သန်းသန်းအေး

From Wikipedia, the free encyclopedia

Remove ads

ဒေါ်သန်းသန်းအေး (၁၉၅၈ ဖွား) သည် အငြိမ်းစားတရားလွှတ်တော်တရားသူကြီးချုပ်တစ်ဦးဖြစ်သည်။ သူမသည် ကယားပြည်နယ်တရားလွှတ်တော် တရားသူကြီးချုပ်အဖြစ် ထမ်းဆောင်ခဲ့သည်။[]

အချက်တိုများ သန်းသန်းအေး, ကယားပြည်နယ်တရားလွှတ်တော် တရားသူကြီးချုပ် ...
Remove ads

ပညာရေး

ရန်ကုန်တက္ကသိုလ် မှနေ၍ ဥပဒေ(LL.B)ဘွဲ့ကို ၁၉၈၂ ခုနှစ်တွင် ရရှိခဲ့သည်။

ဝန်ထမ်းဘဝ

တရားရေးဝန်ထမ်းအဆင့်(၄)ရာထူးမှရန်ကုန်တိုင်းဒေသကြီးတွဲဖက်တိုင်းတရားသူကြီးရာထူးထိ တရားရေးဌာနတွင် (၂၆)နှစ်ကျော်တာဝန်ထမ်းဆောင်ခဲ့သည်။[]

တရားလွှတ်တော်တရားသူကြီးဘဝ

သူမကို သမ္မတဦးသိန်းစိန် က ကယားပြည်နယ်တရားလွှတ်တော် တရားသူကြီး အဖြစ် ၂၀၁၁ မတ်လ ၃၀ တွင် ခန့်အပ်ခဲ့သည်။ထိုတာဝန်ကို ၁၀နှစ်ကျော်အထိ ဆက်တိုက်ထမ်းဆောင်ပြီးနောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီက ကယားပြည်နယ်တရားလွှတ်တော် တရားသူကြီးချုပ်အဖြစ် ၂၀၂၁ ခုနှစ် ဇူလိုင်လ တွင် ခန့်အပ်တာဝန်ပေးခဲ့သည်။ ၂၀၂၃ ခုနှစ် မတ်လ တွင် အသက် ၆၅ နှစ်ပြည့်၍ အငြိမ်းစားယူသည်။[][]

မိသားစုဘဝ

၎င်းသည် အိမ်ထောင်မရှိပါ။

ကိုးကား

Loading related searches...

Wikiwand - on

Seamless Wikipedia browsing. On steroids.

Remove ads