ရဲမြင့် (ဝန်ကြီးချုပ်)

တိုင်း​ဒေသကြီးဝန်ကြီးချုပ် အငြိမ်းစား From Wikipedia, the free encyclopedia

Remove ads

ဦးရဲမြင့် သည် ၂၀၁၁ ခုနှစ်မှ ၂၀၁၆ ခုနှစ်အထိ မန္တလေးတိုင်းဒေသကြီး ဝန်ကြီးချုပ်အဖြစ် တာဝန်ယူခဲ့သူ ဖြစ်သည်။ ယခင်က တပ်မတော် (ကြည်း)တွင် ဒုတိယ ဗိုလ်ချုပ်ကြီး ရာထူးနှင့်၊ စစ်ဘက်ရေးရာ လုံခြုံရေးအရာရှိချုပ် အဖြစ် ဆောင်ရွက်ခဲ့သည်။[]

အချက်တိုများ ဦးရဲမြင့်, ပထမ​မြောက်မန္တလေးတိုင်းဒေသကြီး ဝန်ကြီးချုပ် ...

၂၀၁၀ အထွေထွေ ရွေးကောက်ပွဲတွင် မန္တလေးတိုင်းဒေသကြီး လွှတ်တော်အတွက် ပြင်ဦးလွင်မြို့နယ် မဲဆန္ဒနယ်အမှတ် ၂ ကိုယ်စားပြု၍ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီမှ ဝင်ရောက်ယှဉ်ပြိုင်ပြီး အနိုင်ရရှိခဲ့သည်။[]

Remove ads

အကြမ်းဖက်တိုက်ခိုက်ခံရမှုနှင့် မီးလောင်မှုများ

၂၀၁၄ ခုနှစ် ဇန်နဝါရီလတွင် ဝန်ကြီးချုပ် ဦးရဲမြင့်နှင့် အခြားဝန်ကြီးနှစ်ဦးပါဝင်သော ယာဉ်တန်းသည် မိုးကုတ်မြို့မှ မန္တလေးမြို့သို့ ပြန်လာစဉ် နောင်ချိုမြို့နယ်၊ ပြင်ဦးလွင်-မိုးကုတ်လမ်းပေါ်တွင် လက်ဆွဲမိုင်းဖြင့် တိုက်ခိုက်ခံခဲ့ရသည်။[] ၂၀၁၄ ခုနှစ် ဧပြီလ ၁၉ ရက်နေ့တွင် ဦးရဲမြင့်၏ မန္တလေးနေအိမ်တွင် လေအေးပေးစက်၏ မီးထိန်းစက် အပူလွန်ရာမှ နေအိမ်မီးလောင်ခံခဲ့ရသည်။[] ၂၀၁၄ ခုနှစ် ဧပြီလ ၂၂ ရက်နေ့တွင် ဦးရဲမြင့်အား ပုဒ်မ ၂၈၅၊ မီးပေါ့ဆမှုဖြင့် အရေးယူခဲ့သည်။

Remove ads

ကိုးကား

Loading related searches...

Wikiwand - on

Seamless Wikipedia browsing. On steroids.

Remove ads