အေးပက်

From Wikipedia, the free encyclopedia

အေးပက်
Remove ads

အေးပက် (APEC)၏ အမည်အပြည့်အစုံမှာ အာရှ ပစိဖိတ် စီးပွားရေး ပူးပေါင်းဆောင်ရွက်ရေး အဖွဲ့အစည်း(Asia-Pacific Economic Cooperation) ဖြစ်ပြီး ပစိဖိတ်သမုဒ္ဒရာ ပတ်လည်ရှိ အဖွဲ့ဝင် ၂၁ နိုင်ငံက ဒေသတွင်း ကုန်သွယ်ရေး၊ ရင်းနှီးမြှုပ်နှံမှု စသည့် စီးပွားရေး လွတ်လပ်မှု ပိုလာစေရေးအတွက် ညှိနှိုင်းဆွေးနွေးကြသည့် ဖော်ရမ် (forum) ဖြစ်သည်။ အေးပက်၏ ရည်မှန်းချက်မှာ ဒေသတွင်း စီးပွားရေး တိုးမြှင့်ရေးဖြစ်သည်။ အဖွဲ့ဝင်နိုင်ငံများသည် ကမ္ဘာ့လူဦးရေ၏ ၄၀ %၊ ပြည်တွင်းကုန်ထုတ်တန်ဖိုး (GDP) ၅၄ % ခန့်နှင့် ကုန်သွယ်ရေး ၄၄ % ခန့် ပိုင်ဆိုင်ထားသည်။[]

အချက်တိုများ ဖွဲ့စည်းခြင်း, အမျိုးအစား ...

အေးပက် အလွတ်တန်း ထိပ်သီးဆွေးနွေးပွဲကို အဖွဲ့ဝင်နိုင်ငံများက နှစ်စဉ် အလှည့်ကျ ကျင်းပလေ့ရှိသည်။ သို့သော်လည်း တရုတ်၏ ကန့်ကွက်မှုကြောင့် အဖွဲ့ဝင်ဖြစ်သည့် ချိုင်းနီးစ်ထိုင်ပေ (ထိုင်ဝမ်) မှာမူ နိုင်ငံတော် အကြီးအကဲ ကိုယ်တိုင် ထိပ်သီးဆွေးနွေးပွဲကို တက်ရောက်ခွင့်မရှိပဲ သမ္မတမှ နှစ်စဉ် အထူးကိုယ်စားလှယ်ကို ခန့်အပ်ကာ တက်ရောက်စေသည်။၂၀၀၁ ခုနှစ် တရုတ်ပြည် ရှန်ဟိုင်းမြို့တွင် ကျင်းပသည့် အေပက် ထိပ်သီးဆွေးနွေးပွဲကိုမူ နိုင်ငံရေး အကြောင်းအရင်းကြောင့် ထိုင်ဝမ်ဘက်မှ သမ္မတ၏ အထူးကိုယ်စားလှယ်ကို စေလွှတ်ခဲ့ခြင်း မရှိပေ။ သို့သော်လည်း ၂၀၀၈ ခုနှစ် ပီရူးနှင့် ၂၀၀၉ ခုနှစ် စင်ကာပူ အေးပက်ကိုမူ ဒုတိယ သမ္မတဟောင်း လျန်ကျန့်မှ သမ္မတ မာရင်းကျိုကိုယ်စား တက်ရောက်ခဲ့သည်။ လျန်ကျန့်မှာလဲ ယင်းအလွတ်တန်း ထိပ်သီးဆွေးနွေးပွဲကို ထိုင်ဝမ်ကိုယ်စား တက်ရောက်ခဲ့သည့် ရာထူးအဆင့်အမြင့်ဆုံး အထူးကိုယ်စားလှယ်ဖြစ်သည်။

အေးပက် အလွတ်တန်း ထိပ်သီးဆွေးနွေးပွဲ၏ ထူးခြားချက်မှာ အဖွဲ့ဝင် နိုင်ငံအကြီးအကဲများက အိမ်ရှင်နိုင်ငံ၏ ရိုးရာဝတ်စုံကို ဝတ်ဆင်ကာ အမှတ်တရ ဓာတ်ပုံရိုက်ကြခြင်း ဖြစ်သည်။

Remove ads

အဖွဲ့ဝင်များ

Thumb
တောင်ကိုးရီးယားသမ္မတဟောင်းရိုမူးဟွန်းသည်ထိုအချိန်ကဂျပန်ဝန်ကြီးချုပ်ရှင်ဇိုအေဘီနှင့်အမေရိကန်သမ္မတဟောင်းဂျော့ခ်ျ ဒဗလျူဘုရှ်တို့နှင့်အတူဟနွိုင်းတွင် APEC 2006 ၌ ပြုလုပ်ခဲ့သည်။

လက်ရှိတွင် အေးပက် အဖွဲ့ဝင် ၂၁ ဦးရှိပြီး အဖွဲ့ဝင်များအား အင်္ဂလိပ်ဘာသာဖြင့် (Member economy) ဟု ခေါ်ဝေါ်သည်။

နောက်ထပ် အချက်အလက်များ အဖွဲ့ဝင်, ဝင်ရောက်သည့်နှစ် ...
Remove ads

ထိပ်သီးအစည်းအဝေးများ

အာရှ-ပစိဖိတ် စီးပွားရေး ပူးပေါင်း ဆောင်ရွက် မှု သည် နှစ်စဉ် ဒေသတွင်း ကုန်သွယ် မှု တိုးတက် မှု များ အပေါ် ဆွေးနွေး ရန် အဖွဲ့ဝင် စီးပွားရေး ခေါင်းဆောင် များ အတူတကွ စုဝေး ကြ မည့် အစည်းအဝေး ထိပ်သီး အစည်းအဝေး တစ် ခု ကျင်းပ လိမ့်မည် ၊ တိုင်းပြည် တည်နေရာ က ကျပန်း ဆုံးဖြတ် ခဲ့ သည် ။

နောက်ထပ် အချက်အလက်များ #, နှစ်နှင့်ရက်စွဲ ...
Remove ads

ကိုးကား

ပြင်ပလင့်ခ်များ

Loading related searches...

Wikiwand - on

Seamless Wikipedia browsing. On steroids.

Remove ads