ဒိုဒိုငှက်

ငှက်မျိုးစိတ်များ (မျိုးသုဉ်း) From Wikipedia, the free encyclopedia

ဒိုဒိုငှက်
Remove ads

ဒိုဒိုငှက် (အင်္ဂလိပ်: Dodo) (Raphus cucullatus) သည် အိန္ဒိယသမုဒ္ဒရာအတွင်းရှိ မောရစ်ရှနိုင်ငံ၏ ကျွန်းတွင် နေထိုင်သော မျိုးသုဉ်းပျောက်ကွယ်သွားပြီဖြစ်သည့် မပျံသန်းနိုင်သောငှက် မျိုးစိတ်ဖြစ်သည်။ ဒိုဒိုငှက်နှင့် မျိုးရိုးဗီဇ အနီးစပ်ဆုံးတူသည့် Rodrigues solitaire ဟုခေါ်သောငှက်မှာလည်း မျိုးသုဉ်းပျောက်ကွယ်ခဲ့ပြီ ဖြစ်သည်။ လက်ရှိ ဒိုဒိုငှက်နှင့် အနီးစပ်ဆုံး ဆွေမျိုးတော်စပ်သော သက်ရှိထင်ရှားငှက်မှာ နီကိုဘာခို ဖြစ်သည်။ ဒိုဒိုငှက်ဖြူသည် တချိန်က Réunion ကျွန်းအနီးတွင် တည်ရှိခဲ့ဖူးသည်ဟု တွေးထင်ထားခဲ့ကြသော်လည်း ယခုအခါ ထင်ယောင်ထင်မှားတစ်ခုသာဖြစ်သည်ဟု ယုံကြည်ကြသည်။

အချက်တိုများ ထိန်းသိမ်းစောင့်ရှောက်ရေး အဆင့်အတန်း, မျိုးရိုးခွဲခြားခြင်း ...

ကျောက်ဖြစ်ရုပ်ကြွင်းများအရ ဒိုဒိုငှက်သည် ၁ မီတာ (၃ ပေ ၃ လက်မ) ရှည်ပြီး အလေးချိန်မှာ ၁၀.၆–၁၇.၅ kg (၂၃–၃၉ lb) ခန့်ရှိသည်။ ဒိုဒိုငှက်၏ ပုံစံကို တွေ့ရသည့် သက်သေအထောက်အထားမှာ ၁၇ ရာစုနှစ်တွင် ရေးဆွဲထားသော ပုံတူပန်းချီများမှသာ ဖြစ်ကြသည်။ ပုံတူပန်းချီများမှာ ကွဲပြားနေသောကြောင့် ပုံတူဆွဲရာတွင် ဒိုဒိုငှက်၏ ပုံစံအတိအကျကို မသိရပေ။ ယင်းငှက်၏ အပြုအမူကိုလည်း အနည်းငယ်သာ သိရသည်။ ဒိုဒိုငှက်သည် မောရစ်ရှနိုင်ငံ၏ ခြောက်သွေ့သော ကမ်းခြေဧရိယာများရှိ သစ်တောတွင် နေထိုင်သည်ဟု ယုံကြည်ရသည်။ ဥ ၁ လုံးတည်းသာ ဥသည်ဟု အချို့က ဆိုကြသည်။ ဒိုဒိုငှက်များ မပျံသန်းတတ်သည်မှာ အနီးအနားတွင် အန္တရာယ်ပြုမည့် သားရဲတိရစ္ဆာန်များ မရှိခြင်း၊ အစာရေစာပေါများခြင်းကြောင့်ဟု ယုံမှတ်ကြသည်။

၁၅၉၈ ခုနှစ်တွင် ဒတ်ချ်သင်္ဘောသားများက ဒိုဒိုငှက်အကြောင်းကို ပထမဆုံး မှတ်တမ်းတင်ခဲ့သည်။ ယင်းခုနှစ်အလွန်များတွင် ဒိုဒိုငှက်သည် သင်္ဘောသားများ၊ အခြားကျူးကျော်မျိုးစိတ်များ၏ အမဲလိုက်ခြင်းကို ခံခဲ့ရပြီး သူတို့၏ကျက်စားလည်း ဖျက်ဆီးခံခဲ့ရသည်။ ဒိုဒိုငှက်အား နောက်ဆုံးမြင်ခဲ့ရသည်မှာ ၁၆၆၂ ခုနှစ်ဟု အများက လက်ခံထားသည်။ ဒိုဒိုငှက် မျိုးသုဉ်းပျောက်ကွယ်မှုကို ချက်ချင်း သတိမပြုမိကြပေ။ အချို့က ယင်းမှာ ဒဏ္ဍာရီပုံပြင်ဟု မှတ်ယူခဲ့ကြသည်။ ရာစုနှစ်တစ်ခုစာမရှိသော အချိန်ကာလအတွင်း ဒိုဒိုငှက်၏ မျိုးသုဉ်းပျောက်ကွယ်မှုကို ရှာဖွေတွေ့ရှိခြင်းသည် လူသားတို့ကြောင့် မျိုးစိတ်တစ်ခုလုံး ပျောက်ကွယ်သွားခဲ့ရသည့် သတိမမူမိသောပြဿနာအား လူသိများလာစေခဲ့သည်။ ဒိုဒိုငှက်သည် မျိုးသုဉ်းပျောက်ကွယ်မှု၏ ပြယုဂ်တစ်ခုအဖြစ် မကြာခဏ အသိမှတ်ပြုခံရလာခဲ့သည်။

Remove ads

ကိုးကား

Loading related searches...

Wikiwand - on

Seamless Wikipedia browsing. On steroids.

Remove ads