သဲမုန်တိုင်း

From Wikipedia, the free encyclopedia

သဲမုန်တိုင်း
Remove ads

သဲမုန်တိုင်း သို့မဟုတ် ဖုန်မုန်တိုင်း (အင်္ဂလိပ်ဘာသာဖြင့်-Sand Storm or en:Dust Storm) သည် အမှိုက်သရိုက်များနှင့် သဲမှုန်များအား သယ်ဆောင်လာသည့် လေပြင်းများတိုက်ခတ်ခြင်းကို ခေါ်ဆိုသည်။ ခြောက်သွေ့သော မျက်နှာပြင်မှ အမှိုက်သရိုက်၊ ဖုန်နှင့် သဲများကို မျက်နှာပြု မှုတ်ထုတ်လာသည့် လေပြင်းတိုက်ခတ်ချိန်တွင် ဖြစ်ပွားတတ်သည်။ သဲမှုန်များသည် လေကြောင့် အခြားနေရာသို့ ပျံ့လွင့်ခြင်း၊ ခုံပျံခြင်းစသည့်နည်းများဖြင့် သယ်ဆောင် ပို့ချခြင်းခံရပြီး ၎င်းဖြစ်စဉ့် ၌ တစ်ဘက်တွင် မြေဆီလွှာတိုက်စားခံရပြီး အခြားတစ်ဖက်တွင် ပိုချခြင်းခံရသည်။ အာရေဗျကျွန်းဆွယ် ပတ်ဝန်းကျင်ရှိ ဆာဟာရဒေသနှင့် ခြောက်သွေ့ကုန်းမြေများ၊ အီရန်ပါကစ္စတန် နှင့် အိန္ဒိယ စသည်တို့သည် သဲမုန်တိုင်း အဓိကဖြစ်ပွားသည့် ပင်ရင်းနေရာဖြစ်ပြီး အာရေဗျပင်လယ်တွင်းသို့ ပို့ချသည်။ ထို့ပြင် တရုတ်နိုင်ငံရှိ ထင်ရှားသော မုန်တိုင်းများသည် ပစိဖိတ်သမုဒ္ဒရာသို့ ဖုန်မှုန်များပို့ချသည်။ ဒေသစီးပွားရေးအား အကျိုးသက်ရောက်နေသည့်အပြင် ကမ္ဘာ့ရာသီဥတု၊ ဒေသတွင်း ရာသီဥတုနှစ်ခုစလုံးအား ပြောင်းလဲခြင်းများ ပြုလုပ်နေသော ကန္တာရဒေသမှလာသည့် မုန်တိုင်းများ တိုးပွားဖြစ်ပေါ်လာခြင်းသည် မြေယာအရိုင်းများအား ထိန်းသိမ်းမှုကို လျစ်လျူရှူထားခြင်း၊ ကမ္ဘာ့ခြောက်သွေ့နယ်မြေများအား ထိန်းသိမ်းမှု နည်းပါးခြင်း စသည့်အချက်တို့ကြောင့် ဖြစ်သည်ကို မကြာသေးမီကာလများကပင် ဆွေးနွေးတိုင်ပင်ခဲ့ကြသည်။

နောက်ထပ် အချက်အလက်များ ဥတုလေးပါး ပြက္ခဒိန်, မုန်တိုင်းများ ...
Thumb
Animation showing the global movement of dust from an Asian dust storm.
Thumb
သဲများမှုတ်ထုတ်လာသည့် သဲမုန်းတိုင်းနှင့်နီးကပ်လာသော စတတ်ဖို့မြို့ ပုံ
Remove ads

ဖြစ်စဉ်

Thumb
လွင့်မျောခြင်းယန္တရား

ပွယောင်းသော သဲမြေမျက်နှာပြင်များပေါ်တွင် အားပြင်းသောလေ တိုက်ခတ်ဖြတ်သန်းချိန်တွင် သဲမုန်များသည် အစပိုင်းတွင် တုန်ခါလာပြီး နောက် ခုန်ပျံလာကြခြင်းများတိုးပွားလာသည်။ ထိုသို့ ထိန်းချုက်မှု လျော့လျဲလာပြီး ပျက်စီးလာသည့် မြေပြင်အား ထပ်ကာတလဲလဲ တိုက်ခတ်လာခြင်းသည် အမှုန်ငယ်များအား ခုန်ပျံခြင်းဖြင့် အဝေးသို့ရောက်ရှိသွားစေရန် အစတင်လုပ်ဆောင်သည်။ လေ၏အပေါ်ပိုင်းတွင် အလွန်သေးငယ်သောအမှုန်များသည် ဆိုင်းငံ့နေရန်ဖြစ်လာပြီး ထိုနေရာမှ သဲမှုန်များအား တွားသွားခြင်း၊ ခုန်ပျံခြင်းနှင့် လွင့်မျောခြင်းဟူသည့်အဆင့်များဖြင့် ရွေ့လျားရန် တန်းစီနေသည့် ယန္တရားတစ်ခုဖြစ်စေသည်။

Remove ads

ကိုးကား

Loading related searches...

Wikiwand - on

Seamless Wikipedia browsing. On steroids.

Remove ads