ပုထုဇဉ်
From Wikipedia, the free encyclopedia
Remove ads
ကလျာဏပုထုဇဉ်၊ အန္ဓပုထုဇဉ်-စသဖြင့် ပြားသည်။ ထောမနိဓိ၌ ယုတ်ညံ့သူ, ပညာနည်းသူ, ကြမ်းတမ်းသူ ဟူသော အနက်တို့လည်း လာသည်။
- [၁] (၁) အထူးထူး အပြာပြား များကုန်သော ကိလေသာတို့ကို ဖြစ်စေတတ်သောကြောင့် ပုထုဇဉ်မည်၏။[၂]
- (၂) မပယ်အပ်သေးသော သက္ကာယဒိဋ္ဌိ များစွာရှိသောကြောင့်(သက္ကာယဒိဋ္ဌိစသည်ကို ဖြစ်စေတတ်သည်ဖြစ်သောကြောင့်) ပုထုဇဉ် မည်၏။ [၃]
- (၃) များစွာသောဆရာတို့၏ မျက်နှာကို မော်ကြည့်တတ်၊ ဖူးမျှော်တတ်သောကြောင့် ပုထုဇဉ်မည်၏။ [၄]
- (၄) များစွာသော အလုံးစုံသော ဂတိတို့မှ မထသောကြောင့် ပုထုဇဉ် မည်၏။ [၅]
- (၅) အမျိုးမျိုးသော အဘိသင်္ခါရတရား(ပြုစီမံတတ်သောတရား)တို့ကို ပြုပြင်စီရင်တတ်သောကြောင့် ပုထုဇဉ် မည်၏။ [၆]
- (၆) အမျိုးမျိုးသော ဩဃတို့သည် မျှောအပ်သောကြောင့် ပုထုဇဉ်မည်၏။ [၇]
- (၇) အမျိုးမျိုးသော ပူပန်စေတတ်သော တရားတို့ဖြင့် ပူပန်ကုန်သောကြောင့်(ပူပန်စေတတ်သော တရားတို့သည် ပူပန်စေအပ်သောကြောင့်) ပုထုဇဉ် မည်၏။ [၈]
- (၈) များစွာသော အထူးထူးသော လောင်ကျွမ်းစေတတ်သော တရားတို့သည် လောင်ကျွမ်းအပ်သောကြောင့် ပုထုဇဉ် မည်၏။ [၉]
- (၉) များစွာသော ကာမဂုဏ်ငါးပါးတို့၌ တပ်မက်ကုန်သောကြောင့် ပုထုဇဉ် မည်၏။ [၁၀]
- (၁၀) များစွာသော နီဝရဏငါးပါးတို့သည် ပိတ်ဆို့အပ်သောကြောင့် ပုထုဇဉ် မည်၏။ [၁၁]
- (၁၁) များစွာသော ယုတ်ညံ့သောတရားကို ကျင့်သူတို့၌ အတွင်းဝင်သောကြောင့် ပုထုဇဉ်မည်၏။ [၁၂]
- (၁၂) အရိယာတို့မှ အသီးအခြားဖြစ်သောကြောင့် ပုထုဇဉ် မည်၏။ [၁၃][၁၄][၁၅]
Remove ads
အကန်းနှင့် အကောင်း ခြားနားမှု။
- (၁) ကလျာဏပုထုဇဉ် - ခန္ဓာ၊ အာယတန၊ ဓာတ်၊ သစ္စာတို့ကို သိ၍ ကောင်းသော ပုထုဇဉ် တစ်မျိုး၊
- (၂) အန္ဓပုထုဇဉ် - ခန္ဓာ၊ အာယတန ဓာတ်၊ သစ္စာတို့ကို မသိမူ၍ အကန်းနှင့်တူသော ပုထုဇဉ် ဟူ၍ ၂-မျိုး မှတ်ရာသည်။ [၁၆][၁၇]
ကလျာဏပုထုဇဉ်ပုဂ္ဂိုလ်ကို သေက္ခတွင် သွင်းယူပုံ၊ [၁၈] ပုထုဇဉ်ကို လက်ညှိုးညွှန်ပြရသည့်ကာလ၊ [၁၉] ။ အကြားအမြင်မရှိသော ပုထုဇဉ်တို့မှာ မိမိကိုယ်တိုင်လည်း အို-နာ-သေမျိုးဖြစ်ပါလျက် သူတပါးတို့ အို-နာ-သေရာ၌မူ စက်ဆုပ် ရွံရှာဘတ်ကြောင်း ဟောထားသော သုခုမာလသုတ်၊ [၂၀] မှတ်သားဖွယ် ဂါထာများပါ၏။ အသုတဝါ ပုထုဇဉ် ပုဂ္ဂိုလ်နှင့် သုတဝါ ပုထုဇဉ်ပုဂ္ဂိုလ်တို့ ဝေဒနာခံစားရာ၌ စိတ်ထားပုံခြင်း မတူကြကြောင်း ဟောထားသော သလ္လသုတ်၊ [၂၁]
Remove ads
အရိယာမှ သီးခြားဖြစ်သူ၊ ကိလေသာကို များစွာဖြစ်စေတတ်သူ ၄-ယောက်။
(၁) ဒုဂ္ဂတိအဟိတ် ပုထုဇဉ် - အပါယ် ၄-ဘုံသားများ၊ (၂) သုဂတိအဟိတ် ပုထုဇဉ် - လူ့ဘုံ၌ မွေးရာတွင် မျက်စိကန်းသောသူ, စွံ့အသောသူ, နားမကြား နားထိုင်းသူများ၊ (၃) ဒွိဟိတ် ပုထုဇဉ်- ကာမသုဂတိ ၇-ဘုံသားများ၊ (၄) တိဟိတ် ပုထုဇန်- မွေးရာတွင် အမောဟ၊ အဒေါသ၊ အလောဘ ဟူသော ဟိတ် ၃-ပါးပါရှိသည့် အထက်တန်းစား လူ, နတ်, ဗြဟ္မာများ။
ပုထုဇဉ် ဝေါဟာရမျိုး ၄-ပါး။ ။ သံဂီတိသုတ်၌ ပါရှိသည်ကား ဝစီဒုစရိုက် ၄-ပါးကို အဖန်ဖန် ပြောကြား သုံးနှုန်းခြင်းပင်ဖြစ်၏။
Remove ads
ပဋိလာဘသုတ်-သံ၊ သဒ္ဓိန္ဒြေ စသည် ၅-ပါးကို အကျယ် ဟောထား၏။ ၎င်း ၅-ပါးမရှိလျှင် ပုထုဇဉ်ဘဝ၌ပင် တည်ကြောင်းဟောသော ပဋိပန္နသုတ်-သံ။
အာနေဉ္ဇသုတ်၌ [၂၂] ပုထုဇဉ်တို့မှာ အရူပဘုံသို့ ရောက်ရသော်လည်း သက်တန်းစေ့လျှင် အပါယ်လေးဘုံသို့ ရောက်ရတတ်သေးကြောင်း။
ယဝကလာပီသုတ်၌ [၂၃] အဿုတဝါ ပုထုဇဉ်တို့ ဘဝကို တောင့်တကြပုံကို ထင်ရှားစေရန် တဏှာ၊ မာန၊ ဒိဋ္ဌိတို့ဖြင့် မစွဲလမ်းရန် (မုယောစပါးစည်း ဥပမာတို့ဖြင့်) ဟောထားတော်မူ၏။
ပဌမနာနာကရဏသုတ်၊ [၂၄]၊ ဗြဟ္မာပြည် ရောက်ပြီးသော ပုထုဇဉ်တို့မှာ ဈာန်အချိန်ကုန်က အပါယ်လေးပါးသို့ လားကြရတတ်ကြောင်း၊ အရိယာတို့ကား ထိုဗြဟ္မာပြည်မှာပင် ပရိနိဗ္ဗာန်စံကြရကြောင်း ဟောထား၏။ ။ ဝေဒနာ ခံစားရပုံချင်း တူသော်လည်း သောကဖြစ်မဖြစ် ကွာခြားပုံကို ဟောသော သလ္လသုတ်-သံ။ [၂၅]။ အာရုံ ၆-ပါး၌ အရိယာနှင့် ပုထုဇဉ်တို့ အမြင်ချင်းမတူကြကြောင်း ဂါထာများ မှတ်သားဖွယ်၊ [၂၆] ။ ကာမဂုဏ် ခံစာရာ၌ စိတ်ထားချင်း မတူကြပုံ၊ [၂၇] ။ အရိယာနှင့် ပုထုဇဉ်တို့ ရှာမှီးချင်း မတူကြပုံ၊
Remove ads
အရိယာ (ပရိယေသနာ အရိယာ)တို့ ရှာမှီးခြင်း၊ အနရိယာ (ပရိယေသနာ ပုထုဇဉ်)တို့ ရှာမှီးခြင်း။ ပါသရာသိသုတ် [၂၈] အကျယ်ဟောထား၏။ ဇာတိ၊ ဇရာ၊ ဗျာဓိ၊ မရဏ ဓမ္မ တို့နှင့် တစ်ဖန်တွေ့ဆုံရအောင် ပြောဆိုလုပ်ကိုင် ကြံစည်ခြင်းသည် ပုထုဇဉ်တို့၏ ရှာမှီးခြင်းမည်၏။ ၎င်းတို့နှင့် တစ်ဖန် မတွေ့မဆုံရအောင် ပြောဆိုလုပ်ကိုင်ကြံစည်ခြင်းသည် အရိယာတို့၏ ရှာမှီးခြင်းမည်၏။ ပရိယေသနာသုတ် [၂၉] ဤ၌ သေဝိတဗ္ဗ၊ အသေဝိတဗ္ဗ ပရိယေသနာ-၂-မျိုးကို ဟောထား၏၊
အရိယာပုဂ္ဂိုလ်တို့သာ ရှေ့အနုဿတိ ၆-ပါး ပြည့်စုံကြကြောင်း၊ သို့သော် ပုထုဇဉ်တို့လည်း နှလုံးသွင်းသင့်ကြောင်း။ [၃၀]
ပါတာလသုတ်၌ [၃၁] အန္ဓဗာလပုထုဇဉ်တို့မှာ ဝေဒနာကို သည်းမခံနိုင်ကြကြောင်း၊ သောတာပန် ပုဂ္ဂိုလ်နှင့် ဗလဝဝိပဿက ပုဂ္ဂိုလ်တို့ကား သည်းခံနိုင်ကြကြောင်း ဟောထား၏၊ ၃-ဂါထာပါ၏။
[၃၂] အိပ်မက်မက်သော ပုဂ္ဂိုလ်မှာ ဝိပလ္လာသ ၁၂-ပါးကို မပယ်နိုင်သေးသော ပုထုဇဉ် သေက္ခ ပုဂ္ဂိုလ်တို့သာတည်း၊ ၎င်း ၁၂-ပါးကို လုံးဝပယ်ပြီးသော ရဟန္တာ ပုဂ္ဂိုလ်တို့ကား အိပ်မက် မမက်ကြတော့ပေ၊ [၃၃]
[၃၄] ပုထုဇဉ်တို့မှာ ပရစိတ္တဝိဇာနနအဘိညာဉ် ရသော်လည်း သောတာပန်ပုဂ္ဂိုလ်၏ စိတ်ကို မသိနိုင်ပေ။ သောတာပန်ပုဂ္ဂိုလ်သည် သကဒါဂါမ်ပုဂ္ဂိုလ်၏စိတ်ကို မသိနိုင်၊ ကြွင်းနည်းတူ သိပါလေ။
ကတမောဒကတိဿသုတ်၊ [၃၅]၊ ကာလိကသုတ်၊ [၃၆] ရဟန္တာအရှင်တို့၏ သီလ၊ သမာဓိ၊ ပညာကို ရဟန္တာပုဂ္ဂိုလ်ချင်းသာ သိနိုင်ကြောင်း၊ ပုထုဇဉ်ကမူ မသိနိုင်ကြကြောင်းဂါထာ။ [၃၇] ။ [၃၈]၊ [၃၉]
လောကဓမ္မသုတ်(ပ-ဒု)၊ [၄၀] ဒုတိယလောကဓမ္မသုတ်၌ ပုထုဇဉ်တို့မှာ လောကဓံ ၈-ပါး၌ လက္ခဏာရေးသုံးပါး တင်၍ မရှုနိုင်ကြကြောင်း၊ အရိယာပုဂ္ဂိုလ်တို့ကား ရှုနိုင်ကြကြောင်း ဟောထား၏။
ဝေါဟာရပထသုတ်၌ [၄၁] ပုထုဇဉ်နှင့် အရိယာတို့၏ ပြောဆိုပုံကို ခွဲပြထား၏၊ ဝေါဟာရသုတ်။ [၄၂]
သုခုမာလသုတ်၌ [၄၃] ဘုရားလောင်း သိဒ္ဓတ္ထမင်းသားဘဝက ခံစားခဲ့ရပုံနှင့် အဿတဝါ ပုထုဇဉ်ပုဂ္ဂိုလ်တို့မှာ ကိုယ်တိုင်ကလည်း အို-နာ-သေရမည် ဖြစ်ပါလျက် သူတစ်ပါးတို့ အို-သေ-နာခြင်း၌ စက်ဆုတ်တတ်ကြကြောင်း ဟောထား၏။ ပါဠိ၌ မှတ်သားဖွယ် ဂါထာများ ပါ၏။
အရိယာ နတ်၊ ဗြဟ္မာများမှတစ်ပါး ကျန်သောပုထုဇဉ် နတ်၊ ဗြဟ္မာတို့မှာ (လူတို့ စိတ်ဝမ်းကွဲလျှင် ကိုယ်စောင့်နတ်တို့လည်း စိတ်ဝမ်းကွဲကြ၍) အဆင့်ဆင့် အားလုံး စိတ်ဝမ်းကွဲကြကြောင်း မိန့်ဆိုထားပုံ။ [၄၄]
Remove ads
[၄၅] အာနေဉ္ဇသုတ်၌ ဈာန် အရှိန်ကြောင့် ဗြဟ္မာပြည်၌ ဖြစ်ရသော်လည်း ဈာန်အရှိန်ကုန်က အောက်သို့ ပြန်ဆင်းရကြောင်း ဟောထား၏။ ပဌမမေတ္တာသုတ်၊ [၄၆] ပဌမနာနာကရဏသုတ်၊ [၄၇] ပုထုဇဉ်တို့၏ အပြစ်ကို အကျယ်ဟောထားသော တိဿမေတ္တေယျသုတ်၌ [၄၈] မေထုန်မှီဝဲမှုအပြစ်ကို ဟောထား၏။ [၄၉] မတည်ငြိမ်လှပုံ။ [၅၀]။ ပုထုဇဉ်တို့၏ သဘောမှာ ကဲ့ရဲ့သင့်သူကို ချီးမွမ်းတတ်ကြောင်း၊ ချီးမွမ်းသင့်သူကို ကဲ့ရဲ့တတ်ကြောင်း မိန့်ဆိုထားပုံ။ [၅၁] ပုထုဇဉ်တို့ ဂတိမြဲစေသော ကုသိုလ်များ၊ [၅၂] မှတ်သားဖွယ် ကောင်းလှ၏။ [၅၃] သင်္ခါရုပပတ္တိသုတ်၊ သဒ္ဓါ၊ သီလ၊ သုတ၊ စာဂ၊ ပညာ ဟူသော ၅-ပါးနှင့် ပြည့်စုံစေပြီးလျှင် သုဂတိဘဝတွင် ရောက်လိုရာဘဝကို တောင့်တရန် ညွှန်ကြားထား၏။
ဗာလပဏ္ဍိတသုတ်၌ [၅၄] ၎င်းတို့၏ အပြစ်နှင့် အကျိုးကို အကျယ်ဟောထား၏၊ မှတ်သားဖွယ် ကောင်းလှ၏။ ဗာလပဏ္ဍိတယူပုံ၊ ဗာလပဏ္ဍိတသုတ်၊ ပုထုဇဉ်မှန်သမျှကို ဗာလ၊ ရဟန္တာကို ပဏ္ဍိတ-ဟု ဖွင့်ပြထား၏။ [၅၅]
ဘယူပရတနိဒ္ဒေသ၌ [၅၆] ဘေးကြီးလေးပါးဖြစ်သည့်
- ဒုဂ္ဂတိဘယ၊
- ဝဋ္ဋ၊
- ကိလေသ၊
- ဥပဝါဒဘယ
၄-ပါးကို ပုထုဇဉ်တို့ ကြောက်၍ သေက္ခပုဂ္ဂိုလ်တို့မှာ ဘေးကြီးလေးပါးကို ကြောက်ရွံ့သည့် မကောင်းမှုမှ ရှောင်ကြဉ်ကြကြောင်း၊ ရဟန္တာပုဂ္ဂိုလ်တို့ကား ၎င်းဘေးကြီးလေးပါးကို အကြွင်းမရှိ ပယ်ပြီးဖြစ်၍ မကြောက်တော့ကြောင်း ဟောထား၏။
Remove ads
[၅၇] အနရိယဝေါဟာရသုတ်များ၊ [၅၈] ဝေါဟာရသုတ်၊ [၅၉] ။ [၆၀] ။ အနရိယဝေါဟာရ ၁၂-ချက်။
- မုသာဝါဒ၊
- ပိသုဏဝါစာ၊
- ဖရုသဝါစာ၊
- သမ္ဖပ္ပလာပဝါစာ ဤ ၄-ချက်မှာ သိသာလှသည်။
- အဒိဋ္ဌေ ဒိဋ္ဌဝါဒိတာ၊ (မမြင်သည်ကို မြင်၏ ဟု ပြောဆိုခြင်း။)
- အသုတေ သုတဝါဒိတာ၊ (မကြားသည်ကို ကြား၏ ဟု ပြောဆိုခြင်း။)
- အမုတေ မုတဝါဒိတာ၊ (မတွေ့သည်ကို တွေ့၏ ဟု ပြောဆိုခြင်း။) (ဂန္ဓာရုံ၊ ရသာရုံ၊ ဖောဋ္ဌဗ္ဗာရုံကို မုတ ဟုမှတ်)
- အဝိညာတေ ဝိညာတဝါဒိတာ၊ (မသိသည်ကို သိ၏ ဟု ပြောဆိုခြင်း။)
- ဒိဋ္ဌေ အဒိဋ္ဌဝါဒိတာ၊ (မြင်သည်ကို မမြင် ဟု ပြောဆိုခြင်း။)
- သုတေ အဿုတဝါဒိတာ၊ (ကြားသည်ကို မကြားဟု ပြောဆိုခြင်း။)
- မုတေ အမုတဝါဒိတာ၊ (တွေ့သည်ကို မတွေ့ ဟု ပြောဆိုခြင်း။)
- ဝိညာတေ အဝိညာတဝါဒိတာ၊ (သိသည်ကို မသိ ဟု ပြောဆိုခြင်း။)
Remove ads
သေဋ္ဌဓမ္မပဥှ၌ [၆၁] လူအရိယာပုဂ္ဂိုလ်တို့က ပုထုဇဉ် ရဟန်း၊ သာမဏေတို့အား ရှိခိုးရပုံကို ရှင်းပြခန်း။
ပုထုဇဉ်တို့၏ သဒ္ဓါတရားတွင် အဇာတသတ်မင်း၏ သဒ္ဓါတရားနှင့်တူသော သဒ္ဓါတရားရှိသူ မရှိကြောင်းမိန့်ဆိုထားပုံ။ [၆၂]
ဂတိနိမိတ်ထင်လာမှ ပုထုဇဉ်မှန်း သိပြီး အားထုတ်လိုက်ရာ သမသီသိရဟန္တာဖြစ်သွားသော ဆန္ဒထေရ် အကြောင်း၊ ဆန္နသုတ်။ [၆၃]
ရဟန္တာသာမဏေတို့က ပုထုဇဉ်ရဟန်းတို့အပေါ်၌ ဝတ်ကြီးဝတ်ငယ် ပြုကြရသည်သာ ဖြစ်ကြောင်း။ [၆၄]
ပုထုဇဉ်ရဟန်းတော်တို့၏ ဂုဏ်ပုဒ် ၂၀-ကို ရေတွက်ပြပုံ။ [၆၅]
Remove ads
ကိုးကား
Wikiwand - on
Seamless Wikipedia browsing. On steroids.
Remove ads