မြန်မာ့စက်မှုဖွံ့ဖြိုးရေး ဝန်ကြီးဌာန

From Wikipedia, the free encyclopedia

Remove ads

မြန်မာ့စက်မှုဖွံ့ဖြိုးရေး ဝန်ကြီးဌာန (အင်္ဂလိပ်: Ministry of Myanmar Industrial Development[])သည် ဦးသိန်းစိန် အစိုးရလက်ထက် ၂၀၁၁ခုနှစ်မှ ၂၀၁၂ခုနှစ်အထိ ဖွဲ့စည်းခဲ့သော ဝန်ကြီးဌာနတစ်ခုဖြစ်သည်။[][]ဤဝန်ကြီးဌာနကို ထိုစဉ်က နယ်စပ်ရေးရာ ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးဖြစ်သူ ဗိုလ်ချုပ် သိန်းဌေးက ပူးတွဲ တာဝန်ယူခဲ့သည်။

အချက်တိုများ မြန်မာနိုင်ငံအစိုးရအစိုးရအဖွဲ့အစည်း, အစိုးရအဖွဲ့အစည်း အကျဉ်းချုပ် ...
Remove ads

သမိုင်းကြောင်း

၂၀၁၀ အထွေထွေရွေးကောက်ပွဲအပြီးတွင် သမ္မတအသစ်အဖြစ် ရွေးချယ်တင်မြှောက်ခံရသော ဦးသိန်းစိန်က ဝန်ကြီးဌာနအမည်များကို တင်သွင်းရာတွင် ဤဝန်ကြီးဌာနမှာ ပါဝင်ခဲ့သည်။ ယခင် နအဖအစိုးရ လက်ထက်တွင် ဖွဲ့စည်းထားသည့် ဝန်ကြီးဌာန မဟုတ်သည့်အပြင် စက်မှုနှင့် သက်ဆိုင်သော ဝန်ကြီးဌာနများအဖြစ် စက်မှု (၁)နှင့် စက်မှု (၂) ဝန်ကြီးဌာန (၂)ခုလည်း ပါဝင်နေရာ ဤဝန်ကြီးဌာန ဖွဲ့စည်းခြင်း၏ ရည်ရွယ်ချက်ကို မသိရှိခဲ့ကြပေ။ ထို့အပြင် ပြည်ထောင်စုဝန်ကြီးများ အမည်စာရင်းထွက်ပေါ်လာရာတွင် ဤဝန်ကြီးဌာနကို တပ်မတော်ကာကွယ်ရေးဦးစီးချုပ်မှ အမည်စာရင်းတင်သွင်းသော တပ်မတော်သားဝန်ကြီးမှ ကိုင်တွယ်မည်ဖြစ်သည်။ ထိုဝန်ကြီးမှာ ရန်ကုန်စက်မှုတက္ကသိုလ်မှ စက်မှုအင်ဂျင်နီယာဘွဲ့ ရရှိခဲ့သော အင်ဂျင်နီယာတပ်မတော်သားဖြစ်ကာ ဒုတိယဝန်ကြီးများမှာလည်း ထိုတက္ကသိုလ်မှ အင်ဂျင်နီယာဘွဲ့ ရရှိခဲ့သော တပ်မတော်သားအငြိမ်းစားများဖြစ်ကြသည်။ ထို့ကြောင့် ဦးသိန်းစိန်အစိုးရ မတက်လာမီကပင် ဤဝန်ကြီးဌာနကို ဝေဖန်ခဲ့ကြသည်။[]

ဝန်ကြီးဌာနဖွဲ့စည်းသည့် ရည်ရွယ်ချက်အဖြစ် အင်မတန်ကြီးမားသော စီမံကိန်းများ၊ သံရည်ကျိုလုပ်ငန်းများ၊ နိုင်ငံခြားရင်းနှီးမြှပ်နှံမှုများ စသည်ဖြင့် မြန်မာ့စက်မှုကဏ္ဍကို တခေတ်ဆန်းရန်ဟု လွှတ်တော်ကို တင်သွင်းခဲ့သည်။ အစိုးရအဖွဲ့ စတင်ချိန်တွင် ဤဝန်ကြီးဌာနသည် စက်မှုကဏ္ဍ၏ အီလက်ထ​ရောနစ်ပိုင်း၊ လေကြောင်းဆိုင်ရာပိုင်း၊ နည်းပညာအသစ်များ ပေါ်ပေါက်လာရေးများကို ဦးတည် လုပ်ကိုင်သည်။ စက်မှု (၁) ဝန်ကြီးဌာနမှာ လူသုံးကုန်ပစ္စည်များ ထုတ်လုပ်သည့်လုပ်ငန်း၊ စက်မှု (၂) ဝန်ကြီးဌာနမှာ အကြီးစားစက်မှုလက်မှုလုပ်ငန်းများကို ဦးတည် လုပ်ကိုင်ကြသည်။[]

သို့ရာတွင် ၂၀၁၂ခုနှစ်အတွင်း ဤဝန်ကြီးဌာန၏ ဘတ်ဂျက်သုံးစွဲမှုကို လွှတ်တော်နှစ်ရပ်စလုံးမှ ကန့်ကွက်ဆွေးနွေးခဲ့ကြသည်။ဦးသိန်းစိန်အစိုးရ၏ ပထမဆုံးသော ဘဏ္ဍာနှစ်မှာ ယခင်နအဖအစိုးရလက်ထက်က ရေးဆွဲခဲ့သည့် ဘဏ္ဍာနှစ်ဖြစ်ရာ အသစ်ဖွဲ့စည်းထားသော ဤဝန်ကြီးဌာနအတွက် မပါဝင်ပေ။ ထို့ကြောင့် ဤဝန်ကြီးဌာနသည် သမ္မတ၏ အထူးသီးသန့်ရန်ပုံငွေမှ သုံးစွဲရသည်။ အရပ်သားအစိုးရအသစ်ကိုယ်တိုင် ပထမဆုံးအကြိမ် ရေးဆွဲသည့် ၂၀၁၂ - ၂၀၁၃ ဘဏ္ဍာနှစ် ဘတ်ဂျက်တွင် ဤဝန်ကြီးဌာနအတွက် လွှတ်တော်မှ မေးခွန်းထုတ်ခဲ့ကြသည်။ နောက်ပိုင်းတွင် ဤဝန်ကြီးဌာန ဖျက်သိမ်းရေးကို ပြည်ထောင်စုလွှတ်တော်တွင် ဆွေးနွေးခဲ့ကြပြီး ဝန်ကြီးဌာနအတွက် မည်သည့် ဘတ်ဂျက်ငွေကိုမဆို ဆက်မပေးရန် ဆုံးဖြတ်ခဲ့ကြသည်။ ငွေလုံးငွေရင်းဘတ်ဂျက်၊ ဝန်ထမ်းလစာအပါအဝင် သာမန်အသုံးစရိတ် စသည့် ဘတ်ဂျက်အလုံးစုံကို လွှတ်တော်က ဖြတ်တောက်ခဲ့သည်။[]

နောက်ပိုင်းတွင် သမ္မတဦးသိန်းစိန်က ဤဝန်ကြီးဌာနကို ဖျက်သိမ်းရန် လွှတ်တော်သို့ သဝဏ်လွှာ ပေးပို့ခဲ့သည်။[]

ဖျက်သိမ်းခြင်း

၂၀၁၂ခုနှစ် စက်တင်ဘာ ၅ရက်နေ့တွင် မြန်မာ့စက်မှုဖွံ့ဖြိုးရေး ဝန်ကြီးဌာနကို ဖျက်သိမ်းခဲ့သည်။ ဝန်ကြီးဖြစ်သူ ဒုတိယဗိုလ်ချုပ်ကြီး သိန်းဌေးမှာ နယ်စပ်ရေးရာကိုသာ ကိုင်တွယ်တော့ပြီး ဒုတိယဝန်ကြီးများဖြစ်သည့် ဦးဟန်စိန်နှင့် ဦးချန်မောင်တို့ကို သမ္မတရုံးဝန်ကြီးဌာနသို့ ပြောင်းရွှေ့ ခန့်ထားခဲ့သည်။[]

Remove ads

ဝန်ကြီးများ

  • ဒုတိယဗိုလ်ချုပ်ကြီး သိန်းဌေး (၃၀ မတ် ၂၀၁၁ - ၅ စက်တင်ဘာ ၂၀၁၂)

ဒုတိယဝန်ကြီးများ

  • ဦးဟန်စိန်
  • ဦးချန်မောင်

ကိုးကား

Loading related searches...

Wikiwand - on

Seamless Wikipedia browsing. On steroids.

Remove ads