အုန်းမောင် (ဝန်ကြီး)

ဝန်ကြီးအငြိမ်းစား From Wikipedia, the free encyclopedia

အုန်းမောင် (ဝန်ကြီး)
Remove ads

ဦးအုန်းမောင် သည် ဟိုတယ်နှင့် ခရီးသွားလာရေး ဝန်ကြီးဌာန၏ ပြည်ထောင်စုဝန်ကြီးဟောင်းဖြစ်သည်။ ရှမ်းတိုင်းရင်းသားတစ်ဦးဖြစ်ပြီး ဟိုတယ်နှင့် ခရီးသွားလာရေးလုပ်ငန်းရှင်တစ်ဦးလည်းဖြစ်သည်။

အချက်တိုများ သီရိပျံချီ အုန်းမောင်, ဟိုတယ်နှင့် ခရီးသွားလာရေး ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ...
Remove ads

အစောပိုင်းဘဝ

ဦးအုန်းမောင်ကို ၁၉၄၇ခုနှစ် ဇူလိုင် ၂၀ရက်နေ့တွင် ညောင်ရွှေမြို့၌ ဖွားမြင်ခဲ့သည်။ ထို့နောက် တောင်ကြီးကောလိပ်တွင် ရူပဗေဒဖြင့် ဒုတိယနှစ်အထိ တက်ရောက်ခဲ့သည်။ ၁၉၇၆ခုနှစ်တွင် ညောင်ရွှေမြို့၌ အင်းလေးအင်းဟုအမည်ရသော တည်းခိုရိပ်သာ စတင်ဖွင့်လှစ်ခဲ့သည်။ ၁၉၉၃ခုနှစ်တွင် တိုးဒီအင်းလေးခရီးသွား ကုမ္ပဏီကို တည်ထောင်ခဲ့သည်။

နိုင်ငံရေး

၁၉၈၈ခုနှစ်တွင် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်သို့ ဝင်ရောက်ခဲ့ပြီး မြို့နယ်ဥက္ကဋ္ဌ ဖြစ်လာသည်။ ထို့နောက် ၁၉၉၀ပြည့်နှစ် ရွေးကောက်ပွဲတွင် ညောင်ရွှေမြို့နယ်မှ ဝင်ရောက်ယှဉ်ပြိုင်ခဲ့သည်။ အနိုင်ရရှိခဲ့သော်လည်း ရွေးကောက်ပွဲရလဒ် ဖျက်သိမ်းခြင်း ခံခဲ့ရသည်။ ၁၉၉၁ခုနှစ်တွင် စစ်ခုံရုံးက ထောင်ဒဏ် ၁၀နှစ် ချမှတ်ခဲ့သော်လည်း ၁၉၉၂ခုနှစ်တွင် ပြန်လည်လွတ်မြောက်လာခဲ့သည်။ ၂၀၁၂ခုနှစ်တွင် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်သို့ ပြန်လည်ဝင်ရောက်ခဲ့ပြီး ၂၀၁၅ရွေးကောက်ပွဲတွင်မူ ပါတီအောင်နိုင်ရေးအတွက် ပံ့ပိုးခဲ့သည်။[]

ဝန်ကြီးဘဝ

၂၀၁၅ရွေးကောက်ပွဲတွင် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်မှ အနိုင်ရရှိပြီးနောက် သမ္မတအဖြစ်ရွေးချယ်ခံရသည့် ဦးထင်ကျော်မှ တင်သွင်းသော ဝန်ကြီးအမည်စာရင်းတွင် ဦးအုန်းဝင်း ပါဝင်ခဲ့သည်။ ထို့နောက် လွှတ်တော်က အတည်ပြုခဲ့သဖြင့် ၂၀၁၆ခုနှစ် မတ်လ ၃၀ရက်နေ့တွင် ဟိုတယ်နှင့် ခရီးသွားလာရေးဝန်ကြီး ဖြစ်လာခဲ့သည်။ ၂၀၂၁ခုနှစ် ဖေဖော်ဝါရီလ ၁ရက်နေ့တွင် တပ်မတော်မှ အာဏာသိမ်းယူမှု ဖြစ်ပွားခဲ့ပြီး ထိန်းသိမ်းခြင်း ခံခဲ့ရသည်။[]

ခေတ္တထိန်းသိမ်းခံရပြီးနောက် ၎င်းအား စစ်ကောင်စီ က မည်သည့်ပုဒ်မနှင့်မှ အမှုဖွင့်အရေးယူခြင်းမရှိဘဲ ပြန်လွတ်ပေးသည်။ယင်းနောက် စစ်ကောင်စီက (၇၅) နှစ်မြောက် စိန်ရတုလွတ်လပ်ရေးနေ့ အထိမ်းအမှတ်ဂုဏ်ထူးဆောင်ဘွဲ့များ ချီးမြှင့်အပ်နှင်းခြင်းတွင် ဦးအုန်းမောင်ကိုလည်း သီရိပျံချီဘွဲ့ ထည့်သွင်းအပ်နှင်းသည်။ ၂၀၂၃ ခုနှစ် ဇန်နဝါရီ ၁၁ရက်တွင်  နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးတင်ဦးလွင်နှင့် နေပြည်တော်တိုင်းစစ်ဌာနချုပ်တိုင်းမှူး ဗိုလ်ချုပ်ဇော်ဟိန်းတို့က  ဟိုတယ်နှင့်ခရီးသွားလာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးဟောင်း ဦးအုန်းမောင်ထံသို့ သီရိပျံချီဘွဲ့ သွားအပ်နှင်းရာ ၎င်းကိုယ်တိုင်လက်ခံခဲ့သည်။ []

Remove ads

ကိုးကား

Loading related searches...

Wikiwand - on

Seamless Wikipedia browsing. On steroids.

Remove ads