နိုင်ငံတော်အတိုင်ပင်ခံရုံးဝန်ကြီးဌာန
From Wikipedia, the free encyclopedia
Remove ads
နိုင်ငံတော်အတိုင်ပင်ခံရုံး ဝန်ကြီးဌာန (အင်္ဂလိပ်: Ministry of State Counsellor’s Office) သည် မြန်မာနိုင်ငံ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်၏ လုပ်ငန်းဆောင်တာများကို တာဝန်ခံသော ဝန်ကြီးဌာန ဖြစ်သည်။[၂][၃]၂၀၂၁ခုနှစ် ဖေဖော်ဝါရီလ ၁ရက်နေ့တွင် နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဖမ်းဆီးထိန်းသိမ်းခံခဲ့ရပြီး နောက်ပိုင်းတွင် ဝန်ကြီး ဦးကျော်တင့်ဆွေပါ ထိန်းသိမ်းခံခဲ့ရသည်။[၄]ထို့နောက် ၂၀၂၁ခုနှစ် ဖေဖော်ဝါရီလ ၂၂ရက်နေ့တွင် အာဏာသိမ်းစစ်ကောင်စီမှ ဝန်ကြီးဌာနနှင့် ရုံးအားဖျက်သိမ်းခဲ့သည်။[၅]
Remove ads
သမိုင်းကြောင်း
၂၀၁၆ခုနှစ်တွင် အစိုးရအသစ် တက်လာပြီးနောက် ဒေါ်အောင်ဆန်းစုကြည်မှာ နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဖြစ်လာခဲ့သည်။ ထို့နောက်တွင် နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်အား တာဝန်ခံရသည့် နိုင်ငံတော်အတိုင်ပင်ခံရုံးကို ဝန်ကြီးဌာနအဆင့် ဖြင့် ဖွဲ့စည်းရန် သမ္မတဦးထင်ကျော်က လွှတ်တော်သို့ သဝဏ်လွှာ ပေးပို့ခဲ့သည်။ ၎င်းတို့အစိုးရအသစ်က ဖော်ဆောင်မည့် အမျိုးသားရင်ကြားစေ့ရေး၊ ပြည်တွင်းငြိမ်းချမ်းရေး၊ နိုင်ငံတော်ဖွံ့ဖြိုးတိုးတက်ရေးနှင့် တရားဥပဒေစိုးမိုးရေး စသည့်ကဏ်ဍများအား လုပ်ဆောင်ရာတွင် ထိရောက်အောင်မြင်နိုင်ရန် လုပ်ငန်းတာဝန်များအား ဆက်စပ်ဆောင်ရွက်ပေးမည့် ဝန်ကြီးဌာနတစ်ခု လိုအပ်သောကြောင့် ဖွဲ့စည်းပေးနိုင်ပါရန် တင်ပြခဲ့သည်။[၆][၇] ထို့နောက် လွှတ်တော်က သဘောတူခဲ့သဖြင့် ၂၀၁၆ခုနှစ် မေလ ၁၇ရက်နေ့တွင် ဝန်ကြီးဌာနကို ဖွဲ့စည်းခဲ့ကာ ဦးကျော်တင့်ဆွေအား ဝန်ကြီးအဖြစ် ခန့်အပ်ခဲ့သည်။
Remove ads
ဖျက်သိမ်းခြင်း
စစ်အာဏာသိမ်းမှုအပြီးတွင် ၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီ ၁၉ ရက်နေ့တွင် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ အမိန့်အမှတ် ၇၄/၂၀၂၁ ဖြင့် ဝန်ကြီးဌာနကို ဖျက်သိမ်းခဲ့သည်။[၈]
ဦးစီးဌာနများ
- ပြည်ထောင်စုဝန်ကြီးရုံး
- ပြည်ထောင်စုငြိမ်းချမ်းရေးဖော်ဆောင်ရေးဦးစီးဌာန
- မူဝါဒရေးရာဦးစီးဌာန
အကြီးအကဲများ
ဝန်ကြီးများစာရင်း
ဒုတိယဝန်ကြီးများစာရင်း
Remove ads
ကိုးကား
Wikiwand - on
Seamless Wikipedia browsing. On steroids.
Remove ads