ပါးစပ်ဖြင့် လိင်ဆက်ဆံခြင်း

From Wikipedia, the free encyclopedia

ပါးစပ်ဖြင့် လိင်ဆက်ဆံခြင်း
Remove ads

ပါးစပ်ဖြင့် လိင်ဆက်ဆံခြင်း (အင်္ဂလိပ်: Oral sex သို့မဟုတ် oral intercourse) ဆိုသည်မှာ လူတစ်ဦး၏ လိင်အင်္ဂါအား အခြားတစ်ဦးမှ ပါးစပ် (နှုတ်ခမ်း၊ လျှာ သို့မဟုတ် သွားများ အပါအဝင်) ဖြင့် နိုးဆွလှုံ့ဆော်သော လိင်ပိုင်းဆိုင်ရာ အပြုအမူဖြစ်သည်။ အမျိုးသမီး အပြင်လိင်အင်္ဂါအား ပါးစပ်ဖြင့် လိင်ဆက်ဆံခြင်းကို ဘာဂျာမှုတ်ခြင်း (Cunnilingus) ဟု ခေါ်ပြီး လိင်တံအား ပါးစပ်ဖြင့် လိင်ဆက်ဆံခြင်းကို ပုလွေမှုတ်ခြင်း (fellatio) ဟု ခေါ်သည်။[][] ပါးစပ်ဖြင့် လိင်ဆက်ဆံခြင်းတစ်မျိုးဖြစ်သော စအိုအား ပါးစပ်ဖြင့် လှုံ့ဆော်ပေးခြင်းကို စအိုအား ပါးစပ်ဖြင့် ဆက်ဆံခြင်း (Anilingus) ဟု ခေါ်သည်။[]

Thumb
အမျိုးသမီးတစ်ဦးက ပုလွေမှုတ်ခြင်း (fellatio) ပြုလုပ်နေစဉ်

ယောနိ သို့မဟုတ် စအိုဖြင့် လိင်ဆက်ဆံခြင်း ကဲ့သို့သော အခြားသော လိင်ဆက်ဆံမှု အပြုအမူများ မပြုလုပ်မီ လိင်စိတ် နိုးထစေရန်အတွက် လိင်မဆက်ဆံမီ နမ်းရှုပ်သုံးသပ်ခြင်းအနေဖြင့် ပါးစပ်ဖြင့် လိင်ဆက်ဆံခြင်းကို ပြုလုပ်လေ့ရှိသည်။[][] အခြားသော လိင်ဆက်ဆံခြင်း အပြုအမူများကဲ့သို့ပင် ပါးစပ်ဖြင့် လိင်ဆက်ဆံခြင်းသည် လိင်မှတဆင့် ကူးစက်တတ်သော ရောဂါများ ကူးစက်နိုင်သည့် အခွင့်အလမ်းရှိနေသည်။ သို့သော်လည်း ယောနိ သို့မဟုတ် စအိုဖြင့် လိင်ဆက်ဆံခြင်းများထက် အိတ်ချ်အိုင်ဗွီ ကူးစက်နိုင်မှုမှာ သိသာစွာ နည်းပါးသည်။[][][]

ပါးစပ်ဖြင့် လိင်ဆက်ဆံခြင်းကို ဘာသာရေး၊ ယဉ်ကျေးမှုအရ တားမြစ်ထားခြင်း ရှိနိုင်သော်လည်း[] နိုင်ငံအများစုတွင် ဥပဒေထုတ်ကာ တားမြစ်ထားခြင်းများ မရှိပေ။ အတွးအမြင် အမျိုးမျိုးကွဲပြားသော်လည်း ယေဘုယျအားဖြင့် ပါးစပ်ဖြင့် လိင်ဆက်ဆံခြင်းသည် နှစ်ဦးစလုံး၏ လူပျိုအပျိုစင်ဖြစ်ခြင်းအပေါ် သက်ရောက်မှုမရှိဟု လူအများက လက်ခံကြသည်။[][][][၁၀] လူများအနေဖြင့် ပါးစပ်ဖြင့် လိင်ဆက်ဆံမှု ခံယူခြင်း သို့ ပြုလုပ်ပေးခြင်း အပေါ် အနုတ်ဆောင်သော အတွေးများရှိနိုင်ခြင်း၊ သို့မဟုတ် ယင်းသို့ပြုမူရန် ငြင်းဆိုခြင်းများ ရှိနေနိုင်သည်။[]

Remove ads

ပြုလုပ်ခြင်း

ပါးစပ်ဖြင့် လိင်ဆက်ဆံခြင်းကို မည်သည့် လိင်စိတ်မဆို ခံယူသူများက ပြုလုပ်နိုင်သည်။

ပုံစံများ

ပါးစပ်ဖြင့် လိင်ဆက်ဆံခြင်းသည် အခြားသူတစ်ဦး၏ လိင်အင်္ဂါကို ပါးစပ်ဖြင့် လိင်ပိုင်းဆိုင်ရာ လှုံ့ဆော်မှုပေးခြင်း ဖြစ်ပြီး ပုံစံမျိုးစုံဖြင့် ဆောင်ရွက်နိုင်သည်။ မျက်နှာပေါ် ထိုင်ခြင်းတွင် လက်ခံသူသည် ပြုလုပ်ပေးသူ၏ မျက်နှာအပေါ်တွင် ထိုင်ကာ သူတို့၏ လိင်အင်္ဂါဖြင့် ထည့်သွင်းခြင်း ဖြစ်သည်။ ဆက်ဆံဖော်နှစ်ဦးစလုံးက တပြိုင်နက်တည်း ပါးစပ်ဖြင့် လိင်ဆက်ဆံခြင်းကို "ခြောက်ဆယ့်ကိုး" ပုံစံ ဟု ခေါ်သည်။ ဆက်ဆံဖော်၏ ပါးစပ်တွင်းသို့ အခြားဆက်ဆံဖော်၏ လိင်တံကို အတင်းအကြပ်ထိုးသွင်းခြင်းအား Irrumatioဟု ခေါ်သည်။ တစ်ကိုယ်ရေ အာသာဖြေခြင်းများတွင် အလိုအလျောက် ပုလွေမှုတ်ခြင်း (autofellatio) နှင့် အလွန်တရာ ခန္ဓာကိုယ်ပျော့ပျောင်းသော အမျိုးသမီးများတွင် ဖြစ်နိုင်သည့် အလိုအလျောက် ဘာဂျာမှုတ်ခြင်း (autocunnilingus) များလည်း ရှိသည်။[၁၁]

အုပ်စုလိုက် လိင်ဆက်ဆံခြင်းတွင် အမျိုးသမီးတစ်ဦးက အမျိုးသားများစွာအား ပါးစပ်ဖြင့် လိင်ဆက်ဆံပေးခြင်းကို gangsuck, blowbang သို့မဟုတ် lineup ဟုခေါ်သည်။

လူပျိုအပျိုရည် ထိန်းသိမ်းခြင်း

Thumb
အမျိုးသမီးတစ်ဦးက အမျိုးသားနှစ်ဦးအား ပါးစပ်ဖြင့် လိင်ဆက်ဆံနေဟန် ၁၇ ရာစု လက်ရာ ပန်းပု

အထူးသဖြင့် လိင်ကွဲအတွဲများတွင် လူပျိုအပျိုရည် ထိန်းသိမ်းခြင်းအနေဖြင့် ပါးစပ်ဖြင့် လိင်ဆက်ဆံခြင်းကို ပြုလုပ်ကြသည်။ ယင်းကို technical virginity (စအိုဖြင့် လိင်ဆက်ဆံခြင်း၊ လက်ဖြင့် လိင်ဆက်ဆံခြင်းနှင့် အခြားသော မထိုးသွင်းသော လိင်ဆက်ဆံခြင်းများပါဝင်ပြီး လိင်တံ-ယောနိ လိင်ဆက်ဆံခြင်း မပါဝင်သော) ဟု ခေါ်သည်။[][][][၁၂] "technical virginity" ၏ အယူအဆ သို့မဟုတ် ပါးစပ်ဖြင့် လိင်ဆက်ဆံခြင်းဖြင့် လိင်ဆက်ဆံမှု ရှောင်ကြဉ်ခြင်းသည် ဆယ်ကျော်သက်များအကြား ထင်ရှားသည်။[၁၃][၁၄]

ပါးစပ်ဖြင့် လိင်ဆက်ဆံခြင်းသည် သူတို့၏ လူပျိုရည်ကို ထိန်းသိမ်းသည့် နည်းလမ်းဟု ခံယူထားသည့် ဂေးအမျိုးသားများသည် လိင်တံ-စအို ထိုးသွင်းခြင်းကို လူပျိုရည်ပျက်သည်ဟု လက်ခံထားကြပြီး အခြားသော ဂေးအမျိုးသားများမှာ ပါးစပ်ဖြင့် လိင်ဆက်ဆံခြင်းသည် သူတို့၏ တစ်ခုတည်းသော လိင်အပြုအမူအဖြစ် သတ်မှတ်သည်။[][၁၅] အလားတူပင် လူပျိုအပျိုရည်ဆုံးရှုံးခြင်း၏ အဓိပ္ပာယ်ကို အမျိုးမျိုး ဖွင့်ဆိုထားကြသော်လည်း အမျိုးသမီးချင်း လိင်တူဆက်ဆံသည့် အတွဲများတွင် ပါးစပ်ဖြင့် လိင်ဆက်ဆံခြင်း သို့မဟုတ် လက်ချောင်းဖြင့် လိင်ဆက်ဆံခြင်းဖြင့် အပျိုရည်ဆုံးရှုံးသည်ဟု လက်ခံထားကြသည်။[][၁၀][၁၆]

Thumb
အမျိုးသားနှစ်ဦးအကြား ပါးစပ်ဖြင့်လိင်ဆက်ဆံနေပုံ (၁၈ ရာစု)

ပဋိသန္ဓေတားခြင်းနှင့် စိတ်ချရသော လိင်ဆက်ဆံမှု

ပါးစပ်ဖြင့် လိင်ဆက်ဆံခြင်းသည် ကိုယ်ဝန်မရစေနိုင်သဖြင့် လိင်ကွဲစုံတွဲများတွင် ပဋိသန္ဓေ တားဆီးရန် ရည်ရွယ်ချက်ဖြင့် ပါးစပ်ဖြင့် လိင်ဆက်ဆံခြင်းကို ပြုလုပ်ကြသည်။[][၁၇][၁၈] သန္ဓေတည်ရန်အတွက် လိင်တံမှ သုက်ကောင်သည် သားအိမ်နှင့် သားဥပြွန်အတွင်း ဝင်ရောက်ကာ မမျိုးဥနှင့် ပေါင်းစပ်ရမည် ဖြစ်သည်။ လူသားများတွင် အစာအိမ်နှင့် အူလမ်းကြောင်း စနစ်နှင့် မျိုးပွားစနစ်တို့အကြား ဆက်သွယ်ထားခြင်း မရှိပေ။ အမျိုးသမီးမှ မျိုချလိုက်သော သုက်ကောင်ကို သူမ၏ အစာအိမ်ရှိ အက်ဆစ်များနှင့် အူသိမ်ရှိ ပရိုတိန်းများက ချေဖျက်မည် ဖြစ်သည်။ သို့သော်လည်း သုက်ရည်သည် တစ်နည်းနည်းဖြင့် မိန်းမ မျိုးပွားအင်္ဂါနှင့် ထိတွေ့မိပါက ကိုယ်ဝန်ရစေနိုင်သော အန္တရာယ်ရှိနေနိုင်သည်။

ပါးစပ်ဖြင့် လိင်ဆက်ဆံခြင်းကို လိင်မှတဆင့် ကူးစက်တတ်သော ရောဂါများအား ကာကွယ်ရန် အကျိုးရှိသော နည်းလမ်းတစ်ခုအနေဖြင့် မသတ်မှတ်ထားသော်လည်း အချို့သော လိင်မှတဆင့် ကူးစက်တတ်သော ရောဂါများသည် ဤနည်းလမ်းမှ ကူးစက်နိုင်ရန် အခွင့်အလမ်းနည်းပါးသည်ဟု ယုံကြည်ကြရာ ပါးစပ်ဖြင့် လိင်ဆက်ဆံခြင်းအား စိတ်ချရသော လိင်ဆက်ဆံမှုနည်းလမ်းတစ်ခုအဖြစ် အကြံပြုထားကြသည်။[၁၉][၂၀][၂၁] အမေရိကန်ပြည်ထောင်စုတွင် ပါးစပ်ဖြင့် လိင်ဆက်ဆံနေစဉ်အတွင်း အကာအကွယ်မသုံးစွဲခြင်းသည် ထိရောက်မှုရှိသည်ဟု အစားအသောက်နှင့် ဆေးဝါးကွပ်ကဲရေးဌာနက ဆုံးဖြတ်ထားသည်။[၂၂] သို့သော်လည်း ပုလွေမှုတ်ခြင်းအတွက် ကွန်ဒုံး သို့မဟုတ် ဘာဂျာမှုတ်ခြင်းအတွက် သွားဖုံးကာကဲ့သို့သော အကာအကွယ်များကို ပါးစပ်ဖြင့် လိင်ဆက်ဆံခြင်းအတွက် အကာအကွယ်အနေဖြင့် အသုံးပြုနိုင်သည်။[၁၄]

Remove ads

ကိုးကား

Loading related searches...

Wikiwand - on

Seamless Wikipedia browsing. On steroids.

Remove ads