ထွန်းထွန်းဦး (ပြည်ထောင်စုရှေ့နေချုပ်)
ပြည်ထောင်စုရှေ့နေချုပ်(ငြိမ်း) From Wikipedia, the free encyclopedia
Remove ads
ဦးထွန်းထွန်းဦးသည် ပြည်ထောင်စုရှေ့နေချုပ်အဖြစ် ၂၀၁၆ခုနှစ်မှ ၂၀၂၁ခုနှစ်အထိ တာဝန်ထမ်းဆောင်ခဲ့သူဖြစ်သည်။[၁]ယခင်က ဒုတိယရှေ့နေချုပ်ဖြစ်သည်။[၂]တပ်မတော်မှ ဗိုလ်ချုပ်အဆင့်ဖြင့် အငြိမ်းစားယူခဲ့သူဖြစ်ကာ စစ်ဥပဒေချုပ်လည်း ဖြစ်ခဲ့သည်။ အမျိုးသားပြန်လည်သင့်မြတ်ရေးနှင့် ငြိမ်းချမ်းရေးဗဟိုဌာနတွင်လည်း ဒုတိယဥက္ကဋ္ဌအဖြစ် လုပ်ဆောင်ခဲ့သည်။[၃]
Remove ads
ငယ်ဘဝနှင့်ပညာရေး
ဦးထွန်းထွန်းဦးကို မြောင်းမြမြို့တွင် ၁၉၅၇ခုနှစ် အောက်တိုဘာ ၁၉ရက်နေ့တွင် မွေးဖွားခဲ့သည်။ ရန်ကုန်တက္ကသိုလ်မှ ဝိဇ္ဇာဘွဲ့ (ဥပဒေ)၊ ဥပဒေဘွဲ့များ ရရှိခဲ့သည်။ ထို့နောက် စစ်တက္ကသိုလ်မှ မဟာဝိဇ္ဇာ (ကာကွယ်ရေး)ဘွဲ့ ရရှိခဲ့သည်။
အလုပ်အကိုင်
ဦးထွန်းထွန်းဦးသည် တပ်မတော်တွင် ဗိုလ်ချုပ်အဆင့်ဖြင့် စစ်ဥပဒေချုပ်အဖြစ် တာဝန်ထမ်းဆောင်ခဲ့သည်။ ထို့နောက် ဦးသိန်းစိန်အစိုးရလက်ထက်တွင် ပြည်ထောင်စုဒုတိယရှေ့နေချုပ် ဖြစ်လာခဲ့သည်။၂၀၁၆ခုနှစ် ဧပြီလတွင် သမ္မတအသစ်ဖြစ်သူ ဦးထင်ကျော်မှ ၎င်း၏အစိုးရအဖွဲ့တွင် ရှေ့နေချုပ်အသစ်အဖြစ် တင်သွင်းခဲ့ပြီး ပြည်ထောင်စုလွှတ်တော်က လက်ခံသဖြင့် ပြည်ထောင်စုရှေ့နေချုပ် ဖြစ်လာခဲ့သည်။၂၀၂၁ခုနှစ် အာဏာသိမ်းမှုဖြစ်စဉ်တွင် ရှေ့နေချုပ် ဦးထွန်းထွန်းဦးနှင့် ဒုတိယရှေ့နေချုပ် ဦးဝင်းမြင့်တို့အား တာဝန်မှ ရပ်စဲလိုက်သည်။
Remove ads
ပုဂ္ဂိုလ်ရေးဘဝ
ဦးထွန်းထွန်းဦးသည် ဒေါ်တင်တင်ဝင်းနှင့် လက်ထပ်ခဲ့ကာ ဇနီးဖြစ်သူမှာ ကျောင်းဆရာမတစ်ဦးဖြစ်သည်။၎င်းတို့တွင် ဗိုလ်ကြီးဉာဏ်စွမ်းဦး၊ ဒေါက်တာ စွမ်းဆောင်ဦး၊ ဒေါက်တာ မြတ်နိုးဦးဟူသော သားသမီး (၃)ဦးရှိသည်။
ကိုးကား
Wikiwand - on
Seamless Wikipedia browsing. On steroids.
Remove ads