မောင်ကို (ကောင်စီဥက္ကဋ္ဌ)
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဝင် From Wikipedia, the free encyclopedia
Remove ads
ဦးမောင်ကိုသည် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင် အဖြစ် တာဝန်ထမ်းဆောင်ခဲ့သူဖြစ်သည် ။[၂] [၃]ယခင်က မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ်၊ မန္တလေးတိုင်းဒေသကြီးစီမံအုပ်ချုပ်ရေးကောင်စီ၏ ဥက္ကဋ္ဌအဖြစ် လုပ်ကိုင်ခဲ့သည်။ မန္တလေးတိုင်းဒေသကြီးကုန်သည်ကြီးများနှင့် စက်မှုလက်မှုလုပ်ငန်းရှင်များအသင်း၏ နာယကလည်းဖြစ်ကာ G bank၊ ရွှေဥဩရွှေဆိုင်နှင့် ထာဝရသတ္တုတူးဖော်ရေးကုမ္ပဏီတို့၏ ပိုင်ရှင်လည်းဖြစ်သည်။[၄]
Remove ads
နိုင်ငံရေး
၂၀၂၁ခုနှစ်တွင် နိုင်ငံတော်အာဏာကို တပ်မတော်မှသိမ်းပိုက်ပြီးနောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီကိုဖွဲ့စည်းခဲ့သည်။ ပြည်နယ်နှင့် တိုင်းဒေသကြီးများတွင် ပြည်နယ်နှင့် တိုင်းဒေသကြီး စီမံအုပ်ချုပ်ရေးကောင်စီများကို ဖွဲ့စည်းခဲ့ကာ ဦးမောင်ကိုသည် မန္တလေးတိုင်း၏ ဥက္ကဋ္ဌအဖြစ် ခန့်အပ်ခြင်းခံခဲ့ရသည်။[၅]၂၀၂၁ခုနှစ် ဩဂုတ်လ ၁ရက်နေ့တွင် အိမ်စောင့်အစိုးရအဖြစ် ဖွဲ့စည်းသောအခါ တိုင်းဒေသကြီးဝန်ကြီးချုပ် ဖြစ်လာပြီး တတိယမြောက် မန္တလေးတိုင်းဒေသကြီးဝန်ကြီးချုပ် ဖြစ်လာခဲ့သည်။[၆] ယင်းနောက် ၂၀၂၃ ဖေဖော်ဝါရီ ၁ရက်နေ့တွင် တိုင်းဝန်ကြီးချုပ်အဖြစ်မှ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ အဖွဲ့ဝင် ဖြစ်ခဲ့သည်။ထိုတာဝန်ကို ၂၀၂၃ ဩဂုတ် ၂ရက် အထိ တာဝန်ထမ်းဆောင်သည်။
Remove ads
အရေးယူပိတ်ဆို့ခံရခြင်း
၂၀၂၁ခုနှစ် ဒီဇင်ဘာလတွင် အမေရိကန်နိုင်ငံက မြန်မာနိုင်ငံရှိ ပြည်နယ်နှင့် တိုင်းဒေသကြီး ဝန်ကြီးချုပ် (၄)ဦးအား အရေးယူပိတ်ဆို့ရာ ဦးမောင်ကိုလည်း ပါဝင်ခဲ့သည်။[၇][၈]
ကိုးကား
Wikiwand - on
Seamless Wikipedia browsing. On steroids.
Remove ads