အောင်ကြည်သိန်း

မွန်ပြည်နယ်ဝန်ကြီးချုပ် (၂၀၂၃-လက်ရှိ) From Wikipedia, the free encyclopedia

Remove ads

ဦးအောင်ကြည်သိန်း (၁၉၅၈ ဖွား) သည် မွန်လူမျိုး နိုင်ငံရေးသမား တစ်ဦး ဖြစ်ပြီး မွန်ပြည်နယ် ၏ လက်ရှိ ဝန်ကြီးချုပ်ဖြစ်သည်။[] သူသည် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ အမာခံလည်း ဖြစ်ပြီး လွှတ်တော်အမတ် လည်း ဖြစ်ခဲ့သည်။

အချက်တိုများ သီရိပျံချီ၊ ဦး အောင်ကြည်သိန်း, မွန်ပြည်နယ် ဝန်ကြီးချုပ် ...
Remove ads

ငယ်ဘဝ

မွန်ပြည်နယ် ချောင်းဆုံမြို့နယ်၊ ကွမ်ရိုက်ကျေးရွာတွင် ဖခင်ဖြစ်သူ ဦးမြမွှေး နှင့် မိခင်ဖြစ်သူ ဒေါ်လှမေ တို့က ၁၉၅၈ခုနှစ် မေလ ၂၉ ရက်တွင် မွေးဖွားသည်။

ပညာရေး

ဦးအောင်ကြည်သိန်းသည် အခြေခံပညာကို မွန်ပြည်နယ် ချောင်းဆုံမြို့နယ် အ.မ.က (ကွမ်ရိုက်)၊ အ.ထ.က (ရွာလွှတ်) နှင့် စက်မှု အ-ထ-က (မော်လမြိုင်) တို့တွင် ပညာသင်ယူခဲ့ပြီး ရန်ကုန်စက်မှုတက္ကသိုလ်မှ B.E (Mechanical) ဘွဲ့ရရှိခဲ့သည်။

ဝန်ထမ်းဘဝ

လယ်ယာစိုက်ပျိုးရေးနှင့်ဆည်မြောင်းဝန်ကြီးဌာန စိုက်ပျိုးရေးဦးစီးဌာနတွင် မြန်မာ့ စိုက်ပျိုးရေးလုပ်ငန်း ဒု-လုပ်ငန်းမှူး (အလုပ်သင်) အဖြစ် ဝန်ထမ်းဘဝကို စတင်ခဲ့ပြီး ညွှန်ကြားရေးမှူး (စီမံ) အထိ တာဝန်ထမ်းကာ အငြိမ်းစားယူသည်။သူသည် အမျိုးသားညီလာခံတွင် နိုင်ငံဝန်ထမ်းကိုယ်စားလှယ်အဖြစ် တာဝန်ထမ်းဆောင်ခဲ့သည်။

နိုင်ငံရေးဖြတ်သန်းမှု

နိုင်ငံဝန်ထမ်းအဖြစ်မှ အငြိမ်းစားယူပြီးသည့်နောက် သူသည် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ ဗဟိုအလုပ်အမှုဆောင်တစ်ဦးဖြစ်လာခဲ့ပြီး မွန်ပြည်နယ် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ ဥက္ကဋ္ဌ တာဝန်ကို ယူခဲ့သည်။[] ၂၀၁၇ ခုနှစ် ကြားဖြတ်ရွေးကောက်ပွဲတွင် မွန်ပြည်နယ်ချောင်းဆုံမြို့နယ်မဲဆန္ဒနယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်နေရာအတွက် ဝင်ရောက်ယှဉ်ပြိုင် အရွေးချယ်ခံခဲ့ရာတွင် အနိုင်ရသည်။[] ပြည်သူ့လွှတ်တော် ရင်းနှီးမြှုပ်နှံမှုနှင့် စက်မှုလက်မှုဖွံ့ဖြိုးတိုးတက်ရေးကော်မတီတွင် အဖွဲ့ဝင်အဖြစ် ထမ်းဆောင်သည်။

၂၀၂၀ ခုနှစ်၊ အထွေထွေရွေးကောက်ပွဲတွင် ချောင်းဆုံမြို့နယ် ပြည်နယ်လွှတ်တော် ကိုယ်စားလှယ်လောင်း အမှတ်(၂) မှ ဝင်ပြိုင်သည်။ အနိုင်မရဘဲ ရှုံးနိမ့်ခဲ့သည်။

Remove ads

ဝန်ကြီးချုပ်ဖြစ်လာပုံ

၂၀၂၁ စစ်အာဏာသိမ်းပြီးနောက် သူ့ကို နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ က မွန်ပြည်နယ်အစိုးရအဖွဲ့ ၏ သယံဇာတရေးရာဝန်ကြီး အဖြစ် တာဝန်ပေးသည်။[] ထို့နောက် မွန်ပြည်နယ်ဝန်ကြီးချုပ် အဖြစ် ၂၀၂၃ ခုနှစ် ဖေဖော်ဝါရီ ၁ ရက်တွင် တာဝန်ပေး၍ ပြည်နယ်ဝန်ကြီးချုပ်ဖြစ်ခဲ့သည်။[]

မိသားစုဘဝ

ဇနီးဖြစ်သူ ဒေါ်ဝင်းမြင့်ရီနှင့် အိမ်ထောင်ကျခဲ့ပြီး သားနှစ်ဦး ထွန်းကားသည်။

ဂုဏ်ပြုခံရခြင်း

၂၀၂၅ ခုနှစ်၊ ဧပြီလ ၁၇  ရက် တွင် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ မင်းအောင်လှိုင်က ၎င်းအား စွမ်းဆောင်မှုဆိုင်ရာ ဂုဏ်ထူးဆောင်ဘွဲ့ဖြစ်သည့် သီရိပျံချီဘွဲ့ကို အပ်နှင်းချီးမြှင့်သည်။[]

ကိုးကား

Loading related searches...

Wikiwand - on

Seamless Wikipedia browsing. On steroids.

Remove ads