အာနန္ဒာထေရ်
From Wikipedia, the free encyclopedia
Remove ads
အာနန္ဒာထေရ်သည် ဂေါတမမြတ်စွာဘုရား လက်ထက်တော်တွင် အလုပ်အကျွေး အပါးတော်မြဲဖြစ်၍ အထူးထင်ရှားသည်။ အာနန္ဒာသည် မြတ်စွာဘုရား၏ ခမည်းတော်သုဒ္ဓေါဒနမင်း၏ညီတော် အမိတ္တောဒနမင်း၏ သားတော်ဖြစ်၍ မြတ်စွာဘုရား၏ ညီတော်ဝမ်းကွဲ တော်စပ်သည်။ မြတ်စွာဘုရား၏ ဖွားဘက်တော်ခုနစ်ဦးတွင်လည်း တစ်ဦးအပါအဝင် ဖြစ်သည်။ အရွယ်ရောက်သောအခါ အခြားသာကီဝင် မင်းသားတို့ကဲ့သို့ မြတ်စွာဘုရားထံ သို့ သွားရောက်၍ ရဟန်းပြုသည်။ အာနန္ဒာ နှင့်အတူ ညီတော်နောင်တော်များ ဖြစ်ကြသော အနုရုဒ္ဓါ၊ ဘဒ္ဒိယ၊ ကိမိလ၊ ဒေဝဒတ် မင်းသားလေးပါးနှင့် ဆတ္တာသည် ဥပါလိတို့အတူပါသည်။ အာနန္ဒာသည် ရဟန်းပြုပြီးနောက် မြတ်စွာဘုရား၏ ဘယ်လက်ရုံးအဖြစ်လည်း နေရာရသည်။တရားတော်ကို နာကြားရသဖြင့် သောတာပတ္တိဖိုလ်၌ တည်သည်။ မြတ်စွာဘုရားအား ရိုသေစွာ လုပ်ကျွေးသည်။ မြတ်စွာဘုရား ဝါတော်နှစ်ဆယ်ရသော အခါမှစ၍ အစဉ်အမြဲ လုပ်ကျွေးသည်။ အာနန္ဒာထေရ်သည် မြတ်စွာဘုရားထံတွင် လုပ်ကျွေးခြင်း ပြုခွင့်ရသောအခါ လေးပါးသောဆုကို တောင်း၍ လေးပါးသောဆုကို ပယ်သည်။
Remove ads
အရှင်အာနန္ဒာ၏ တောင်းဆိုချက်
အာနန္ဒာတောင်းသောဆု လေးပါးမှာ -
(၁) မိမိဝန်ခံဖိတ်ကြားအပ်သောဆွမ်းကို ခံတော်မူရန်၊
(၂) အဝေးအနီး မြို့ရွာ၊ကျေးလက်မှ ရောက်လာသော ပရိသတ်တို့က မြတ်စွာဘုရားအား ဖူးမြော်လိုသဖြင့် မိမိကတစ်ဆင့် လျှောက်ထားလျှင် ဖူးမြော်ခွင့်ပေးတော် မူရန်၊
(၃) မိမိ၌ ယုံမှားမှုရှိသောအခါ မြတ်စွာဘုရားအား လျှောက်မေးလိုသော် မေးခွင့်ပြုပါရန်၊
(၄) ကွယ်ရာ အခြားတစ်ပါးသော နေရာ၌ ဟောကြားတော် မူသော တရားတော်ကို မိမိအားပြန်၍ ဟောကြားပါရန်ဟူ၍ဖြစ်သည်။
ရှင်အာနန္ဒာပယ်သောဆုလေးပါးမှာ
(၁) မြတ်စွာဘုရားရအပ်သော ဆွမ်းကွမ်းပစ္စည်းဖြင့် မိမိအား မချီးမြှောက်ရန်၊
(၂) မွန်မြတ်သော သင်္ကန်းပစ္စည်းဖြင့် မချီးမြှောက်ရန်၊
(၃) မြတ်စွာဘုရားရှင်ကိုယ်တော်မြတ် ကျိန်းဝတ်သော ဂန္ဓကုဋိသို့ ဝင်၍ မကျိန်းပါရစေရန်၊
(၄) ဆွမ်းဖိတ်သော ဒါယကာတို့အိမ်သို့ အတူလိုက်ပါရန်အတွက် မခေါ်ဆောင်ရန်ဟူ၍ဖြစ်သည်။
အာနန္ဒာထေရ်သည် မြတ်စွာဘုရားအား အသွယ်သွယ်သော နည်းတို့ဖြင့် လုပ်ကျွေးပြုစုတော်မူခြင်းကြောင့် ဓမ္မဘဏ္ဍာဂါရိက တရားမှူး၊ တရားထိန်း၊ တရားဘဏ္ဍာစိုးအရာ၌ ချီးမြှောက်တော်မူသည်။
Remove ads
ဧတဒဂ်

မြတ်စွာဘုရား လက်ထက်တော်တွင် အာနန္ဒာထေရ်သည် ငါးပါးသော ဧတဒဂ်ဘွဲ့ကို ရသည်။ ဧတဒဂ် ငါးတန် ရရှိ သဖြင့် ထူးမြတ်သောမထေရ်ကြီးတစ်ပါး ဖြစ်လာသည်။ ရှင်အာနန္ဒာရရှိသော ဧတဒဂ်ငါးပါးမှာကား -
(၁) အကြားအမြင်များခြင်းအဖြစ်၊ ဗဟုသုတ ဧတဒဂ်။
(၂) သတိအမှတ်ကောင်းခြင်းအဖြစ်၊ သတိမန္တဧတဒဂ်။
(၃) ပညာရှိခြင်းအဖြစ်၊ ဂတိမန္တဧတဒဂ်။
(၄) တည်ကြည်မှုရှိခြင်းအဖြစ်၊ ဓိတိမန္တဧတဒဂ်။
(၅) အလုပ်အကျွေးပြုနိုင်ခြင်းအဖြစ်၊ ဥပဋ္ဌာက ဧတဒဂ်၊ ဟူ၍ဖြစ်သည်။
Remove ads
ဗုဒ္ဓလွန်ပြီးကာလ
ရှင်အာနန္ဒသည် မြတ်စွာဘုရား ပရိနိဗ္ဗာန် စံတော်မူပြီးနောက် ပထမသင်္ဂါယနာ တင်မည့်နေ့တွင် ဣရိယာပုတ်လေးပါးမှလွတ်၍ အာသဝေါကုန်သော ရဟန္တာဖြစ်လာသည်။ ကွယ်ရာတွင် မြတ်စွာဘုရား ဟောကြားတော်မူသော တရားတော်များကို ပြန်လည်ဟောကြားစေသော ရှင်အာနန္ဒာ၏ ကျေးဇူးတော်ကြောင့် ပုထုဇဉ်သတ္တဝါအများသည် မြတ်စွာဘုရား ဟောကြားသော တရားတော် များကို ယခုထက်တိုင် ကြားနာ ကြည်ညိုကြရသည်။ သန်းခေါင်ယံ၌ မထင်ရှားသော နတ်သား တစ်ပါးကို ဟောကြားတော်မူခဲ့သည့် မင်္ဂလသုတ်အစရှိသော တရားတော်များကို နာရသည်မှာလည်း ရှင်အာနန္ဒာထေရ်၏ ကျေးဇူးတော်ကြောင့်ပင်ဖြစ်သည်။ မြတ်စွာဘုရား ပရိနိဗ္ဗာန် စံလွန်တော်မူပြီးနောက် ပထမသင်္ဂါယနာတင်ရာတွင် ရှင်အာနန္ဒာ၏ စွမ်းဆောင်မှုကြောင့်သာလျှင် သုတ္တန်၊ အဘိဓမ္မာပိဋကတ်များသည် မြတ်စွာဘုရားကိုယ်စား ကျန်ရစ်ခဲ့လေသည်။[၁]
သုတ္တန်များ
အာနန္ဒအစ္ဆရိယသုတ် [၂] ဘိက္ခု၊ ဘိက္ခုနီ၊ ဥပါသက၊ ဥပါသကီတို့ အသျှင်အာနန္ဒာကို မြင်ရခြင်း၌လည်းကောင်း၊ ၎င်းထေရ်နှင့် စကားပြောဆိုရမှု၌လည်းကောင်း၊ အားရတင်းတိမ်မှု မရှိကြကြောင်း ဟောထား၏၊ အာနန္ဒာထေရ်က လူတို့အား နှုတ်ဆက်ပုံ ရဟန်းတို့ နည်းယူစရာ ကောင်းလှ၏။ [၃]
အာနန္ဒဘဒ္ဒေကရတ္တသုတ် [၄] ခန္ဓာ ၅-ပါးကို ကာလ သုံးပါးဖြင့် စွဲမယူရန် ၎င်းမထေရ် ဟောထား၏၊ ပါဠိ-၌ မှတ်သားဖွယ် လေးဂါထာ ပါ၏။ [၅]
အာနန္ဒသုတ် (၁၁)သုတ် မှာ
- [၆] ဝေဒနာ၊ ဝေဒနာသမုဒယ၊ ဝေဒနာနိရောဓ၊ ဝေဒနာနိရောဓ ဂါမိနိပဋိပဒါ၊ လေးချက်ဟောထား၏။
- [၇] အာနန္ဒာထေရ်က ကာမရာဂကို ပယ်ရန် ဝင်္ဂီသမထေရ်အား ဟောထား၏။
- [၈] ဘုရားရှင် ပရိနိဗ္ဗာန်စံတော်မူပြီးနောက် လူတို့ကို ဟောပြောမှုများနေသော အာနန္ဒာမထေရ်ကို နတ်က သတိပေးပုံ။
- [၉] နိရောဓမည်ပုံမေး၍ ဖြေထား၏၊ ခန္ဓာ ၅-ပါး အနိစ္စဖြစ်ပုံကိုလည်း ဟောထား၏။
- [၁၀] (ပ-ဒု) သင်္ခါရတရားတို့၏ ဥပါဒ် ဌီ ဘင်ကို ပြဆိုခန်း။ ။ ဒု-သုတ်၊ [၁၁]
- [၁၂] မန္တာဏီပုဏ္ဏေးမ၏သား ပုဏ္ဏမထေရ်၏ တရားတော်ကို နာရ၍ အာနန္ဒာထေရ် သောတာပန်တည်ရကြောင်း။
- [၁၃] ခန္ဓာ ၅-ပါး၌ လက္ခဏာရေးသုံးပါး တင်ပြပုံ ဟောထား၏။
- [၁၄] အာနာပါနဿတိကို အားထုတ်လျှင် ဗောဇ္ဈင် ၇-ပါးပြည့်စုံစေနိုင်ကြောင်း ဟောထား၏။
- [၁၅] ရတနာသုံးပါး၌ မကြည်ညိုမှု၊ ၅-ပါး သီလမလုံခြုံမှုမှာ ဒုဂ္ဂတိရောက်ကြောင်းဖြစ်၍ ကြည်ညိုမှု၊ လုံခြုံမှုမှာ သုဂတိ ရောက်ကြောင်း ဟောထား၏။
- [၁၆] သဝိညာဏကာယ ဗဟိဒ္ဓ သဗ္ဗနိမိတ္တ တို့၌ စေတောဝိမုတ္တိ ပညာဝိမုတ္တိဖြင့် နေသော ပုဂ္ဂိုလ်အား တဏှာ, မာန, ဒိဋ္ဌိ မဖြစ်ကြောင်း ဟောထား၏။
- [၁၇] ပညာပွင့်လင်းခြင်း အကြောင်းများ။ [၁၈]
ဇာတ်တော်များ
အာနန္ဒာမထေရ်က ဘုရားရှင်အတွက် အသက်စွန့်ပုံကို အကြောင်းပြု၍ ရှေးအတိတ်ဘဝများကလည်း အသက်စွန့်ခဲ့ဘူးပုံများကို ဟောသော ဇာတ်တော်များ၊ သုဝဏ္ဏကက္ကဋဇာတ်[၁၉] ။ ရောဟဏမိဂဇာတ်[၂၀] ။ စူဠဟံသဇာတ်[၂၁]။ မဟာဟံသဇာတ် [၂၂]
ဆက်စပ် အကြောင်းအရာများ
အာနန္ဒာမထေရ်မှာ ဣရိယာပုထ် လေးပါးမှ လွတ်၍ ရဟန္တာဖြစ်ကြောင်း [၂၃] ။ ကောင်းကင်၌ ပရိနိဗ္ဗာန်စံကြောင်း၊ [၂၄] ။ အသျှင်အာနန္ဒာထေရ်အား အထက်မဂ်ဖိုလ် ရစေရန် ဝဇ္ဇိပုတ္တမထေရ်က သတိပေးသော ဂါထာ၊ [၂၅] ။ ၎င်း၏ ဥပဇ္ဈာယ်ဆရာမှာ ဗေလဋ္ဌသီသထေရ်ဖြစ်ကြောင်း၊ [၂၆]
အာနန္ဒာမထေရ်ကို ချီးကျူးခဏ်း၊ အာနန္ဒအစ္ဆရိယသုတ်၊ [၂၇] ။ အတိတ်ဝတ္ထု၊ [၂၈] အကျယ် ဖွင့်ပြထား၏၊ ကျောင်းဆောက်လှူခဏ်း၊ [၂၉] ။ ၎င်းအား ဗျာဒိတ် ပေးပုံ၊ [၃၀] (ဗဟုဿုတ၊ သတိမန္တ၊ ဂတိမန္တ၊ ဓိတိမန္တ၊ ဥပဋ္ဌက ဧတဒဂ် ၅-တန်ရ၏)။ ။ [၃၁] အပြည့်အစုံပါ၏၊ ပါဠိ အဆုံးနား၌ ၂၅-နှစ်လုံးလုံး ကာမဝိတက် မဖြစ်ဘူးကြောင်း ဟောထား၏။ ဂါထာနံပါတ်-၁၀၄၂။ ။ ၎င်းအား ဓမ္မဘဏ္ဍာဂါရိကဟု ဟောထားပုံ၊ [၃၂] ။ အပ်နှင့် ပုဆိုးပိုင်း လှူခဲ့ပုံ၊ [၃၃] ။ အာနန္ဒအစ္ဆရိယဓမ္မဝဏ္ဏနာ၊ [၃၄] ။ ဧတဒဂ် ၅-တန်၊ [၃၅] ၎င်းမှာ အမိတောဒန သာကီဝင်၏ သား ဖြစ်၏၊ [၃၆] အတိတ်ဝတ္ထု။ ။ ပရဒါရကကံ လွန်ကျူးပြစ်ကို ရုစာမင်းသမီးဖြစ်စဉ်က ကိုယ်တိုင်ပြန်ပြောပြပုံ၊ [၃၇] ။ ဘုရားရှင်အား အာယုကပ် (ဝါ) ဘဒ္ဒကပ်ပတ်လုံးတည်နေရန် တောင်းပန်ခဏ်း၊ [၃၈]-၌ ရှင်းပြထား၏။ [၃၉]
အာနန္ဒာမထေရ်အား အလုပ်အကျွေးရာထူးပေးအပ်စဉ် ပယ်သောဆုလေးပါး၊ ယူသောဆု လေးပါးကို ပြဆိုခန်း။ ။ [၄၀] ။ ဘုရားရှင်အား ၂၅-နှစ် လုပ်ကျွေးရကြောင်း၊ [၄၁] အခွင့် အရေး ရလိုသောသူတို့ သတိမူစရာ။ ။ [၄၂] ။ ဘုရားရှင်၏ အလိုတော်ကို သိတတ်ပုံ၊ [၄၃] ။ တနေ့ ၁၈-ကြိမ် ဘုရားရှင်ထံ ဆည်းကပ် သွားရာ သွားတိုင်းသွားတိုင်း ပြဿနာတခု အမြဲတန်းပါ၏ဟု ဆိုထားပုံ၊ [၄၄]
အာနန္ဒထေရပဥှဝတ္ထု ဓမ္မပဒ-ဋ္ဌ-ပ-အုပ်-၂၆၅၊ သရဏဂုံသီလရှိသူ၏ သတင်းသာ လေအောက် လေထက် မွှေးနိုင်ကြောင်း ဂါထာ။ ။ ဓမ္မပဒ-ဋ္ဌ-ပ-အုပ်-၁၄၀-မရေတွက်အောင် သင်္ကန်း ရပုံ။ ။ ဓမ္မပဒ-ဋ္ဌ-ဒု-အုပ်-၁၅၃၊ ဩဝါဒပါတိမောက် သုံးဂါထာ။ ။ ဓမ္မပဒ-ဋ္ဌ-ဒု-အုပ်-၁၆၁-ယောကျ်ား အာဇာနည်တို့ဖြစ်ရာအရပ်ကို မေး၍ ဖြေထား၏။ ။ ဓမ္မပဒ-ဋ္ဌ-ဒု-အုပ်-၃၉၆ ဒိဝါ တပတိ အာဒိစ္စော စသော ဂါထာဖြစ်ပေါ်လာပုံ။ ܀ပိဋကတ်လမ်းညွှန်[01/177]܀
ဆက်စပ်ဖတ်ရှုရန်
Remove ads
ကိုးကား
Wikiwand - on
Seamless Wikipedia browsing. On steroids.
Remove ads