သင်္ဃန်းကျွန်းမြို့နယ်

မြန်မာနိုင်ငံ၊ ရန်ကုန်မြို့ရှိ မြို့နယ် From Wikipedia, the free encyclopedia

သင်္ဃန်းကျွန်းမြို့နယ်map
Remove ads

သင်္ဃန်းကျွန်းမြို့နယ် (မွန်: ကအ်သၚ် (ဝါ) ကံသၚ်, အင်္ဂလိပ်: Thingangyun Township) သည် ရန်ကုန်မြို့၏ အရှေ့ပိုင်းတွင် တည်ရှိသည်။ သင်္ဃန်းကျွန်းမြို့နယ်၏ မြောက်ဘက်တွင် တောင်ဥက္ကလာပမြို့နယ်၊ အရှေ့ဘက်တွင် ဒဂုံမြို့သစ်မြောက်ပိုင်း၊ အနောက်ဘက်တွင် ရန်ကင်းမြို့နယ်နှင့် တာမွေမြို့နယ်၊ တောင်ဘက်တွင် သာကေတမြို့နယ်တို့ တည်ရှိသည်။

အချက်တိုများ သင်္ဃန်းကျွန်းမြို့နယ်, နိုင်ငံ ...
Remove ads

ခေါ်တွင်ပုံ

မွန်ဘာသာအရ သံဃာကျွန်းဟု အဓိပ္ပာယ်ရသည်။[] သင်္ဃန်းကျွန်းသည် ကံသင်၊ ကအ်သင်-ဆိုသော မွန်ဝေါဟာရမှ ဆင်းသက်လာပြီး ကံ၊ ကအ်-က ကျွန်း၊ သင်-က သင်္ဃာ၊ သင်္ဃာတော်တွေ စုဝေးနေထိုင်ရာဖြစ်၍ သင်္ဃန်းကျွန်း (သင်္ဃာကျွန်း) ခေါ်သည် ဟု အဆိုအမိန့်တွေရှိသည်။ []သင်္ဃန်းကျွန်းသည် "သင်္ဃန်းပင်ကျွန်း"မှ ရွှေ့လျားလာသော အမည်။ [] သင်္ဃန်းကျွန်းမြို့နယ်ကို ရပ်ကွက်ပေါင်း (၃၈)ခုဖြင့် ဖွဲ့စည်းထားသည်။ အစိုးရ မူလတန်းကျောင်း (၄၀) ကျောင်း၊ အလယ်တန်းကျောင်း (၄) ကျောင်း၊ အထက်တန်းကျောင်း (၅) ကျောင်းရှိသည်။

Remove ads

ထင်ရှားသော အဆောက်အအုံများ

သင်္ဃန်းကျွန်းမြို့နယ်တွင် ကျိုက္ကဆံ ဆံတော်ရှင်စေတီ‌တော်၊ ကျိုက်ဒေးယျုံစေတီတော်၊ ရွှေနားပန်ဘုရား၊ သံယုတ်ဘုန်းကြီးကျောင်း၊ စိန့်ဂျိုးဇက်ခရစ်ယာန်ဘုရားကျောင်း၊ သင်္ကန်းကျွန်းပညာရေးဒီဂရီကောလိပ်သွားဘက်‌ဆိုင်ရာဆေးတက္ကသိုလ်(ရန်ကုန်)၊ သုဝဏ္ဏအမျိုးသားအားကစားရုံ၊ သုဝဏ္ဏအမျိုးသားဘောလုံးကွင်၊ သုဝဏ္ဏဘူမိအခမ်းအနားပြင်ဆင်ကျင်းပကွင်း၊ The One Entertainment အခမ်းအနားပြင်ဆင်ကျင်းပကွင်း၊ စံပြဆေးရုံ၊ အောင်ရတနာပုဂ္ဂလိကအထူးကုဆေးရုံ၊ သင်္ဃန်းကျွန်းဈေး၊ စံပြဈေး၊ AKK ဈေးဝယ်စင်တာ၊ City Mart Supermarket၊ Orange Shopping Centerနှင့် အထက(သုဝဏ္ဏ)တို့ရှိသည်။

သင်္ဃန်းကျွန်းမြို့နယ်ရှိ အောက်ဖော်ပြပါအဆောက်အအုံများကို ရန်ကုန်မြို့ရှိ ရှေးဟောင်းအမွေအနှစ်အဖြစ် ထိန်းသိမ်းထားသည်။

နောက်ထပ် အချက်အလက်များ အမည်, အမျိုးအစား ...
Remove ads

ကိုးကား

Loading related searches...

Wikiwand - on

Seamless Wikipedia browsing. On steroids.

Remove ads