အမျိုးသား ဒီမိုကရေစီ အင်အားစု

From Wikipedia, the free encyclopedia

အမျိုးသား ဒီမိုကရေစီ အင်အားစု
Remove ads

အမျိုးသားဒီမိုကရေစီအင်အားစုပါတီ (အင်္ဂလိပ်: National Democratic Force, အတိုကောက်: NDF) သည် အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် ဗဟိုအမှုဆောင် ကော်မတီဝင်ဟောင်းများက ၂၀၁၀ ခုနှစ် အထွေထွေ ရွေးကောက်ပွဲတွင် ပါဝင်ယှဉ်ပြိုင်ရန် ရည်ရွယ်ကာ ဖွဲ့စည်း ထူထောင်ထားသည့် မြန်မာနိုင်ငံရှိ နိုင်ငံရေးပါတီတစ်ခု ဖြစ်သည်။ ယခင်ဥက္ကဋ္ဌ မှာဒေါက်တာ သန်းငြိမ်း ဖြစ်သည်။[] ဗဟိုဌာနချုပ်မှာ ရန်ကုန်တိုင်း၊ တာမွေမြို့နယ်တွင် တည်ရှိသည်။

အချက်တိုများ အမျိုးသားဒီမိုကရေစီအင်အားစုပါတီ, အင်္ဂလိပ် အမည် ...
Remove ads

နောက်ခံသမိုင်း

၂၀၁၀ ​ရွးကောက်ပွဲတွင် အမျိုးသားလွှတ်တော်၊ ပြည်သူ့လွှတ်တော်၊ ရန်ကုန်တိုင်းဒေသကြီး လွှတ်တော်တို့တွင်ကိုယ်စာလှယ်အချို့အနိုင်ရခဲ့သည်။

၂၀၁၅ ရွေးကောက်ပွဲတွင် အနိုင်ရကိုယ်စားလှယ် မရှိခဲ့ပေ။

၂၀၂၀ ရွေးကောက်ပွဲတွင်လည်း အနိုင်ရ ပါတီကိုယ်စားလှယ် မရှိခဲ့ပေ။ ၂၀၂၀ ပြည့်နှစ် ရွေးကောက်ပွဲသည် လွတ်လပ်၍ တရားမျှတသော ရွေးကောက်ပွဲ မဟုတ်ဟု ၂၀၂၀ ခုနှစ်၊ နိုဝင်ဘာလ ၁၀ ရက်နေ့တွင် အမျိုးသားဒီမိုကရေစီအင်အားစုပါတီ (NDF) ကကြေညာချက်တစ်ခု ထုတ်ပြန်ခဲ့သည်။[]

Remove ads

ပါတီမှတ်ပုံတင်ခြင်း

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီက အသစ်ဖွဲ့စည်းခဲ့သော ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်က ၂၀၂၃ ခုနှစ် ဇန်နဝါရီလ (၃၁) ရက်နေ့တွင် နိုင်ငံရေးပါတီများအနေဖြင့် အသစ်ပြဋ္ဌာန်းလိုက်သည့် ဥပဒေအရ ပြန်လည်မှတ်ပုံတင်ကြရန် ရွေးကောက်ပွဲကော်မရှင်က ကြေညာခဲ့ပြီးနောက် ၂၀၂၃ ခုနှစ် နိုင်ငံရေးပါတီများ မှတ်ပုံတင်ခြင်းနည်းဥပဒေအရ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်သို့ မှတ်ပုံတင်ခဲ့ရာ ၂၀၂၃ ခုနှစ်၊ နိုဝင်ဘာလ ၂၃ နေ့တွင် မှတ်ပုံတင်အမှတ် (၄၃) ဖြင့် ခွင့်ပြုခဲ့သည်။[]

ပါတီဖျက်သိမ်းခံရခြင်း

၂၀၂၅ ခုနှစ်၊​ စက်တင်ဘာလ (၉) ရက်နေ့တွင် NDF ပါတီကို ပါတီဝင်ဦးရေ သတ်မှတ်ချက်မပြည့်မီမှုဖြင့် ရွေးကောက်ပွဲကော်မရှင်က မှတ်ပုံတင်ပယ်ဖျက်၍ ပါတီဖျက်သိမ်းလိုက်သည်။​[]

Remove ads

ရွေးကောက်ပွဲ ရလဒ်များ

အမျိုးသားလွှတ်တော်

နောက်ထပ် အချက်အလက်များ ရွေးကောက်ပွဲ, စုစုပေါင်း အနိုင်ရနေရာ ...

ပြည်သူ့လွှတ်တော်

နောက်ထပ် အချက်အလက်များ ရွေးကောက်ပွဲ, စုစုပေါင်း အနိုင်ရနေရာ ...

ခေါင်းဆောင်မှုများ

၂၀၂၅ ခုနှစ်၊ ဩဂုတ်လ (၁၇) ရက်နေ့တွင် ပြုလုပ်သော အမျိုးသားဒီမိုကရေစီအင်အားစုပါတီ ဗဟိုအလုပ်အမှုဆောင်အထူးအစည်းအဝေး (10/2025) အစည်းအဝေးဆုံးဖြတ်ချက်အရ ဗဟိုအလုပ်အမှုဆောင်အဖွဲ့ကို အောက်ပါအတိုင်း ဖွဲ့စည်းခဲ့သည်။

  • (၁)ဦးသာဆိုင် - ဥက္ကဋ္ဌ
  • (၂)ဦးထက်အောင်ကျော် - တွဲဖက်ဥက္ကဋ္ဌ
  • (၃)ဦးနန်းထိုက်ဇော် - ဒုဥက္ကဋ္ဌ-၁
  • (၄)ဒေါ်စန္ဒာမင်း - ဒုဥက္ကဋ္ဌ-၂
  • (၅)ဦးကျော်ထက် (အ‌ထွေထွေအတွင်းရေးမှူး)
  • (၆)ဦးအောင်ကိုကို (အတွင်းရေးမှူးအဖွဲ့ဝင်)
  • (၇)ဦးဝင်းသိန်းဟန် (အတွင်းရေးမှူးအဖွဲ့ဝင်)
  • (၈)ဒေါက်တာမျိုးဆက်သွေး (အတွင်းရေးမှူးအဖွဲ့ဝင်)
  • (၉)ဦးကျော်စိန်ထွန်း (ဘဏ္ဍာရေးမှူး)
  • (၁၀)ဒေါ်ဝင်းဂျူလိုင်နွေး (ဗဟိုအမျိုးသမီးတာဝန်ခံ)
  • (၁၁)ဦးဉာဏ်လင်းစော (ဗဟိုလူငယ်တာဝန်ခံ)
  • (၁၂)ဦးကျော်ငွေ (အဖွဲ့ဝင်)
  • (၁၃)ဦးကျော်မြတ်ခိုင် (အဖွဲ့ဝင်)
  • (၁၄)ဦးနေလင်းအောင် (အဖွဲ့ဝင်)
  • (၁၅)ဒေါ်ထက်မွန်ဆွေ (အဖွဲ့ဝင်)
  • (၁၆)ဦးထင်အောင်ကျော် (အဖွဲ့ဝင်)
  • (၁၇)ဦးအောင်ပြည့်ဖြိုးမောင် (အဖွဲ့ဝင်)
  • (၁၈)ဦးဇော်ကြီး (အဖွဲ့ဝင်)
  • (၁၉)ဒေါ်အေးအေးမြင့် (အဖွဲ့ဝင်)
  • (၂၀)ဒေါ်မေသူသူအောင် (အဖွဲ့ဝင်)
  • (၂၁)ဦးဇော်မင်းထွန်းရှိန် (အဖွဲ့ဝင်)
  • (၂၂)ဒေါ်ဘေဘီ (အဖွဲ့ဝင်)
Remove ads

ကိုးကား

Loading related searches...

Wikiwand - on

Seamless Wikipedia browsing. On steroids.

Remove ads