လျှပ်စစ်သံလိုက် စမွှားထင်းသီအိုရီ
From Wikipedia, the free encyclopedia
Remove ads
စမွှားရူပဗေဒ (Particle Physics) ၏ သီအိုရီတစ်ခု ဖြစ်သော ကွမ်တမ် အစ်လတ်ထြိုဒိုင်းနမစ် (ခေါ်) လျှပ်စစ်သံလိုက် စမွှားထင်း သီအိုရီ (အင်္ဂလိပ်: quantum electrodynamics; အတိုကောက် = QED) ဆိုသည်မှာ လျှပ်စစ်သံလိုက်ဓာတ်အကြောင်းကို နှိုင်းရသီအိုရီ သဘောတရားများနှင့်လည်း ညီစွာ တွက်ချက်ရှင်းပြသည့် စမွှား(ကွမ်တမ်)သဘောလည်းညီ စက်ကွင်းသီအိုရီ တစ်ခု[၁][၂] ဖြစ်သဖြင့် လျှပ်စစ်သံလိုက်ဓာတ် သက်ရောက်မှု၏ အကြောင်းရင်းခံကို ဖှိုတွန်သဖွယ် သင်္ချာသဘော ခေတ္တပြုမူသည့် သင်္ချာဇာတ်ကောင် ဖှိုတွန်အရာ (virtual photon) ကလေးများ အဖြစ် အမှုန်သဖွယ် စမွှားထင်းသည့် ရှုထောင့်သီအိုရီဟု ဆိုနိုင်ပါ၏။ အချုပ်အားဖြင့်၊ အလင်းနှင့် ဒြပ်သားတို့၏ အပြန်အလှန် သက်ရောက်ပုံကို ဤသီအိုရီက ရှင်းပြ၍၊ စမွှား သဘောယန္တရားစု (Quantum Mehcanics)နှင့် ထူးရှား နှိုင်းရသီအိုရီ (Special Relativity)မှ သဘောတရားတို့ကို သင်္ချာအုတ်မြစ်ကျနစွာ ပထမဆုံး ပေါင်းစပ် ဖော်ထုတ်လိုက်နိုင်သည့် သီအိုရီ ဖြစ်၏။[၃] လျှပ်ဓာတ်ဆောင် အမှုန်(စမွှား)တို့ အချင်းချင်း တွန်းအားဆွဲအား သက်ရောက်ခြင်း စသော လျှပ်စစ်သံလိုက်ဓာတ်ဆိုင်ရာ ဖြစ်အင်များ အားလုံးကို ဤ လျှပ်စစ်သံလိုက် စမွှားထင်း သီအိုရီ (QED) က သင်္ချာနည်းနှင့် ရှင်းပြပုံမှာ၊ လျှပ်ဓာတ်ဆောင်စမွှားတို့ကြား ဖှိုတွန်များ ဖလှယ်နေကြပုံသရုပ်နှင့် သွားတူနေလျက်၊ လျှပ်စစ်ံလိုက်ဓာတ်၏ အရင်းအမြစ်သဖွယ် ဤအရာကို ထည့်သွင်းစဉ်းစားထား၏။[၄]
![]() | ဤဆောင်းပါး သည် မပြီးစီးသေးပါ။ |
Remove ads
အကိုးအကား
Wikiwand - on
Seamless Wikipedia browsing. On steroids.
Remove ads