ပါရာရွာ၊ ပလက်ဝမြို့နယ်

From Wikipedia, the free encyclopedia

ပါရာရွာ၊ ပလက်ဝမြို့နယ်
Remove ads

ပါရာရွာ(အင်္ဂလိပ်: Para, မရာချင်း: Para)သည် ချင်းပြည်နယ်မတူပီခရိုင်ပလက်ဝမြို့နယ်ပါရာကျေးရွာအုပ်စု ၌ တည်ရှိသည်။ ရွာနေရာကုတ်မှာ ၁၆၅၄၇၉ ဖြစ်သည်။ ၂၀၁၄ သန်းခေါင်စာရင်းအရ ပါရာကျေးရွာအုပ်စုတွင် ကျား ၂၅၁ ဦး၊ မ ၂၉၄ ဦး၊ လူဦးရေ စုစုပေါင်း ၅၄၅ ဦး နေထိုင်သည်။ []

အချက်တိုများ ပါရာ, ပါရာရွာ ...
Remove ads

သမိုင်းအကျဉ်း

ပါရာရွာကို ခရစ်နှစ် ၁၉၁၈ ခုနှစ်၌ အိမ်ခြေ (၁၀)စုဖြင့်ပါရာရွာသူရွာသားများက စတင်ရွာတည်ခဲ့ကြသည်။ ပါရာရွာသူရွာသားများသည် ဆဘောင်(ဆဘောင်းတယ်)မှ ပြောင်းလာကြစဉ် မီး ချောင်း (တီးဆီချာင်း) သည် သူတို့အလိုရှိရာအရပ်သို့ သွားမည့်လမ်းကိုဖြတ်လျှက်စီးဆင်းနေသည်။ ထို့ကြောင့်ထိုသူတို့သည် ၎င်းချောင်းကို ဖြတ်ကျော်နိုင်ဖို့ရန် ရှည်လျားသော ဝါးတံတားကို ဆောက်လုပ်ကြသည်။ ထိုတံတားတည်ဖို့ရန်အတွက် "ဝ" သဏ္ဌာန်ရှိကျီ (စပါးကျီ) ကိုပြုလုပ်ကြ၍ အထဲ၌ကျောက်ခဲများကိုထည့်ကာ ၎င်းကျီကို ချောင်းကူးတံတားတိုင်အဖြစ်အသုံးပြုကြသည်။ ကျီကိုပြုလုပ်ရာတွင် ဝါးကိုဖြန့်ကာ အတွင်းပိုင်းရှိအဖြူရောင်အပိုင်းကို အပြင်ဘက်ထား၍ပြုလုပ်ကြသဖြင့် ကျီ၏အရောင်သည် အဖြူရောင်ဖြစ်နေသည်။ "ပါ" ဆိုသည်မှာ စပါးကျီဖြစ်၍ "ရာ" ဆိုသည်မှာ အဖြူရောင်ကို ညွှန်းဆိုခြင်းဖြစ်သည်။ ထို့ကြောင့် ပါရာဆိုသည်မှာ အဖြူရောင်စပါးကျီဟု အဓိပ္ပါယ်ရသည်။ ပါရာရွာမတည်မီ ပါရာရွာသူရွာသားများသည် တစ်ရွာပြီးတစ်ရွာ ပြောင်းခဲ့ကြကာရွာနာမည်များကိုလည်း အမျိုးမျိုးမှည့်ခဲ့ကြသည်ည်။

တိထုရွာ (၁၉၁၈ - ၁၉၂၁)

ဆဘောင်(ဆဘောင်းတယ်)ရွာမှ စတင်ရွှေ့ပြောင်းလာခဲကြစဉ်၌ တိထုချောင်းအနီး၌ ရွာတည်ခဲ့ကြသောကြောင့် ရွာနာမည်ကို တိထုရွာ ဟုမှည့်ခေါ်ခဲ့ကြရခြင်းဖြစ်သည်။

ဂျန်စံရွာ (၁၉၂၁ - ၁၉၂၆)

တိထုရွာ၌နေခဲ့ကြရစဉ်တွင် အင်္ဂလိပ်အစိုးရက နယ်မြေကို အိန္ဒိယနိုင်ငံနှင့် မြန်မာနိုင်ငံဟု ခွဲခြားခဲ့သည်။ ထိုအစဉ်က မရာလူမျိုးတို့သည် ထိုသို့ခွဲခြားခြင်းခံခဲ့ကြရမည်ဟု မမျှော်လင့်ခဲကြပေ။ အင်္ဂလိပ်အစိုးရက တိထုရွာသားများအား မြန်မာနိုင်ငံ၌ နေချင်သလော့၊ အိန္ဒိယနိုင်ငံ၌နေချင်သလော့ ဟုမေးသည်တွင် သူတို့က မြန်မာနိုင်ငံ၌ နေချင်ြကကြောင်းလျှောက်တင်ခဲ့ကြရာ ခရစ်နှစ် ၁၉၂၁ခုနှစ်တွင် ဂျန်စံတောင်သို့ရွှေ့ပြောင်းလာခဲ့ကြသည်။ ထို့ကြောင့် ရွာနာမည်ကို ဂျန်စံရွာဟု ခေါ်ခဲ့ကြခြင်းဖြစ်သည်။

ပါရာရွာ (၁၉၂၆-၁၉၉၅)

အိမ်ခြေနှင့် လူဦးရေတိုးပွားလာသည်နှင့်အမျှ ဂျန်စံရွာသားများသည် ရေကြည်ရာမြက်နုရာအရပ်ကို ရှာဖွေကြလျှက် ဂျန်စံနှင့် ဟွန်လေ တောင်တို့ဆုံစည်းရာနေရာ၌ ရွာတည်ခဲ့ကြပြန်ကာ၊ ၎င်းရွာကို ပါရာရွာဟုခေါ်ခဲ့ကြသည်။

တလန်ပီးရွာ (ကလိရွာ)

မြင့်မားပြီးကြီးမားသောတောင်ဖြစ်သော တလန်ပီး(ကလိ)တတောင်၌ ရွာတည်ခဲ့ကြသောကြောင့် ရွာအား တလန်ပီးရွာ သို့မဟုတ် ကလိရွာ ဟုမှည့်ခေါ်ခဲ့ကြရခြင်းဖြစ်သည်။


နန်ဂိုရွာ (၁၉၆၄ - ၁၉၆၈)

နာဂိုရွာ၌ သုံးနှစ်နီးပါးမျှနေထိုင်ခဲ့ကြသည်။ နန်ဂိုတောင်၌ ရွာတည်ခဲ့ကြရသောကြောင့် ရွာနာမည်အား နန်ဂိုရွာဟု မှည်ခေါ်ခဲ့ကြရခြင်းဖြစ်၏။

ပိုင်ပိုရွာ (၁၉၆၈ - လက်ရှိ)

နာဂိုရွာ၌ နေထိုင်ကြသော ရပ်မိရပ်ဖများနှင့် ကလိရွာ၌နေထိုင်ကြကုန်သော ရပ်မိရပ်ဖများ၏ ဆုံးဖြတ်ချက်အရ ၁၉၆၈ခုနှစ်၊ မတ်လ၊ ၂၁ရက် နေ့တွင် ပိုင်ပိုရွာ(လက်ရှိပါရာရွာ)သို့ စုပေါင်းနေထိုင်ခဲ့ကြသည်။ (ပိုင်ပို ဆိုသည်မှာ ကွဲပြားကြသောရွာများ ပြန်လည်စုရုံးကြသည်ဟု ဆျုလိုသည်။ (ပိုင်= ကွဲပြားသည်။ ပို = စုရုံးသည်။)

Remove ads

ကိုးကား

Loading related searches...

Wikiwand - on

Seamless Wikipedia browsing. On steroids.

Remove ads