အမျိုးသားစီမံကိန်းဝန်ကြီးဌာန
ပြည်ထောင်စုအစိုးရအဖွဲ့ဝန်ကြီးဌာန From Wikipedia, the free encyclopedia
Remove ads
အမျိုးသားစီမံကိန်းဝန်ကြီးဌာန (အင်္ဂလိပ်: Ministry of National Planning) သည် ဦးညိုစောအစိုးရလက်ထက်တွင် ပြန်လည်ပေါ်ပေါက်လာသော ဝန်ကြီးဌာနတစ်ခုဖြစ်သည်။ [၁] လက်ရှိတွင် နိုင်ငံတော်ဝန်ကြီးချုပ် ဦးညိုစောက ပြည်ထောင်စုဝန်ကြီးအဖြစ် ပူးတွဲတာဝန်ယူထားပြီး၊ ဦးကျော်ထင်ကို ဒုတိယဝန်ကြီးအဖြစ် ခန့်အပ်ထားသည်။[၂]
Remove ads
ဖွဲ့စည်းပုံ
ယခင် စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာနကို ခွဲထုတ်၍ ဖွဲ့စည်းထားခြင်းဖြစ်ပြီး ယင်းဝန်ကြီးဌာနရှိ စီမံကိန်းဆိုင်ရာ ဦးစီးဌာနများ၊ လုပ်ငန်းများနှင့် အဖွဲ့အစည်းများဖြင့် ဖွဲ့စည်းထားသည်။ ဘဏ္ဍာရေးဆိုင်ရာ ဦးစီးဌာနများ၊ လုပ်ငန်းများနှင့် အဖွဲ့အစည်းများကိုမူ အသစ်ဖွဲ့စည်းထားသော ဘဏ္ဍာရေးနှင့် အခွန်ဝန်ကြီးဌာနတွင် ထားရှိသည်။
နောက်ခံသမိုင်း
မြန်မာနိုင်ငံအုပ်ချုပ်ရေးသမိုင်းတစ်လျှောက်တွင် အမျိုးသားစီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာနတို့သည် လွတ်လပ်ရေးရပြီးစအချိန်က သီးခြားစီ တည်ရှိခဲ့ကြသည်။ ယင်းနောက် ခေတ်အဆက်ဆက်တွင် နိုင်ငံတော်စီမံကိန်းနှင့်ပတ်သက်သည့် ဝန်ကြီးဌာနများ အမျိုးမျိုး ပေါ်ပေါက်ခဲ့သည်။
"အမျိုးသားစီမံကိန်းဝန်ကြီးဌာန" သည် ပထမအကြိမ်အနေဖြင့် ၁၉၄၈ ခုနှစ်မှ ၁၉၇၂ ခုနှစ်အထိ တည်ရှိခဲ့သည်။သို့သော် အမျိုးသားစီမံကိန်းဝန်ကြီးဌာနသည် စက်မှုလက်မှုဝန်ကြီးဌာနနှင့် တွဲ၍လည်းကောင်း၊ သာသနာရေးနှင့် ပြည်ထောင်စု ယဉ်ကျေးမှုဝန်ကြီးဌာန နှင့် တွဲ၍လည်းကောင်း၊ ကာကွယ်ရေးဝန်ကြီးဌာနနှင့် တွဲ၍လည်းကောင်း တည်ရှိခဲ့ခြင်းဖြစ်သည်။[၃]
လွတ်လပ်ရေးရရှိချိန် နိုင်ငံတော် သမ္မတ စဝ်ရွှေသိုက် နှင့် ဝန်ကြီးချုပ် ဦးနု တို့ ခေါင်းဆောင်ဖွဲ့စည်းခဲ့သည့် အစိုးရအဖွဲ့တွင် အမျိုးသားစီမံကိန်း၊စက်မှုလက်မှုနှင့်သတ္ထုတွင်းဌာန ၏ ပထမဆုံးဝန်ကြီးမှာ ဦးမြ(ဟင်္သာတ) ဖြစ်သည်။ [၄]
၁၉၇၂ ခုနှစ် နောက်ပိုင်း ယခု ဒုတိယအကြိမ်အနေဖြင့် ၂၀၂၅ ခုနှစ်မှ လက်ရှိအထိ ပြန်လည်ပေါ်ပေါက်လာခြင်းဖြစ်သည်။
Remove ads
ဝန်ကြီးများ
ဒုတိယဝန်ကြီးများ
ကိုးကား
Wikiwand - on
Seamless Wikipedia browsing. On steroids.
Remove ads