အေးမောင်ဟန်

From Wikipedia, the free encyclopedia

Remove ads

ပါမောက္ခ ဒေါက်တာအေးမောင်ဟန် သည် ကလေးအထူးကုဆရာဝန်ကြီးတစ်ဦးဖြစ်ပြီး ၂၀၁၄ ခုနှစ်အတွင်း Myanmar Times သတင်းဌာနက ဖော်ပြသော ထင်ရှားကျော်ကြားမြန်မာဆရာဝန် ၁၀၀ ဦး စာရင်းတွင် တစ်ဦးအပါအဝင်ဖြစ်သည်။ []

အချက်တိုများ ပါမောက္ခ ဒေါက်တာ အေးမောင်ဟန်, ပါမောက္ခချုပ်၊ ဆေးတက္ကသိုလ် (၁)၊ ရန်ကုန် ...

ဒေါက်တာအေးမောင်ဟန်သည် ဆေးတက္ကသိုလ် (၁)၊ ရန်ကုန်ပါမောက္ခချုပ်အဖြစ် ၂၀၀၇ ခုနှစ်မှ ၂၀၀၉ ခုနှစ်အထိ တာဝန်ထမ်းဆောင်ပြီး အငြိမ်းစားယူခဲ့သည်။[]ပါမောက္ခ၊ ဌာနမှူး (ကလေးကျန်းမာပညာဌာန) တာဝန်များကို ဆေးတက္ကသိုလ် မန္တလေးဆေးတက္ကသိုလ်(၂) ရန်ကုန် [][] နှင့် ဆေးတက္ကသိုလ် (၁) ရန်ကုန်တို့တွင်လည်းကောင်း၊ ပါမောက္ခ (ကလေးကျန်းမာပညာဌာန) တာဝန်ကို ဆေးတက္ကသိုလ် (၁) ရန်ကုန်တွင်လည်းကောင်း ထမ်းဆောင်ခဲ့သည်။ ကလေးအထူးကုဆရာဝန်ကြီးတာဝန်ကို ရန်ကုန်ကလေးဆေးရုံကြီးမန္တလေးကလေးဆေးရုံကြီးနှင့် မြောက်ဥက္ကလာပ အထွေထွေရောဂါကုဆေးရုံကြီးတို့တွင် ထမ်းဆောင်ခဲ့သည်။ အငြိမ်းစားယူပြီးနောက် ၂၀၁၀ ခုနှစ်မှ ၂၀၁၄ ခုနှစ်အထိ ဘရူနိုင်းနိုင်ငံ ဘန်ဒါဆရီဘဂါဝမ်မြို့ RIPAS Hospital တွင် ကလေးအထူးကုဆရာဝန်ကြီးအဖြစ် လုပ်ကိုင်ခဲ့သည်။ []


Remove ads

ပညာရေး

ပါမောက္ခ ဒေါက်တာအေးမောင်ဟန်သည် အခြေခံပညာအထက်တန်းကျောင်း အမှတ် (၁)၊ ဒဂုံ (ယခင် Methodist English High School ) မှ တက္ကသိုလ်ဝင်တန်းအောင်မြင်ခဲ့ပြီး ၁၉၇၃ ခုနှစ်တွင် ဆေးပညာဘွဲ့၊ ၁၉၇၉ ခုနှစ်တွင် ကလေးကျန်းမာပညာဒီပလိုမာဘွဲ့၊ ၁၉၈၃ ခုနှစ်တွင် ဆေးပညာမဟာသိပ္ပံဘွဲ့ (ကလေးကျန်းမာပညာ) ၊ ၂၀၀၃ ခုနှစ်တွင် ဆေးလက်တွေ့ပါရဂူဘွဲ့ (ကလေးကျန်းမာပညာ) တို့ကို ဆေးတက္ကသိုလ် (၁)၊ ရန်ကုန်မှ လည်းကောင်း၊ ၁၉၉၀ ခုနှစ်တွင် MRCP (UK) ဘွဲ့ကို Royal College of Physicians, UK မှလည်းကောင်း ၁၉၉၆ ခုနှစ်တွင် FRCP (Edin) ဘွဲ့ကို Royal College of Physicians of Edinburgh မှလည်းကောင်း၊ ၁၉၉၇ ခုနှစ်တွင် FRCPCH ဘွဲ့ကို Royal College of Paediatrics and Child Health မှ လည်းကောင်း ရရှိခဲ့သည်။[]


Remove ads

ဂုဏ်ထူးဆောင်ဆုများ

  1. Honorary Fellowship Award, Royal College of Paediatrics & Child Health, London (၂၀၁၉)[] (မြန်မာများထဲမှ ပထမဆုံးရရှိခဲ့သူဖြစ်သည်)
  2. ကမ္ဘာ့ဆရာများနေ့ အထိမ်းအမှတ် ဂုဏ်ထူးဆောင်ဆု၊ ပညာရေးဝန်ကြီးဌာန (၂၀၁၇)[]
  3. Outstanding Asian Paediatrician Award, Asian Pacific Paediatric Association (၂၀၀၉)
  4. စီမံထူးချွန်ဆု (ပထမဆင့်) (၂၀၀၉)


လက်ရှိထမ်းဆောင်နေသော တာဝန်များ

  1. အထူးဂုဏ်ထူးဆောင်ပါမောက္ခ၊ ဆေးတက္ကသိုလ် (၁) ရန်ကုန်[]
  2. ဗဟိုအလုပ်အမှုဆောင်အဖွဲ့ဝင်၊ မြန်မာနိုင်ငံဆေးပညာရှင်အဖွဲ့[၁၀][၁၁][၁၂]
  3. အကြံပေး၊ တပ်မတော်ဆေးတက္ကသိုလ်
  4. ဥက္ကဋ္ဌ၊ ဆေးပညာရပ်ဆိုင်ရာ အကြံပေးအဖွဲ့ (Technical Advisory Group (Clinical Domain)) ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန[၁၃][၁၄]
  5. ဥက္ကဋ္ဌ စုစည်းချိတ်ဆက်သင်ကြားခြင်း သင်ရိုးညွှန်းတမ်း ပေါ်ပေါက်ရေး ဗဟိုကော်မတီ (Central Committee for Integrated Curriculum Development) ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန[၁၅][၁၆][၁၇][၁၈]
  6. ဗဟိုအလုပ်အမှုဆောင်၊ မြန်မာနိုင်ငံဆေးကောင်စီ[၁၉][၂၀]
  7. အဖွဲ့ဝင်၊ ဆေးပညာသင်ကြားရေးနှင့် ကုသရေးလုပ်ငန်းများ စံချိန်စံညွှန်း သတ်မှတ်ရေးနှင့် ပြည့်မီကြောင်း တရားဝင်အသိအမှတ်ပြုရေး ကော်မတီ (Accreditation Committee) မြန်မာနိုင်ငံဆေးကောင်စီ
  8. ဥက္ကဋ္ဌ Ethics & Professional conduct Committee မြန်မာနိုင်ငံဆေးကောင်စီ
  9. ဗဟိုအလုပ်အမှုဆောင်၊ မြန်မာနိုင်ငံဆရာဝန်အသင်း[၂၁]
  10. ဥက္ကဋ္ဌ၊ ပညာရေးကော်မီတီ၊ မြန်မာနိုင်ငံဆရာဝန်အသင်းညီလာခံ[၂၂][၂၃]
  11. အယ်ဒီတာအဖွဲ့ဝင် မြန်မာဆေးပညာဂျာနယ် (Myanmar Medical Journal) မြန်မာနိုင်ငံဆရာဝန်အသင်း[၂၄]
  12. အယ်ဒီတာအဖွဲ့ဝင် Pediatric Respirology and Critical Care Medicine Journal[၂၅]

ပညာရပ်ဆိုင်ရာ သုတေသနများ

ကလေးကျန်းမာပညာရပ်ဆိုင်ရာ သုတေသနများပြုလုပ်ခြင်း၊​ ကြီးကြပ်ခြင်းများ ပြုလုပ်ခဲ့သည်။ နိုင်ငံတကာ သုတေသနစာစောင်များတွင် ပုံနှိပ်ဖော်ပြပြီးသော သုတေသနစာတမ်းအချို့မှာ -

  1. Introducing child survival and development topics into the medical curriculum of a developing country [၂၆]
  2. Energy intake and basal metabolic rate during maintenance chemotherapy [၂၇]
  3. Myanmar Dengue Outbreak Associated with Displacement of Serotypes 2, 3, and 4 by Dengue 1 [၂၈]
  4. Avian Influenza A (H5N1) Infection in Humans [၂၉]
  5. Active surveillance for congenital rubella syndrome in Yangon, Myanmar [၃၀]
  6. Chronic kidney disease in children and adolescents in Brunei Darussalam [၃၁]


Remove ads

ကိုးကား

Loading related searches...

Wikiwand - on

Seamless Wikipedia browsing. On steroids.

Remove ads