လှမြင့် (တရားသူကြီး)
From Wikipedia, the free encyclopedia
Remove ads
ဒေါ်လှမြင့် (၁၉၆၃ မွေးဖွား)သည် အမျိုးသမီးတရားသူကြီး တစ်ဦး ဖြစ်ပြီး၊လက်ရှိတွင် မန္တလေးတိုင်းဒေသကြီးတရားလွှတ်တော် တရားသူကြီးချုပ် အဖြစ် တာဝန်ထမ်းဆောင်နေသူဖြစ်သည်။[၁]
Remove ads
ဝန်ထမ်းဘဝ
ဒေါ်လှမြင့် သည် ၁၉၈၅ခုနှစ်တွင် ရန်ကုန်တက္ကသိုလ် မှ ဥပဒေဘွဲ့ကို ရရှိခဲ့သည်။၁၉၈၇ခုနှစ်တွင် တရားရေးအရာရှိအဆင့် (၄)အဖြစ် တရားရေးဌာနတွင် စတင်ဝင်ရောက်ခဲ့ပြီး၊ တရားရုံး အဆင့်ဆင့်တွင် တရားသူကြီးအဖြစ် တာဝန်ထမ်းဆောင်ခဲ့သည်။[၂]
သူသည် ရှေ့နေရှေ့ရပ် နှင့် စစ်ဆေးရေးဌာန၊ ပြည်ထောင်စု တရားစီရင်ရေး ကြီးကြပ်မှုရုံး၊ ပြည်ထောင်စုတရားလွှတ်တော်ချုပ် ၌ ဒုညွှန်ကြားရေးမှူးအဖြစ် တာဝန်ထမ်းဆောင်ခဲ့ပြီး ဝန်ထမ်းဘဝမှ အနားယူခဲ့သူဖြစ်သည်။
သူ၏ ဝန်ထမ်းလုပ်သက်မှာ စုစုပေါင်းလုပ်သက် (၃၂)နှစ်ကျော် ရှိသည်။
Remove ads
တရားလွှတ်တော်တရားသူကြီး
မန္တလေးတိုင်း ဒေသကြီးတရားလွှတ်တော် တရားသူကြီးအဖြစ် ၂၀၁၉ခုနှစ်၊ဇူလိုင် ၁၀ ရက် တွင် မန္တလေးတိုင်းဒေသကြီးလွှတ်တော်အထူးအစည်းအဝေး၌ မန္တလေးတိုင်းဝန်ကြီးချုပ် ဒေါက်တာဇော်မြင့်မောင်က အဆိုပြုတင်သွင်းခဲ့ပြီး၊၂၀၁၉ခုနှစ်၊ဇူလိုင် ၁၁ ရက် တွင် လွှတ်တော်က အတည်ပြုပေးခဲ့သည်။[၃]
၂၀၁၉ ခုနှစ်၊ ဇူလိုင်လ ၁၅ ရက်နေ့တွင် သမ္မတဦးဝင်းမြင့် က တိုင်းတရားလွှတ်တော်၏တရားသူကြီး အဖြစ် ခန့်အပ်ပေးခဲ့သည်။ထိုတာဝန်ကို ၂၀၂၅ ခုနှစ် စက်တင်ဘာ ၁၂ ရက် အထိ ထမ်းဆောင်ခဲ့သည်။
Remove ads
တရားလွှတ်တော်တရားသူကြီးချုပ်
မန္တလေးတိုင်းဒေသကြီးတရားလွှတ်တော် တရားသူကြီးချုပ် ဒေါ်ခင်သင်းဝေ သည် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင် အဖွဲ့ဝင် အဖြစ် ပြောင်းရွှေ့ခန့်အပ်ခံရပြီးနောက်[၄] သူသည် တရားလွှတ်တော်တရားသူကြီးချုပ် နေရာအား တာဝန်ပေးအပ်ခံရသည်။
ပုဂ္ဂိုလ်ရေးဘဝ
ဒေါ်လှမြင့်သည် အိမ်ထောင်မရှိသူ တစ်ဦးဖြစ်သည်။
ကိုးကား
Wikiwand - on
Seamless Wikipedia browsing. On steroids.
Remove ads