ကျိုင်းတောင်းရွာ၊ ပြင်ဦးလွင်မြို့နယ်
From Wikipedia, the free encyclopedia
Remove ads
ကျိုင်းတောင်းရွာ (အင်္ဂလိပ်: Kyaingtaung)သည် မန္တလေးတိုင်းဒေသကြီး၊ ပြင်ဦးလွင်ခရိုင်၊ ပြင်ဦးလွင်မြို့နယ်၊ ဟိုလိပ်ကျေးရွာအုပ်စု၌ တည်ရှိသည်။ ရွာနေရာကုတ်မှာ ၁၈၉၈၆၅ ဖြစ်သည်။ ၂၀၁၄ သန်းခေါင်စာရင်းအရ ဟိုလိပ်ကျေးရွာအုပ်စုတွင် ကျား ၁၆၁၁ ဦး၊ မ ၁၅၈၉ ဦး၊ လူဦးရေ စုစုပေါင်း ၃၂၀၀ ဦးနေထိုင်သည်။ [၁] မြောက်ဘက်တွင် ရှမ်းကုန်းမြင့်၊ ဒေသအခေါ် စော်ဘွားတောင်၊ အနောက်ဘက်တွင် နားလင်းအုပ်စု၊ အရှေ့ဘက်တွင် ရှမ်းပြည်နယ်နှင့် မန္တလေးတိုင်းဒေသကြီး နယ်စပ်မျဉ်း၊ တောင်ဘက်တွင် နယ်မြေ (၂) ဘော်ရွာ အုပ်စုတို့နှင့် ထိစပ်နေသည်။
ဓနုလူမျိုးများ နေထိုင်ကြသည်။ မြောက်ဘက်တွင်ရှိသော စော်ဘွားတောင် ဘုရားပွဲကို တပေါင်းလပြည့်တွင် ကျင်းပကြသည်။ တောင်ဘက်တွင် နားလင်စေတီကုန်းတော်မှာ အရင်ကထင်ရှားသော်လည်း၊ ယခုတွင် ပျက်စီးစပြုနေပြီဖြစ်သည်။
Remove ads
စီးပွားရေး
အဓိက မှာ စိုက်ပျိုးရေးဖြစ်ပါသည်။
လမ်းခရီး ဖွံ့ဖြိုးမှု
ပြင်ဦးလွင်မြို့နှင့် ၁၂ မိုင်ခန့် ဝေးကွာပြီး ကျောက်ချောလမ်းဖြင့် ဆက်သွယ်ထားသည်။ ပြင်ဦးလွင်မြို့ သို့ သွားရာတွင် သရက်ကုန်းရွာ၊ သင်ဂတုံရွာ၊ ရေမောင်းကုန်းရွာ၊ အင်းလျားရွာ၊ ကျီးကိုင်ရွာ၊ ရေချမ်းအိုးရွာ တို့ကို ဖြတ်သွားရပြီး ပဒေသာမြို့သစ် ချယ်ရီလမ်းထိပ်သို့ ရောက်ရှိဝင်ရောက်သည်။ ၂၀၁၉ ခုနှစ်တွင် လျှပ်စစ်မီးရရှိရန် လုပ်ဆောင်လျက်ပြီး ၂၀၁၉ခုနှစ် ဧပြီလ ၂၆ရက်တွင် လျှပ်စစ်မီးရရှိထားသည်။ အိမ်ခြေ ၁၂၀ခန့် ရှိသည်။ ကတ္တရာလမ်းကား ပြင်ဦးလွင်မှ ဟိုလိပ် ကျေးလက်ကျန်းမာရးေဌာနအထိ သွားလာနိုင်ပါသည်။
Remove ads
ဒေသ သဘာဝ ပွဲတော်
ကျိုင်းတောင်းရွာဦးကျောင်းတွင် နှစ်စဉ် တပေါင်းလပြည့်နေ့ကျော်တွင် ဝိပသာနာတရားစခန်းလည်း နှစ်စဉ်ပြုလုပ်လျက်ရှိသည်။ ထို့ပြင် စော်ဘွားတောင် ဘုရားပွဲကိုလည်း နှစ်စဉ်တပေါင်းလပြည့်ေန့တွင် ကျင်းပကြသည်။ တောင်တတ်ခရီးစဉ်အဖြစ် ခြေလျင်၊ ဆိုင်ကယ်၊ကား နှစ်သက်ရာဖြင့်တတ်ရောက်နိုင်ပါသည်။
ကိုးကား
Wikiwand - on
Seamless Wikipedia browsing. On steroids.
Remove ads