ပွင့်ဆန်း

မြန်မာ့နိုင်ငံရေးသမားနှင့်ဝန်ကြီး(ငြိမ်း) From Wikipedia, the free encyclopedia

Remove ads

ဒေါက်တာ ပွင့်ဆန်း [](၁၃ ဇူလိုင် ၁၉၆၁ မွေးဖွား) သည် အလုပ်သမားဝန်ကြီးဌာန၏ ပြည်ထောင်စုဝန်ကြီး[] နှင့် စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး အဖြစ် တာဝန်ထမ်းဆောင်ခဲ့သူဖြစ်သည်။ ထိုတာဝန်များကို နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ လက်ထက် တွင် ထမ်းဆောင်ခဲ့ခြင်းဖြစ်သည်။

အချက်တိုများ သီရိပျံချီ ဒေါက်တာပွင့်ဆန်း, အလုပ်သမားဝန်ကြီးဌာန ...
Remove ads

နိုင်ငံရေးသမားဘဝ

ဒေါက်တာပွင့်ဆန်း သည် ဆေးတက္ကသိုလ်(၂) ကျောင်းဆင်းဆရာဝန်တစ်ဦးဖြစ်သည်။ ရန်ကုန်စီးပွားရေးတက္ကသိုလ်မှ နေ၍လည်း ဘွဲ့ရရှိခဲ့သည်။ နောက်ပိုင်း စီးပွားရေးလုပ်ငန်းရှင်တစ်ဦး ဖြစ်လာသည်။[]

ရွေးကောက်ပွဲ ဝင်ပြိုင်မှု

၎င်းသည် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ ကိုယ်စားပြု၍ အထွေထွေရွေးကောက်ပွဲ ၂၀၁၀ တွင် မရမ်းကုန်းမြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်အဖြစ် ဝင်ပြိုင်ရင်း အနိုင်ရပြီးနောက် နိုင်ငံရေးသမားတစ်ဦးဖြစ်လာသည်။[] သမ္မတ ဦးသိန်းစိန်၏ သမ္မတသက်တမ်းအတွင်း စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန ဒုတိယဝန်ကြီးတာဝန်ထမ်းဆောင်သည်။ [] ယင်းနောက် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီတွင် ဗဟိုအလုပ်အမှုဆောင်ဖြစ်လာသည်။ အထွေထွေရွေးကောက်ပွဲ ၂၀၁၅ တွင် မရမ်းကုန်းမြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်လောင်းအဖြစ်လည်းကောင်း၊ အထွေထွေရွေးကောက်ပွဲ ၂၀၂၀ တွင် မရမ်းကုန်းမဲဆန္ဒနယ် အမှတ်(၂) တိုင်းလွှတ်တော်ကိုယ်စားလှယ်လောင်းအဖြစ် လည်းကောင်း ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီကိုယ်စားပြု၍ ရွေးကောက်ပွဲ ဝင်ခဲ့သည်။[] အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီ ကိုယ်စားလှယ်လောင်းအား မဲ အပြတ်အသတ်ဖြင့် ရှုံးနိမ့်သည်။[] []

၂၀၂၁ နောက်ပိုင်း

၂၀၂၁ မြန်မာနိုင်ငံ စစ်အာဏာသိမ်းခြင်း နောက်ပိုင်း ၂၀၂၁ ဖေဖော်ဝါရီ ၃ ရက်တွင် ၎င်းအား စစ်ကောင်စီက စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီး အဖြစ် ခန့်အပ်ခံရသည်။[]ထိုရာထူး လက်ခံခဲ့၍ ဘီဘီစီမှတဆင့် ၎င်း၏သားဖြစ်သူ ဩစတြေးလျနိုင်ငံနေ ဒေါက်တာ ဘရိုင်ယန်၏ ဝေဖန်ချက်ကလည်း ထင်ရှားလှသည်။

ယင်းနောက် ၂၀၂၂ ခုနှစ်၊ ဩဂုတ်လ ၁၉ ရက်နေ့တွင် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ အမိန့်အမှတ်၊ ၄၈ / ၂၀၂၂ ဖြင့် အလုပ်သမားဝန်ကြီးအဖြစ် ပြောင်းလဲတာဝန်ပေးခြင်းခံရသည်။ [၁၀]

၂၀၂၃ ဩဂုတ် ၂ရက်တွင် ဝန်ကြီးအဖြစ်မှ အနားပေးခံရသည်။ [၁၁]

Remove ads

ပိတ်ဆို့အရေးယူခံရမှု

အမေရိကန်ပြည်ထောင်စု ဘဏ္ဍာရေးဝန်ကြီးဌာန၏ နိုင်ငံရပ်ခြားပိုင်ဆိုင်မှုများထိန်းချုပ်ရေးဌာန (အိုအက်ဖ်အေစီ)က ၂၀၂၁ ခုနှစ် မေလ ၁၇ရက်နေ့ ဒဏ်ခတ်ပိတ်ဆို့အရေးယူမှုတွင် ဒေါက်တာပွင့်ဆန်းလည်းပါဝင်ခဲ့သည်။[၁၂] [၁၃] ၂၀၂၃ ဇူလိုင် ၂၀ရက်တွင် ဥရောပသမဂ္ဂက ပိတ်ဆို့အရေးယူမှု စာရင်းထဲ ထည့်သွင်းခဲ့သည်။[၁၄][၁၅]

မိသားစုဘဝ

အိမ်ထောင်ရှိကာ သား၊သမီး ၄ဦးရှိပြီး တစ်ဦးမှာ ဩစတြေးလျတွင် နေထိုင်နေသည်။[၁၆]

ဂုဏ်ပြုခံရခြင်း

၂၀၂၂ ခုနှစ် နိုဝင်ဘာ ၁၇ ရက်တွင် ၎င်းကို နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌက အမိန့်ကြော်ငြာစာအမှတ် ၂၁၁/ ၂၀၂၂ ဖြင့် စွမ်းဆောင်မှုဆိုင်ရာ ဂုဏ်ထူးဆောင်ဘွဲ့တစ်ခုဖြစ်သည့်  သီရိပျံချီဘွဲ့ကို ချီးမြှင့်အပ်နှင်းခဲ့သည်။ [၁၇]

ကိုးကား

Loading related searches...

Wikiwand - on

Seamless Wikipedia browsing. On steroids.

Remove ads