မတူပီခရိုင်

From Wikipedia, the free encyclopedia

မတူပီခရိုင်map
Remove ads

မတူပီခရိုင် (အင်္ဂလိပ်: Matupi District) သည် ချင်းပြည်နယ်တွင် ပါဝင်သောခရိုင်ဖြစ်သည်။ ခရိုင်ရုံးစိုက်ရာမြို့မှာ မတူပီမြို့ဖြစ်သည်။[][]

အချက်တိုများ မတူပီခရိုင်, နိုင်ငံ ...
Remove ads

ပါဝင်သောမြို့နယ်များ

Thumb
မတူပီခရိုင်မြို့နယ်များ
  မတူပီမြို့နယ်

မတူပီခရိုင်တွင် ပါဝင်သည့် မြို့နယ်များနှင့် မြို့များမှာ အောက်ပါအတိုင်းဖြစ်သည်။

ပလက်ဝမြို့နယ်သည် ၂၀၂၂ခုနှစ် ဧပြီလတွင် ပလက်ဝခရိုင်အဖြစ် အဆင့်တိုးသွားခဲ့သည်။

သမိုင်းကြောင်း

ယခင်က မင်းတပ်ခရိုင်တွင် မင်းတပ်မြို့နယ်ကန်ပက်လက်မြို့နယ်မတူပီမြို့နယ်နှင့် ပလက်ဝမြို့နယ်တို့ဖြင့် ဖွဲ့စည်းထားသည်။ ပြည်သူ့လွှတ်​တော် ပထမအကြိမ် လွှတ်တော်သက်တမ်းအတွင်း ပလက်ဝမြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်မှ ပလက်ဝမြို့နယ်အား ခရိုင်အဆင့်တိုးမြှင့်ရန် အစီအစဉ်ရှိမရှိ မေးမြန်းခဲ့သည်။ ထိုအကြောင်းကို ပြည်ထောင်စုလွှတ်တော်မှ ပြည်နယ်အစိုးရအား သဘောထားတောင်းခံသည်။ သို့သော် ပြည်နယ်လွှတ်တော်တွင် ပလက်ဝကို ခရိုင်အဆင့်မြှင့်ရန် သင့်မသင့် မဆွေးနွေးဘဲ မတူပီနှင့် ပလက်ဝမြို့နယ်များအနက် မည်သည့်မြို့နယ်ကို ခရိုင်အဆင့်မြှင့်ရန် မဲခွဲဆုံးဖြတ်ရာ မတူပီမှ ၁၁ မဲ၊ ပလက်ဝမှ ၉ မဲရရှိခဲ့သည်။ နိုင်ငံတော်သမ္မတရုံးမှ ၂၀၁၇ ခုနှစ် ဇွန်လတွင် မင်းတပ်ခရိုင်ကို မူလ ၄ မြို့နယ်မှ မင်းတပ်မြို့နယ်နှင့် ပလက်ဝမြို့နယ်တို့ ပါဝင်သော မင်းတပ်ခရိုင်၊ မတူပီမြို့နယ်နှင့် ပလက်ဝမြို့နယ်တို့ပါဝင်သော မတူပီခရိုင်အဖြစ် ခရိုင်(၂)ခုပြောင်းလဲဖွဲ့စည်းခြင်းကို မှတ်တမ်းတင်ရန် ပြည်ထောင်စုလွှတ်တော်ထံသို့ အကြောင်းကြားခဲ့သည်။ ထို့​ကြောင့် ချင်းပြည်နယ်တွင် ခရိုင် (၄)ခုအထိ ရှိလာခဲ့သည်။ သို့သော် တစ်နှစ်အကြာ ၂၀၁၈ ခုနှစ်အထိ မြေနေရာအခက်အခဲကြောင့် ခရိုင်အဆင့်ရုံးနှင့်ဝန်ထမ်းများ ခန့်အပ်ထားနိုင်ခြင်းမရှိသေးဘဲ မြို့နယ်ရုံးများတွင်သာ ယာယီဖွင့်လှစ်ထားခဲ့ရသည်။[][][]

၂၀၂၂ခုနှစ် ဧပြီလ (၃၀) ရက်​​နေ့တွင် တစ်နိုင်ငံလုံး အတိုင်းအတာဖြင့် ခရိုင်များ တိုးချဲ့ဖွဲ့စည်းရာ မတူပီခရိုင်မှ ပလက်ဝမြို့နယ်ကို ခရိုင်အဆင့် တိုးမြှင့်ပြီး ပလက်ဝခရိုင် ဟု ဖွဲ့စည်းခဲ့သည်။[]

Remove ads

ပထဝီဝင်အနေအထား

နယ်နိမိတ်

မြောက်ဘက်တွင် ဟားခါးခရိုင်နှင့် အိန္ဒိယနိုင်ငံမှ မီဇိုရမ်ပြည်နယ်၊ အရှေ့ဘက်တွင် မကွေးတိုင်းမှ ဂန့်ဂေါခရိုင်၊ တောင်ဘက်တွင် ရခိုင်ပြည်နယ်မှ မောင်တောခရိုင်နှင့် မြောက်ဦးခရိုင်၊ အနောက်ဘက်တွင် ဘင်္ဂလားဒေ့ရှ်နိုင်ငံမှ စစ်တကောင်းဒေသတို့ တည်ရှိသည်။

မြေမျက်နှာသွင်ပြင်

မတူပီနယ်တွင် မြင့်မားသောတောင်တန်းများတည်ရှိကာ အမြင့်ဆုံးတောင်မှာ (၈၉၆၁)ပေရှိ လုံထိန်းတောင်ဖြစ်သည်။ ပလက်ဝနယ်အတွင်းတွင် တောင်ကုန်း၊ တောင်စွယ်များ တည်ရှိကာ မတ်စောက်ပြီး အောက်ခြေတွင် မြေပြန့်လွင်ပြင်ငယ်များရှိသည်။ ကီမိုတောင်၊ ကားတောင်တို့မှာ ထင်ရှားကာ ပျှမ်းမျှအမြင့်ပေ ၃၇၀၀ရှိသည်။

ရေဆင်း

ခရိုင်အတွင်း မြစ်ချောင်းများ ပေါများပြီး လေးမြို့မြစ်နှင့် ကုလားတန်မြစ် (ကစ္ဆပနဒီမြစ်)တို့မှာ ထင်ရှားသည်။ ပီချောင်း၊ ကုလက်ချောင်း၊ ရှင်းလက်ချောင်း၊ မီးချောင်း၊ ပလက်ချောင်း၊ ရူးချောင်းများလည်း တည်ရှိသည်။ ကုလားတန်မြစ်မှာ ဟားခါးမြို့အနီး မြစ်ဖျားခံ၍ သီးမြစ်၊ ဘွေနူးမြစ် စသည့်အမည်များဖြင့် စီးဆင်းခဲ့ကာ အိန္ဒိယနိုင်ငံတွင် သီးပီးမြစ်အမည်ဖြင့် စီးဆင်းသည်။ ထို့နောက် မြန်မာပြည်အတွင်း ပြန်လည်စီးဆင်းပြီး ရခိုင်ပြည်နယ်မှနေ၍ ဘင်္ဂလားပင်လယ်အော်အတွင်း စီးဝင်းသည်။

လူဦးရေ

၂၀၁၄သန်းခေါင်စာရင်းကောက်ယူချိန်တွင် မတူပီခရိုင်ကို ဖွဲ့စည်းထားခြင်းမရှိသေးဘဲ မင်းတပ်ခရိုင်လက်အောက်တွင်သာ ရေတွက်ထားသည်။ လက်ရှိမတူပီခရိုင်တွင်ပါဝင်သည့် မတူပီမြို့နယ်နှင့် ပလက်ဝမြို့နယ်များ (ထိုစဉ်ကမြို့နယ်ခွဲများအပါအဝင်) ၏၂၀၁၄ခုနှစ် လူဦးရေမှာ (၁၄၈,၄၀၄)ဦး ဖြစ်သည်။ ပလက်ဝမြို့နယ်သည် မတူပီမြို့နယ်ထက် လူနေပိုထူထပ်သည်။ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၏ နှစ်စဉ်အစီရင်ခံစာများအရ ၂၀၁၉ခုနှစ်တွင် မတူပီမြို့နယ်တွင် ၆၂,၉၆၂ဦး၊ ပလက်ဝမြို့နယ်တွင် ၁၀၈,၇၂၈ဦးရှိရာ မတူပီခရိုင်၏ ခန့်မှန်းလူဦးရေမှာ (၁၇၁,၆၉၀)ဦးဖြစ်သည်။ချင်းလူမျိုးများအများဆုံးနေထိုင်ပြီး ခရစ်ယာန်ဘာသာ အများဆုံးကိုးကွယ်ကြသည်။ ပလက်ဝနယ်ဘက်တွင် ရခိုင်လူမျိုးများပါ နေထိုင်ကြပြီး ဗုဒ္ဓဘာသာကို ဒုတိယအများဆုံး ကိုးကွယ်ကြသည်။

Remove ads

စီးပွားရေး

မတူပီခရိုင်သည် ချင်းပြည်နယ်အတွင်း စီးပွားရေးနှေးကွေးသော ခရိုင်ဖြစ်သည်။ ခရိုင်နေလူထုသည် စိုက်ပျိုးရေးနှင့် ဝန်ဆောင်မှုလုပ်ငန်းများ လုပ်ကိုင်ကြသည်။ နှမ်း၊ မြေပဲ၊ ချင်း၊ ဝဥနှင့် ဂမုန်းတို့ကို ရခိုင်ပြည်နယ်မှနေ၍ မန္တလေးတိုင်းဒေသကြီးသို့ တင်သွင်းကြသည်။

ပို့ဆောင်ဆက်သွယ်ရေး

ချင်းပြည်နယ်သည် တောင်ကုန်း၊ တောင်တန်း ထူထပ်များပြားသဖြင့် လမ်းပန်းဆက်သွယ်ရေး ခက်ခဲခဲ့သည်။ ယခုအခါတွင် လမ်းပန်းဆက်သွယ်ရေးများ တိုးတက်လာသော်လည်း ခက်ခဲနေဆဲဖြစ်သည်။ မတူပီခရိုင်တွင် မတူပီမြို့နယ်မှ ချင်းပြည်နယ်ရှိ အခြားမြို့များနှင့် မကွေးတိုင်းရှိမြို့များသို့ မော်တော်ကားလမ်းဖြင့် ဆက်သွယ်သွားလာနိုင်သော်လည်း ခရိုင်အတွင်းရှိ ပလက်ဝမြို့နယ်နှင့် ဆက်သွယ်ရန် ခက်ခဲသည်။ ပလက်ဝမြို့နယ်သည် ရခိုင်ပြည်နယ်မြောက်ပိုင်းသို့ မော်တော်ကားလမ်းရှိကာ ထိုလမ်းသည် မြို့နယ်အတွင်းရှိ ပလက်ဝဆမီးလိုင်လင်းပီမြို့များသို့ တစ်ဆက်တည်းသွားလာနိုင်သည်။ လိုင်လင်းပီမြို့မှ မတူပီမြို့နယ်ရှိ ရေဇွာမြို့သို့ မြို့နယ်ချင်းဆက်လမ်းရှိသော်လည်း လမ်းခရီးခက်ခဲသည်။

၂၀၁၈ခုနှစ်တွင် လိုင်လင်းပီမြို့၌ ဒေါက်တာဆာဆာဦးဆောင်သော Health and Hope အဖွဲ့က နိုင်ငံတကာအကူအညီဖြင့် လေယာဉ်ကွင်းငယ် တည်ဆောက်ခဲ့သည်။ ထိုလေယာဉ်ကွင်းသည် မြန်မာနိုင်ငံ၏ ပထမဆုံးသော ပုဂ္ဂလိက လေယာဉ်ကွင်း ဖြစ်လာခဲ့သည်။[]

Remove ads

ပညာရေး

၂၀၁၄သန်းခေါင်စာရင်းအရ အသက်(၁၅)နှစ်နှင့်အထက် စာတတ်မြောက်သူ ၇၀ရာခိုင်နှုန်းကျော်ရှိသည်။ ပလက်ဝဒေသရှိ ကလေးငယ်များသည် နိုင်ငံရေးနှင့် လမ်းပန်းဆက်သွယ်ရေး အခြေအနေများကြောင့် ပညာသင်ကြားခွင့်များ ဆုံးရှုံးခြင်း၊ ခက်ခဲခြင်းများ ဖြစ်ပေါ်လေ့ရှိသည်။[][]

ကျန်းမာရေး

မတူပီမြို့နယ်တွင် ကုတင်(၅၀)ဆံ့ မြို့နယ်ဆေးရုံ၊ (၁၆)ကုတင်ဆံ့ တိုက်နယ်ဆေးရုံ (၃)ရုံ၊ ပလက်ဝမြို့နယ်တွင် ကုတင်(၅၀)ဆံ့ မြို့နယ်ဆေးရုံ၊ (၁၆)ကုတင်ဆံ့ တိုက်နယ်ဆေးရုံ (၂)ရုံ တည်ရှိသည်။ ပလက်ဝနယ်တွင် နေထိုင်သူများသည် လမ်းပန်းဆက်သွယ်ရေး ခက်ခဲသဖြင့် ကလေးငယ်များ ဝမ်းရေဂါဖြင့် သေဆုံးခြင်း၊ အမျိုးသမီးများ မီးဖွားချိန်သေဆုံးခြင်းများ ရှိတတ်သည်။ လိုင်လင်းပီမြို့တွင် ယခင်က အိန္ဒိယနိုင်ငံဘက်သို့သွား၍ ကျန်းမာရေးစောင့်ရှောက်မှုခံယူရသည် များလည်း ရှိခဲ့သည်။[]လိုင်လင်းပီမြို့ရှိ ​လေယာဉ်ကွင်းကို အသုံးပြုလာနိုင်ပါက ကျန်းမာ​ရေး​စောင့်​ရှောက်မှု မြင့်တက်လာနိုင်သည်။

Remove ads

ကိုးကား

Loading related searches...

Wikiwand - on

Seamless Wikipedia browsing. On steroids.

Remove ads