သီတာဦး

ဥပဒေရေးရာဝန်ကြီးနှင့်ပြည်ထောင်စုရှေ့နေချုပ် From Wikipedia, the free encyclopedia

Remove ads

ဒေါ်သီတာဦး (၂၇ နိုဝင်ဘာ ၁၉၆၄ မွေးဖွား[]) သည် မြန်မာနိုင်ငံ ဥပဒေရေးရာ ဝန်ကြီးဌာန၏ လက်ရှိ ဝန်ကြီး နှင့် ၂၁ ဦးမြောက်ပြည်ထောင်စုရှေ့နေချုပ် ဖြစ်သည်။ ပြည်ထောင်စုရှေ့နေချုပ် ရာထူးကို တာဝန်ယူသူ ပထမဆုံး အမျိုးသမီး ဖြစ်လာသည်။

အချက်တိုများ ဒေါက်တာ သီတာဦး, ဥပဒေရေးရာ ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ...
Remove ads

ရှေ့နေချုပ်

၂၀၂၁ ခုနှစ်၊ အာဏာသိမ်းမှုနောက်ပိုင်း ၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီလ ၂ ရက်နေ့တွင် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီကို တပ်မတော်ကာကွယ်ရေးဦးစီးချုပ်က ဖွဲ့စည်းခဲ့ရာ၊ နစက အမိန့်အမှတ် ၁/၂၀၂၁ ဖြင့် ဒေါက်တာ သီတာဦးအား ပြည်ထောင်စုရှေ့နေချုပ်အဖြစ် ခန့်အပ်ခဲ့သည်။ [][]

အဆိုပါရာထူးတွင် ခန့်အပ်ခြင်းမခံရမီက ဒေါ်သီတာဦးသည် ပြည်ထောင်စုရှေ့နေချုပ်ရုံး၏ အမြဲတမ်းအတွင်းဝန်အဖြစ် တာဝန်ထမ်းဆောင်ခဲ့သည်။

ပြည်ထောင်စုဝန်ကြီး

၂၀၂၁ ဩဂုတ် ၃၀ ရက်နေ့တွင် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီကအသစ်ဖွဲ့စည်းထားသော ဥပဒေရေးရာဝန်ကြီးဌာနတွင် ပြည်ထောင်စုဝန်ကြီး ရာထူးကို ပူးတွဲထမ်းဆောင်စေခဲ့သည်။

ပုဂ္ဂိုလ်ရေးဘဝ

ဩစတြေးလျနိုင်ငံတွင် ဆရာဝန်တစ်ဦးဖြစ်သော မင်းရဲမြတ်ဘုန်းခိုင်မှာ ဒေါ်သီတာဦး၏ သားဖြစ်သည်။[][]

ပိတ်ဆို့ခံရမှုများ

၂၀၂၂ ခုနှစ် ဇန်နဝါရီလ ၃၁ ရက်နေ့တွင် အမေရိကန်ပြည်ထောင်စု ဘဏ္ဍာရေးဝန်ကြီးဌာနမှ ဒေါ်သီတာဦးအား ဒဏ်ခတ်ပိတ်ဆို့ အရေးယူမှုစာရင်းတွင် ထည့်သွင်းခဲ့သည်။[] ယူကေနှင့် ကနေဒါတို့ကလည်း အလားတူ ပိတ်ဆို့မှုကို ပြုလုပ်ခဲ့သည်။[][၁၀]

ကိုးကား

Loading related searches...

Wikiwand - on

Seamless Wikipedia browsing. On steroids.

Remove ads