စော်ဘွားကြီးကုန်း

From Wikipedia, the free encyclopedia

Remove ads

ရန်ကုန်တိုင်းဒေသကြီး အင်းစိန်မြို့နယ်အတွင်းရှိ ပြည်လမ်း၊ လမ်းသစ်လမ်းနှင့် အင်းစိန်ဘူတာရုံလမ်းတို့ ဆုံရာတစ်ဝိုက်ကို စော်ဘွားကြီးကုန်းဟု ခေါ်ဆိုသည်။ စော်ဘွားကြီးကုန်းသည် ရှေးနှစ်ပေါင်းများစွာကပင် သိင်္ဂုတ္တရကုန်းတော်ကို ဝန်းရံနေသည့် ကုန်း ၉၉ ကုန်း ၌ အပါအဝင် ဖြစ်ကြောင်း ဆိုကြ၏။ အင်းဝမင်းဆက်ကို စတင်တည်ထောင်သူ သတိုးမင်းဖျား လက်ထက်တွင် ရှမ်းစော်ဘွားမောင်နှမ သုံးဦးတို့သည် စော်ဘွားကြီးကုန်း၏ တောင်ဘက်၌ ဟော်နန်းဆောက်လုပ် နေထိုင်သည်။ ယခု မင်္ဂလာဒုံလေယာဉ်ကွင်းနေရာသည် သီရိကဉ္စန နှင့် ကျမိုင်းသီဟရာဇာတို့၏ ဟော်နန်းနေရာ ဖြစ်သည်။ ၁၉၅၀ ပြည့်နှစ်လွန်များတွင် ဆေးဝင်္ကဘာဆရာတော်သည် စော်ဘွားကြီးကုန်း အရပ်သို့ ကြွရောက် သာသနာပြုလုပ်ငန်းများ လုပ်ဆောင်စဉ် ဘိုးတော်စော်ဘွားကြီးက များစွာ အကူအညီပေးခဲ့သည် ဆို၏။ ယခုအခါ စော်ဘွားကြီး ဝိဇ္ဇာဘိုးတော် စံနန်းမှာ ဆေးဝင်္ကဘာဘုရားဝင်း အတွင်း၌ တည်ရှိလေသည်။[]

အချက်တိုများ စော်ဘွားကြီးကုန်း, စော်ဘွားကြီးကုန်းရပ်ကွက် ...

အင်းစိန်မြို့နယ် အတွင်း ကုန်းကြီး ၉ ကုန်း (တောင်သူကုန်း၊ ရှမ်းကုန်း၊ ဇီးအုံ့ကုန်း၊ နံ့သာကုန်း၊ ပိန္နဲကုန်း၊ ဈေးကုန်း၊ဘိုကုန်း၊ဒညင်းကုန်း၊စော်ဘွားကြီးကုန်း) တွင် တစ်ခု အပါအဝင် ဖြစ်သည်။

Remove ads

ကိုးကား

Loading related searches...

Wikiwand - on

Seamless Wikipedia browsing. On steroids.

Remove ads