ရဲအောင် (ဒုတိယဗိုလ်ချုပ်ကြီး)

မြန်မာ့တပ်မ​တော်အရာရှိ၊ ဝန်ကြီးအငြိမ်းစား From Wikipedia, the free encyclopedia

Remove ads

ဒုတိယဗိုလ်ချုပ်ကြီးရဲအောင် သည် ၂၀၁၆ ခုနှစ် မတ်လ ၃၀ ရက်မှ ၂၀၂၁ခုနှစ် ​ဖေ​ဖော်ဝါရီ ၁ရက်​နေ့အထိ ဖွဲ့စည်းပုံအခြေခံဥပဒေအရ ပြည်ထောင်စုအစိုးရအဖွဲ့ နယ်စပ်ရေးရာ ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးအဖြစ် တာဝန်ထမ်းဆောင်ခဲ့သူဖြစ်သည်။[]၂၀၂၁ခုနှစ်တွင် တပ်မတော်မှ အငြိမ်းစားယူခဲ့ပြီး ၂၀၂၁ခုနှစ် နိုဝင်ဘာလမှစတင်ကာ မြန်မာနိုင်ငံ စစ်မှုထမ်းဟောင်းအဖွဲ့ ဗဟိုအမှုဆောင်အဖွဲ့ ဒုတိယဥက္ကဋ္ဌအဖြစ် ဆောင်ရွက်နေသည်။[]၂၀၂၁ခုနှစ် အာဏာသိမ်းယူမှုဖြစ်ပွားပြီးနောက် တပ်မတော်မှ ပြင်ဆင်ဖွဲ့စည်းသည့် ငြိမ်းချမ်းရေးဆွေးနွေးမှုကော်မတီတွင် အဖွဲ့ဝင် တစ်ဦးလည်း ပါဝင်လျှက်ရှိသည်။[]

အချက်တိုများ ဒုတိယဗိုလ်ချုပ်ကြီး ရဲအောင်, နယ်စပ်ရေးရာ ဝန်ကြီးဌာန ဝန်ကြီး ...
Remove ads

ငယ်ဘဝ နှင့် ဝန်ထမ်းဘဝ

မကွေးတိုင်းဒေသကြီး ချောက်မြို့ဇာတိဖြစ်ပြီး စစ်တက္ကသိုလ် အမှတ်စဉ်(၂၃) ဗိုလ်သင်တန်းဆင်းအရာရှိတစ်ဦး ဖြစ်သည်။ ကာကွယ်ရေးဦးစီးချုပ်ရုံး(ကြည်း)၌ စစ်ဦးစီးမှူး(ပထမတန်း)၊ ဒေသကွပ်ကဲမှုစစ်ဌာနချုပ်(တနိုင်း)၏ ဒု-ဒကစမှူး၊ အမှတ်(၉)စစ်ဆင်ရေးကွပ်ကဲမှုဌာနချုပ်မှူး၊ တပ်မတော်(ကြည်း)ဗိုလ်သင်တန်းကျောင်း (ဗထူး) ကျောင်းအုပ်ကြီး၊ အလယ်ပိုင်းတိုင်းစစ်ဌာနချုပ် တိုင်းမှူး နှင့် စစ်ဥပဒေချုပ် တာဝန်များကို အဆင့်ဆင့် ထမ်းဆောင်ခဲ့သည်။

Remove ads

ကိုးကား

Loading related searches...

Wikiwand - on

Seamless Wikipedia browsing. On steroids.

Remove ads