ရာရီတောင်ရွာ၊ ပလက်ဝမြို့နယ်
From Wikipedia, the free encyclopedia
Remove ads
ရာရီတောင်ရွာ(အင်္ဂလိပ်: Rarritaung)၊ (မရာချင်း: Raritla) သည် ချင်းပြည်နယ်၊ မတူပီခရိုင်၊ ပလက်ဝမြို့နယ်၊ ရွှေလိုက်ဝကျေးရွာအုပ်စု၌ တည်ရှိသည်။ ရွာနေရာကုတ်မှာ ၁၆၅၄၆၆ ဖြစ်သည်။ ၂၀၁၄ သန်းခေါင်စာရင်းအရ ရွှေလိုက်ဝကျေးရွာအုပ်စုတွင် ကျား ၄၃၅ ဦး၊ မ ၄၃၇ ဦး၊ လူဦးရေ စုစုပေါင်း ၈၇၂ ဦး နေထိုင်သည်။ [၁]
Remove ads
အမည်ရင်းမြစ်။
မရာလို "Raritlâh", မီဇိုးလို (Ramritlang)အဓိပ္ပာယ်မှာ "နယ်စပ်တောင်" မှာ မရာလို တိုက်ရိုက်အသံထွက်ဖြင့် ရာရီတောင်ရွာနာမည်ဖြစ်လာသည်။ ရာရီတောင်ဆိုသည်မှာ မရာ ဘာသာစကား ဖြစ်ပြီး နယ်နိမိတ်ဟုအဓိပ္ပာယ်ရသည်။ အိန္ဒိယနိုင်ငံနှင် မြန်မာနိုင်ငံနယ်နိမိတ်ကို တင်စားခေါ်ဝေါ်ခြင်းဖြစ်သည်။
တည်နေရာ
ပထမရာရီတောင်ရွာသည် ခေခေါင်တောင်ပေါ်(21°59'19.37"N, 92°57'15.18"E)တွင်လ လည်းကောင်း၊ ဒုတိယရာရီတောင်ရွာသည် (21°56'56.05"N, 92°57'50.31"E)တွင်လည်းကောင်း၊ မြောက်လတ္တီကျူ 21°57'15.12"N, အရှေ့ လောင်ဂျီကျူ 92°58'10.66"E ဒီဂရီ၊ မြောက်လတ္တီကျူ 21°58'4.63"N, 92°58'44.97"E အရှေ့လောင်ဂျီကျူးတွင် တည်ရှိသည်။ တတိယ ရာရီတောင်ရွာသည် ၁၉၉၉ခုနှစ်မှစ၍ ယနေ့နေချိန်ထိ နေထိုင်လျက်ရှိသည်။ ရာရီတောင်ရွာ၏ မြောက်ဘက်တွင် အိန္ဒိယနိုင်ငံနှင့် နယ်နိမိတ်ချင်းထိစပ်နေသည် အရှေ့ဘက်တွင် ပထိန်တလန်တောင်တန်း၊ တောင်ဘက်တွင် ရကန်လွင်ပြင်တို့က ဝန်းရံထားသည်။ အနောက်ဘက်တွင် ရွှေလိုက်ဝကျေးရွာရှိသည်။
မြောက်လတ္တီကျူ 57'43.31"N, အရှေ့ လောင်ဂျီကျူ 92°58'30.60"E တွင်တည်ရှိသော ရာရီတောင်းကျေးရွာရှိ မရာဧဝံဂေလိအသင်းတော် ဘုရားရှိခိုးကျောင်းသည် မြောက်လတ္တီကျူ 21°57'43.31"N, 93° 7'3.01"Eတွင် တည်ရှိသော လိုင်လင်းပီမြို့၊ အစိုးရာအထက်ကျောင်းနှင့် မြောက်လတ္တီကျူး 21°57'43.31"N ဒီကရီ မျဉ်းကြောင်းပေါ်တွင် တတန်းတည်းကျရောက်တည်ရှိနေပြီး မြောက်လတ္တီကျူ 22°29'24.80"N, အရှေ့လောင်ဂျီကျူတွင် 92°58'30.60"E တွင်တည်ရှိသော၊ မြို့မရပ်ကွက်၊ ဆိုင်ဟားမြို့၊ မရာကိုယ်ပ်ချုပ်ခွင့်ရဒေသ၊ မီဇိုးရမ်ပြည်၊ အိန္ဒိယနိုင်ငံ၏ ဧဝံဂေလိသာသနာ အသင်းတော်၊ မရာလဲန်၊ ဘုရားရှိခိုးကျောင်းနှင့် အရှေ့လောင်ဂျီကျူတွင် 92°58'30.60"E မျဉ်းပေါ်တွင် တတန်းတည်းကျရောက်တည်ရှိနေသည်။
Remove ads
သမိုင်းကြောင်း
ရွာတည်ခြင်း
ရာရီတောင်ကျေးရွာ - ၁၉၃၄ ခုနှစ်မှာ မီဇိုးလူမျိုး စတီဗဲလန် ဟိုငုန်း (Stevenla Hualngo)အုပ်စုနှင့် မရာလူမျိုး ဖဘောင်း/ ဆဘောင်း(Fabau/Sabyh)မျိုးနွယ်များမှ ဦးနောင်ခို အာဇွာ(Puhpa Hnaukho Azao)နှင့် ဦးဘီးကျီး ခီထီ (Puhpa Biechi Khithie) အုပ်စု၊ ဇေနှေး မျိုးနွယ်(Zyhno)များက ၁၉၃၄ ခုနှစ်တွင် တည်ထောင်သည်။ ပထမဆုံးရွာသူကြီးသည် စတီဗဲလန် ဖြစ်သည်။ နောက်ပိုင်းတွင် မီဇိုးလူမျိုးများသည် ပထိန်တလန်တောင်ရွာကို တည်ထောင်ပြောင်းရွေးသွားပြီး၊ ဇေနှေးမျိုးများလည်း မူလဇေနှေးရွာကို ပြန်ကုန်သွားပြီဖြစ်သောကြောင့် ဆဘောင်မျိုးနွယ်များသာကျန်ရှိ နေထိုင်ခဲ့သော ရွာဖြစ်လာသည်။ ရာရီတောင်ရွာကို တည်ထောင်ချိန်တွင် ပါဝင်ခဲ့သော ဆဘောင်းမျိုးနွယ်များသည် ဆဘောင်းရွာမှ လန်တေရွာတွင် အခြေချနေထိုင်လာကြသူများ ဖြစ်သည်။ ထိုချိန်ထိုခါက လန်တေရွာတွင် ကျန်ရစ်ခဲ့သော ဖဘောင်းမျိုးနွယ်များသည် ယနေ့ချိန်တွင် တလိုဆိုင်(Tlaosaih)စကားပြောသူများအဖြစ် အသွင်ပြောင်း သွားကြပြီဖြစ်သည်။
မီဇိုးလူမျိုးက ပထိန်တလန်သို့လည်းကောင်း၊ ဇေနှေးလူမျိုးများ မူလမိခင်ဇေနှေးရွာကို လည်းကောင်း ပြောင်းရွေးသွားပြီးနောက် ၁၉၆၈ခုနှစ်ထိ ရွာစတင်ချိန်က ပါဝင်ခဲ့သော ဆဘာင်းမျိုးနွယ်များကို အိမ်ခြေ(၂၀)ကျော်ဖြင့် ရှိနေခဲ့သည်။ ၁၉၆၈နှစ်မှစ၍ ဖဘောင်းရွာ, ပါရာရွာ(Para), ရှာအို(Hra-ao)မှ အိမ်ခြေ(20)ကျော် ကူးပြောင်းလာသဖြင့် ကိုယ်ထူကိုယ်ထ မူလတန်းကျောင်းကိုလည်း ၁၉၇၀ပြည့်နှစ်တွင် စတင်တည်ထောင်လာနိုင်ခဲ့သည်။
ပညာရေး
၁၉၇၀ ခုနှစ်တွင် ကိုယ်ထူကိုယ်ထ မူလတန်းကျောင်းကို စတင်ဖွင့်လျစ်သော ကိုယ်ထူကိုယ်ထကျောင်းသည် ၁၉၇၇ ခုနှစ်တွင် အစိုးရမူလတန်းကျောင်းဖြစ်လာသည်။ ၁၉၉၀ ခုနှစ်တွင် ကိုယ်ထူကိုယ်ထ အလယ်တန်းကျောင်းကို စတင်ဖွင့်လှစ်ပြီး၊ ၂၀၁၃ ခုနှစ်တွင် မူလွန်ကျောင်းဖြစ်လာည်။ ၂၀၁၆ခုနှစ်တွင် အစိုးရ တွဲဖက်အလယ်တန်းကျောင်း ဖြစ်လာသည်။ ၂၀၁၈ ခုနှစ်တွင် တွဲဖက်အလယ်တန်းကျောင်းမှ အစိုးရအလယ်တန်း ကျောင်းဖြစ်လာသည်။
ကိုးကား
Wikiwand - on
Seamless Wikipedia browsing. On steroids.
Remove ads