သန်းနုရွှေ

From Wikipedia, the free encyclopedia

Remove ads


ပါမောက္ခဒေါက်တာသန်းနုရွှေသည် မြန်မာ ကလေးအထူးကုဆရာဝန်ကြီးတစ်ဦးဖြစ်ပြီး အဖ ဦးစောစံရွှေ၊ အမိ ဒေါ်မြမြတင်တို့က ၁၉၄၅ ခုနှစ် ဖေဖော်ဝါရီလ ၁၆ ရက်နေ့တွင် မုဒုံမြို့၌ မွေးဖွားခဲ့သည်။ [] ပါမောက္ခချုပ်ဆေးတက္ကသိုလ် (၂) ရန်ကုန် အဖြစ် ၂၀၀၄ ခုနှစ်မှ ၂၀၀၇ ခုနှစ်အထိ တာဝန်ထမ်းဆောင်ခဲ့သည်။ လက်ရှိတွင် မြန်မာနိုင်ငံဆရာဝန်အသင်းကလေးကျန်းမာပညာအဖွဲ့၏ နာယက ဖြစ်သည်။[]

အချက်တိုများ ပါမောက္ခ ဒေါက်တာသန်းနုရွှေ FRCP, ပါမောက္ခချုပ်၊ ဆေးတက္ကသိုလ် (၂)၊ ရန်ကုန် ...
Remove ads

ပညာရေး

၁၉၆၀ ခုနှစ်တွင် တက္ကသိုလ်ဝင်တန်းအောင်မြင်ခဲ့ပြီး ၁၉၆၀ တွင် ဆေးပညာဘွဲ့ MBBS ၊ ၁၉၇၂ တွင် University of London မှ DCH ဘွဲ့၊ ၁၉၇၉ ခုနှစ်တွင် ဆေးတက္ကသိုလ် (၁) ရန်ကုန်မှ ဆေးပညာမဟာသိပ္ပံဘွဲ့ (ကလေးကျန်းမာပညာ)၊ ၁၉၈၅ ခုနှစ်တွင် London School of Hygiene and Tropical Medicine မှ Certificate in Epidemiology and Statistics နှင့် ၁၉၉၃ တွင် Royal College of Physicians, Edinburgh မှ FRCP (Edin.) ဘွဲ့များ ရရှိခဲ့သည်။[]

Remove ads

ဝန်ထမ်းဘဝ

  • လက်ထောက်ဆရာဝန်သာယာဝတီခရိုင်ဆေးရုံ ၁၉၆၈ - ၁၉၆၉
  • လက်ထောက်ဆရာဝန်၊ ရန်ကုန်ကလေးဆေးရုံကြီး ၁၉၆၉ - ၁၉၇၉
  • လက်ထောက်ကထိက၊​ ကလေးကျန်းမာပညာဌာန၊ ဆေးတက္ကသိုလ် (၁) ရန်ကုန် ၁၉၇၈ - ၁၉၈၆
  • ကထိက/ကလေးအထူးကုဆရာဝန်၊ မန္တလေးဆေးရုံကြီး ၁၉၈၆ - ၁၉၈၈
  • ကထိက/ကလေးအထူးကုဆရာဝန်၊ ကလေးကျန်းမာပညာဌာန၊ ဆေးတက္ကသိုလ် (၁) ရန်ကုန် ၁၉၈၈ - ၁၉၉၇
  • ပါမောက္ခ (ဘွဲ့လွန်)၊ ကလေးကျန်းမာပညာဌာန၊ ဆေးတက္ကသိုလ် (၁) ရန်ကုန် ၁၉၉၇ - ၂၀၀၃[]
  • ပါမောက္ခ၊ ဌာနမှူး၊ ကလေးကျန်းမာပညာဌာန၊ ဆေးတက္ကသိုလ် (၂) ရန်ကုန် ၂၀၀၃ - ၂၀၀၄
  • ပါမောက္ခချုပ်၊ ဆေးတက္ကသိုလ် (၂) ရန်ကုန် ၂၀၀၄ - ၂၀၀၇[][]


Remove ads

ရရှိသောဆုများ

  1. နိုင်ငံတော်အေးချမ်းသာယာရေးတံဆိပ်
  2. ပြည်သူ့ဝန်ထမ်းတံဆိပ်
  3. ငြိမ်ဝပ်ပိပြားရေးနှင့် တရားဥပဒေစိုးမိုးရေးတံဆိပ်[]

ကိုးကား

Loading related searches...

Wikiwand - on

Seamless Wikipedia browsing. On steroids.

Remove ads