၊ မဟာ ကရုဏာများနှင့် ဘာကြောင့် ခုထိမချမ်းသာသေးတာလဲ စသည့် စာအုပ်များသည် ဆရာဖေမြင့်၏ အောင်မြင်ကျော်ကြားသော စာအုပ်များ ဖြစ်ကြသည်။ ဆရာဖေမြင့်သည် လူသုံးကုန်ပစ္စည်းရောင်းသူများနှင့် အခြားဝတ္ထုတိုများစာအုပ်ဖြင့် ၁၉၉၅ ခုနှစ်တွင် အမျိုးသားစာပေဆု (ဝတ္ထုတိုပေါင်းချုပ်ဆု) ရရှိခဲ့သည်။

ကလောင်ခွဲ ဇော်ငြိမ်းဖြင့် အမေရိကန်စာရေးဆရာ လူးဝီလာမား၏ ကောင်းဘွိုင်ဝတ္ထုများကို ဘာသာပြန်ဆိုခဲ့ဖူးသည်။

ရေးသား ထုတ်ဝေခဲ့သော စာအုပ်များ

  1. ဆေးရုံ (Arthur Hailey ၏ The Final Diagnosis)- (၁၉၇၅ ခုနှစ်)
  2. လူနာဆောင် အမှတ် (၆) (Anton Chekhov ၏ Ward Six) – (၁၉၇၇ ခုနှစ်)
  3. အချစ်ဦး ( Ivan Turgenev ၏ First Love ) – (၁၉၈၈ ခုနှစ်)
  4. ကျွန်းနှင့် အခြား ဝတ္ထုတိုများ – (၁၉၉ဝ ပြည့်နှစ်)
  5. အောင်မြင်မှု ချမ်းသာသုခနှင့် ဓနဥစ္စာ – (၁၉၉၂ ခုနှစ်)
  6. ချုံကြားမှ ဘုံဖျားသို့ – (၁၉၉၃ ခုနှစ်)
  7. မရဏာနုဿတိနှင့် အခြားဝတ္ထုတိုများ – (၁၉၉၃ ခုနှစ်)
  8. မဟာ ကရုဏာရှင်များ – (၁၉၉၃ ခုနှစ်)
  9. စိတ်၏ သတ္တိစွမ်းများ – (၁၉၉၃ ခုနှစ်)
  10. မူမှန်စိတ် မူမှန်အတွေး မူမှန် အကျင့်အကြံ (၁)- (၁၉၉၃ ခုနှစ်)
  11. သင့်စိတ် သင့်အတွေးအကြံများ အတိုင်းတာ – (၁၉၉၃ ခုနှစ်)
  12. အပြောင်မြောက်ဆုံး ဘဝတခု တည်ဆောက်ခြင်း – (၁၉၉၄ ခုနှစ်)
  13. စိန်မြေဧကများစွာ – (၁၉၉၅ ခုနှစ်)
  14. ဘဝ ဒဿနာ ရသစာများ – (၁၉၉၅ ခုနှစ်)
  15. မူမှန်စိန် မူမှန်အတွေး မူမှန် အကျင့်အကြံ (၂)- (၁၉၉၅ ခုနှစ်)
  16. လူသုံးကုန်ပစ္စည်း ရောင်းဝယ် သူများနှင့် အခြား ဝတ္ထုတိုများ – (၁၉၉၅ ခုနှစ်) အမျိုးသား စာပေဆုရ
  17. ဒေးကာနက်ဂျီ – (၁၉၉၆-ခုနှစ်)
  18. မဖြစ်နိုင်ဘူး ဆိုတာ သေချာပြီလား – (၁၉၉၆- ခုနှစ်)
  19. ကိုယ်ပိုင် လုပ်ငန်းနဲ့ ကြီးပွားမယ့် ပုဂ္ဂိုလ် – (၁၉၉၇- ခုနှစ်)
  20. ဘေဘီလုံမှာ အချမ်းသာဆုံး ပုဂ္ဂိုလ် – (၁၉၉၇ ခုနှစ်)(Geroge s calson)(The richest man in babylon
  21. နှလုံးသား အာဟာရ ရသစာများ (၁) – (၁၉၉၈ ခုနှစ်)
  22. စနစ်တကျ လေ့ကျင့် တည်ဆောက်ထားသော စိတ်၏ သတ္တိ စွမ်းအားများ – (၁၉၉၈ ခုနှစ်)
  23. ဟောနည်းပြောနည်း ကိုယ့်ဘက်ပါအောင် စည်းရုံးနည်းများ – (၁၉၉၈ ခုနှစ်)
  24. ကိုယ်ထူး ကိုယ်ချွန်သမား အတွက် လက်စွဲ စကားများ – (၁၉၉၈ ခုနှစ်)
  25. ပြောတတ် ဆိုတတ် ပေါင်းသင်းတတ်တဲ့သူ – (၁၉၉၈ ခုနှစ်)
  26. ဦးနှောက်တွင် ရင်းနှီးမြှုပ်နှံပါ – (၁၉၉၉ ခုနှစ်)
  27. ဘာကြောင့် ခုထိ မချမ်းသာ သေးတာလဲ – (၁၉၉၉ ခုနှစ်)
  28. နှလုံးသားအာဟာရ ရသစာများ (၂) – (၂ဝဝဝ ပြည့်နှစ်)
  29. မည်သို့ပင်ဖြစ်စေ – (၂ဝဝဝ ပြည့်နှစ်)
  30. နှလုံးသားအာဟာရ ရသစာများ (၃) – (၂ဝဝ၁ ခုနှစ်)
  31. ဂျီးနီယပ် (စ်) ထူးချွန် ထက်မြက်မှု စာစု – (၂ဝဝ၂ ခုနှစ်)
  32. စာဖတ်သမား၏ မှတ်စုများ (၂၀၀၃)
  33. စိတ်ဓာတ်နှင့်နည်းနာ (၂၀၀၄)
  34. တန်ဖိုးထားအပ်သော အရာများ (၂၀၀၄)
  35. ဆတ်သေချောင်းဒဏ္ဍရီနှင့် အခြားဝတ္ထုတိုများ (၂၀၀၅)
  36. ဦးနှောက်နှင့် နှလုံးသား (၂၀၀၅)
  37. အားပြင်းတဲ့ မြားတစ်စင်း (၂၀၀၅)
  38. စီးပွားရေးတွေးခေါ်ရှင်များ (၂၀၀၇)
  39. နာမည်တစ်လုံး ရမလာခင်တုန်းက (၂၀၀၈)
  40. စာအုပ်ကမ္ဘာ (၂၀၀၉)[]
Remove ads

မိသားစု

ဇနီး ဒေါ်ခိုင်နွယ်ဦး၊ သား မောင်ဖေဇော်ဦး၊ သမီး မချိုစုစုခိုင် တို့နှင့်အတူ အင်းစိန်မြို့နယ် နံ့သာကုန်းရပ်ကွက် အဝေရာလမ်းတွင် နေထိုင်လျက် ရှိသည်။

ကိုးကား

Loading related searches...

Wikiwand - on

Seamless Wikipedia browsing. On steroids.

Remove ads